Friday, July 17, 2009

မိုးကောင်းသူ နဲ့ အမဲ အဆုတ် နပန်းလုံးရပုံ

ဟိုရက်က ဈေးသွားခဲ့တာ အမဲသားကို အသား၊ အရွတ်၊ အဆုတ်ဝယ်ခဲ့တယ်။ အဆုတ်ကို ပထမရက်က ချက်တာ မအောင်မြင်ပါ။ ထမင်းအိုးပိုင်ရှင် ကျွန်မ မိုးကောင်းသူ အမဲ အဆုတ်ချက် နဲ့တွေ့မှပဲ စာမေးပွဲကျတော့တယ်။ တတ်နိုင်ဘူး။ စိတ်ထဲ နံလို့ သွန်ပစ်လိုက်တယ်။ ခေါင်းတွေတောင်မှ ကိုက်သွားတယ်။ ဒုတိယတစ်ခါ ကြတော့ ကြော်လိုက်ပါတယ်။ အဆုတ်ကို တစ်ခါမှလဲ မစားဖူး၊ မကိုင်ဖူးတော့ ဘယ်လိုချက်စားရလဲ မသိဘူးလေ။ ပြီးတော့ ကိုယ်တော်ကြီးက အသဲဆိုလဲကြိုက်တယ်ဆိုတော့ အဆုတ်လဲ ကြိုက်ကောင်းရဲ့ဆိုပြီး လျှာရှည်ပြီးဝယ်လာခဲ့တာပါ။ သူက မကြိုက်ဘူးတဲ့။ တတ်နိုင်ဘူး ၀ယ်ခဲ့တာကိုတော့ ချက်စားကြည့်ရမှာပဲလို့။ ဒါနဲ့ အဆုတ်က ပျော့စိစိကြီးနော်။ ခုမှသိတယ်။



အမဲသားတွေကို ကျွမ်းကျင်စွာချက်တဲ့သူ(ကျွန်မထက် ဟင်းချက်ကောင်းသူ) ကျွန်မရဲ့သူငယ်ချင်း မိန်းမဆီ ဖုန်းဆက်မေးရတယ်။ အဆုတ်ကို ဘယ်လိုလုပ်ရမလဲပေါ့။ ကြော်တာ အကောင်းဆုံးဆိုလို့ ကြော်လိုက်ပါတော့တယ်။ မိုးကောင်းသူတို့ နောက်ကွယ်မှာဖြစ်ပျက်နေပုံများနော်။ အဲလို အဲလို .............. ပြောချင်ပါဘူး။ နောက်ခါများတော့ အမဲအဆုတ်မ၀ယ်တော့ပါ။ ကြောက်ပါပြီကွယ်။ ကဲ ခုလဲ အားမနာတမ်း သုံးဆောင်သွားပါအုံးနော်။



ဒုတိယရက် ကြော်စားတာပါ။


ကြက်ဥကြော်၊ ပုဇွန်သုပ်၊ အမဲအဆုတ်ကြော် (မလေးရှားက ကိုယ်တော်ကြီးတို့ သူငယ်ချင်း တစ်ယောက်လဲ ရောက်နေလို့ ညလည်စာကို လုပ်ပေးလိုက်ပါတယ်။ အဆုတ်ကို ကုန်အောင်ကြော်လိုက်ပါတယ်။ မိုးကောင်းသူရဲ့ စေတနာတွေ စေတနာတွေ) ဟီးဟီးးးးးးး



ပုဇွန်သုပ်။ မင်းသားသုပ်နည်း အတိုင်း သုပ်ထားပါတယ်။ လှပအောင်လို့ ဘေးနားကို ဆလပ်ရွတ်တွေထည့်လိုက်တယ်။ ဟီးဟီး (ပဲကြာဇံပြုတ်၊ ပုဇွန်ပြုတ်၊ ကြက်သွန်နီပါးပါး၊ ခရမ်းချဉ်သီးပါးပါး၊ ငရုတ်သီးဆော့၊ သံပရာသီး၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့နဲ့ရောပြီးသုပ်ထားပါတယ်နော်။)




ကြက်ဥနဲ့ ၀က်အူချောင်း ကြော်ထားပါတယ်။



အဆုတ်ကြော်

---------------------------

ပထမရက်ကြော်စားတာပါ။



သုံးဆောင်သွားပါအုံးလား။
(မှတ်ချက် ။ ။ ဒီနေ့ သူမှ ထမင်းပိုမထည့်ပါ။ နောက်ခါ အမဲ အဆုတ်ပဲ ချက်ကျွေးမည်။ အကုန်အကျသက်သာသည်။ :D)



ဥနီသုပ် (ဥနီကိုခြစ်လိုက်တယ်။ ကြက်သွန်နီ ၁ လုံး ပါးပါးလှီးလိုက်တယ်။ ၁ လုံးကိုကြော်လိုက်တယ်။ နှမ်းထောင်းလိုက်တယ်။ ပြီး ဆား၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ သံပရာသီးနဲ့ ထည့်သုပ်လိုက်ပါတယ်နော်။)



အမဲအဆုတ်ကြော် ။ (ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်၊ ဂျင်းထောင်းရည် နဲ့ ကျွတ်ကျွတ်လေး ကြော်ထားပါတယ်)

11 comments:

Vista said...

ဝေးဟေးဟေး ပုစွန်သုတ် မသွားပြီကွ

naychi said...

ဥနီလေး သုတ်စားဦးမယ်။ သိပ်ကြိုက်တာ.. ဟိဟိး)

နွေးနေခြည်

Anonymous said...

ပုစွန်သုတ် နဲ့ ဥနီသုတ် စားသွားတယ် မမ ဥနီသုတ်မစားဖူးဘူး သုတ်စားကြည့်ဦးမှ :)

မျက်မှန်လေး said...

အမဲသားကလွဲလို့အကုန်ကုန်အောင် ကြိတ်သွားတယ်ဗျို့

မေဇင် said...

မမရေ...မမရဲ့ အမဲအဆုတ်လေး အားပေးမယ့်သူရှိဘူး သနားပါတယ်..း) ဟဲဟဲ နောင့် ကအားပေးမလို့ပါပဲ... ဒါပေမယ့် မဲမဲကြီးနော် အဟိ...။ ကျန်တာ အကုန်ကြိုက်စ်စ်စ်စ်...။ ပုဇွန် နဲ့ ဥနီ သုတ်စားမယ် မမ..။ ပဲကြာဆံပြုတ်တော့ မထည့်လဲ ရတယ်မလား....း)

မဆုမွန် said...

ဥနီသုပ်နဲ့ပုဇွန်သုပ်လေး မြည်းသွားတယ်
အားပါး
ကောင်းမှကောင်း
အဆုတ်ကြော်ကို ဘီယာလေးနဲ့ မြည်းသွားတယ် အဟွတ်ဟွတ်

subuueain said...

ဟဲဟဲ ပုစွန်သုတ်မသွားပြီ။ ဥနီသုတ်လည်းကြိုက်တယ်။

ကျောပိုးအိတ် said...

မမရေ

အဆုတ်ကြီးက မဲနေတယ်။ စားဘူး စားဘူး။
ပုဇွန်သုတ်လေးက မိုက်တယ်။
ဥနီသုတ်ကို တစ်ခါမှမစားဘူးဘူး။

ထူးထူးဆန်းဆန်းလေး သုတ်စားကြည့်ဦးမှ
း)

မီးမီးချစ် said...

အဆုတ်က ကောင်းတယ် မမရဲ့ .. မလေး ဆိုင်တွေ မှာဆို ပါးပါးလေး လှီးပြီး.. ကျွတ်ကျွှတ်ကျော်ထားတာ ကောင်းတယ်..အစာပလာ တော့ ပါတာပေါ့.. ဘာလဲတော့ မီးချစ်လဲ သိဘူး.. မမ အမဲ အဆုတ်ကိုလဲ စားသွားပြီးး .. အိမ်း ကောင်းမှကောင်း..

rose of sharon said...

ပုဇွန်သုတ်ဆီလွတ်လေးကြိုက်တယ်... အမဲအဆုတ်ကြော်လဲကြိုက်ပါတယ်...

ညလေး said...

ပုဇွန်သုပ်က ကျန်တော့ဘူး ထင်ပါ့.. ဟင့် လာလဲခေါ်ဘူး
အာဘွားးးးးးးးး မ :P