Monday, July 6, 2009

ပဲထမင်း

ပဲထမင်းက ဟို တစ်ပတ် ပိတ်ရက်တုံးက စားတာပါ။ ဒီအပတ် ပိတ်ရက်က စားတာဟုတ်ဘူးနော်။ ပဲထမင်း စားတဲ့သူတွေကလဲ ဟိုနေ့က မျှစ်ချဉ်ခေါက်ဆွဲ စားတဲ့သူတွေပဲနော်။ မျှစ်ချဉ်ခေါက်ဆွဲက တစ်ခါခွဲပဲ စားလိုက်တာနဲ့ကုန်သွားတယ်။ ဒီတော့ ညနေစာကိုပါချက်ဖို့ ပြန်ပြင်ဆင်ကြတယ်။ ဒီတော့ ညနေစာ ဘာစားကြမလဲ။ ကျွန်မမှာ ရှိတာကို ရွတ်ပြလိုက်တယ်။ ပဲနီလေးပဲရှိတယ်။ ပဲထမင်းချက်စားမယ်ပေါ့။ ဒါနဲ့ ကျွန်မနဲ့ မင်းသမီးက Sheng Siong Supermarket သွားပြီး ကြက်သား နဲ့ လိုတာလေးတွေ သွားဝယ်ခဲ့တယ်။ ပြီး ညစာအတွက် ပဲထမင်းလေးချက်စားလိုက်ပါတယ်နော်။ သုံးဆောင်သွားပါအုံးလား။


နေ့လည်စာကို ခေါက်ဆွဲစားကြတယ်။ ညနေကို ဧည့်သည်တွေက ပြန်သေးဘူး။ :D ဒီတော့ ညနေစာအတွက် ပဲထမင်း ပြန်ချက်ကြတယ်။ ခေါက်ဆွဲက ကုန်သွားပြီကွယ်။ အဂ္ဂဘုန်းမေမေ ရေ လက်မတို့လို့ စိတ်စိုးနဲ့အုံးနော်။ အတင်းပြန်ခိုင်းလဲ မပြန်လို့။ ဟီးးးးးးးးး


သရက်သီးအစိမ်း ကို ဗမာသုပ်လေး သုပ်ထားတယ်။ သရက်သီးသုပ်က မင်းသမီးလက်ရာပေါ့။ (ဆီကျက်၊ ပဲကျက်မုန့်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ ငါးပိကင်၊ ပုဇွန်ခြောက်ထောင်း၊ ဆား၊ အချိုမှုန့်ထည့်သုပ်ထားပါတယ်) ကျွန်မက ဘေးနားကနေ နှမ်းဖြူးလုပ်ပေးတယ်။ :D


ပဲထမင်းနဲ့ တွဲစားဖို့ ကြက်သား ဆင်းဝယ်ပြီးချက်ထားကြတယ်။ ကြက်သားချက်က မင်းသားလက်ရာနော်။ ဒီပန်းကန်က အသားပန်းကန်


အရိုးကြိုက်တဲ့ သူများအတွက် အရိုးကြီးပဲ သတ်သတ်ခူးထားတယ်။ ကျွန်မတော့ အရိုးကြီးပဲ စားတယ်။


သခွားသီးအတို့


ပုဇွန်လေးကို ဆီပြန်ကြော်လိုက်တယ်။


ဂေါ်ဖီထုပ် ဟင်းခါး


ပဲထမင်း ရပါပြီ။ ( ပဲနီလေး လက် ၂ ဆုပ်၊ ဆီစိမ်းနည်းနည်း၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ ကြက်သွန်နီ ၁ လုံးပါးပါးလှီး၊ ထောပတ်မရှိလို့ ချိစ်ပြား တစ်ပြားထည့်ချက်ထားပါတယ်။)


အအီပြေ နဂါးမောက်သီး စားသွားပါအုံးလား။

13 comments:

ကျောပိုးအိတ် said...

အဟားးးးးးးးးးးး

တစ်

ကျောပိုးအိတ် said...

စားချင်လိုက်တာနော်။ စုံနေတာဘဲ။ အင်း ဒီလိုဆို ၀လာဦးမယ်။

ဘာဘဲပြောပြောနော် စုံတွဲလာစားသွားတယ်။
အဟေဟေ

Anonymous said...

သရက်သီးအစိမ်းသူတ် အားကြီးကြိုက် ဘယ်တော့စားစားမမုန်းဘူး သခွားသီးလည်းကြိုက်တယ်

Anonymous said...

ရေးနေရင်းအလုပ်ကပေါ်လာတော့ ကျောပိုးအိတ်အောက်ရောက်သွားတယ် အဟင့် :P

မေဇင် said...

အီး...ဘီလို ချက်ရတယ်လဲ မပြောဘူး..း( ။ စားချင်တယ် စားချင်တယ်.။

မေလေး said...

မမ မခေါ်လဲ အတင်းလာစားတယ်။ စားချင်လိုက်တာနော်။တစ်ခါမှလဲမခေါ်ဘူး။

စန္ဒကူး said...

ပဲထမင်းလဲကြိုက်တယ်။ မင်းသားချက်တဲ့ကြက်သားလဲ ဂွတ်မယ့်ပုံ.. အကြိုက်ဆုံးကတော့သရက်သီးသုပ်... သခွားသီးလဲကြိုက်တယ်... နောက်ဆုံးကနဂါးမောက်သီးတော့ ကြိုက်မကြိုက်မသိဘူး..စားကြည့်တာအရသာမခံစားရလို့..း)

subuueain said...

သရက်သီးသုတ်ကို အကြိုက်ဆုံး။ ဟား ငရဲကြီးမယ် ဒီနေ့ ဥပုပ်စောင့်ထားတယ်

rose of sharon said...

သရက်သီးအစိမ်းသုတ်နဲ့ကြက်ရိုးဟင်းကြိုက်တယ်

MrDBA said...

ပိုက်ဆံကော စုမိကြသေးလားငှင်။ မန်းတစ်ယောက် လစာတွေတိုးကုန်ပြီထင်တယ်။ ဘောနပ်စ်တွေကလဲ ရထားတာဆိုတော့။ အိမ်း ကောင်းကြပါတယ်ကွယ်ရို့။ အဲဒီအိမ်အသစ်မရောက်ဖူးသေးဘူးဗျနော်။ ဘယ်တော့ ဆုံကြမှာတုန်း။ အိမ်ပြောင်းတုန်းကလဲ မလိုက်ခဲ့ရဘူး။

ဂျာမုန်းဒန် said...

အားလုံးတို့အကြိုက်။
စားပြီးအိပ်ငိုက်။
ပြီးရင်ပြန်ဝိုက်။
ဒါပဲ
ချစ်တဲ့
ဂျာ

မီယာ said...

ပဲထမင်းသာမက ကျန်တဲ့ ဟင်းခွက်တွေလည်း ငေးသွားတယ်။

မိုးကောင်းသူ said...

ကျောပိုးအိတ်လေး
စုံတွဲလာစားသွားတယ်ပေါ့လေ။ စားပါရှင် စားပါ။

ထောပတ်သီးလေး
သရက်သီးစိမ်းသုပ်ကောင်းလိုက်တာလေ။ ဟီး သူများသုပ်လို့နော်။ အစ်မသုပ်ရင် အဲလောက်ကောင်းမှာဟုတ်ဘူး။

မေဇင်
ဘီလိုချက်လဲ ပြောပြမယ်နော်။ :D

မေလေး
ဒီတစ်ခါတော့ ခေါ်အုံးမှာ။ ဘယ်မှ ပြေးနဲ့နော်။

ကူးကူးရေ
မင်းသား လက်ရာတော်တော်ကောင်းတယ်။ သရက်သီးသုပ်ကတော့ ကောင်းသလားတော့မမေးနဲ့။ ကျန်တာ ကျွန်မကြီးပဲ အကုန်စားပလိုက်တာ။ နဂါးမောက်သီးက စားရတာ မြုံစိမြုံစိနဲ့ မို့လို့ ကျွန်မတော့ ကြိုက်သား။ အဖြူသီးက သိပ်မချိုဘူး။ ခရမ်းရောင်သီးတော့ ချိုတယ်။

စုဘူးရေ
ဒီလိုမှန်းသိရင် ၁၂ နာရီမထိုးခင် ပို့စ်တင်လိုက်ပါတယ်နော်။ ဥပုဒ်နဲ့ဆိုတော့ သာဓုပါရှင်။

rose of sharon
အဲလိုလေး ကျွန်မလဲ ကြိုက်တယ်ဆို။

ကိုကြီး ဒီဘီ
စုလဲစု စားလဲစားပေါ့။ :D ပြောတာပြောရတာပါ။ စုမိတယ်လို့ မရှိပါဘူး။ ဘယ်က ဘောနပ်စ်တုံး။ ပြောတော့မယ်လေ။ အိမ်အလည်ခေါ်ပါတယ်နော်။ အားတဲ့ရက်တာ ပြောထားပါ။ ခေါ်လိုက်ပါ့မယ်။

ဂျာမုန်းဒန်
အကုန်ကြိုက်ရင် အကုန်စားနော်။

မီယာ
ပဲထမင်းကော ဟင်းခွက်ကော ငေးပဲငေးရတာဟုတ်။ ခေါ်လဲကျွေးပဲနဲ့နော်။ :D