Wednesday, July 22, 2009

မန္တလေး မုန်လာချဉ်သုပ်

ခုရက်ပိုင်း အချဉ်တွေ အသုပ်တွေကြီးပဲ လုပ်စားနေလိုက်တယ်။ မမလုဆီကနေနည်းကြည့်ပြီး ၀က်သားချဉ် (၀က်ခေါက်ချဉ်) လဲ တည်ထားပါသေးတယ်နော်။ ရနေပြီ။ နောက်နေ့စားမယ်။ ဒီလို မုန်လာချဉ်သုပ်နည်းကို မန္တလေးရောက်မှ စားဖူးတာပါ။ ကျွန်မ ၃ တန်းနှစ်တုံးကလားမသိဘူး။ မန္တလေးကို အလည်လာရင်း တည်းတဲ့အိမ်က ၀ယ်ပြီးသုပ်ကျွေးလို့ ကြိုက်သွားတာ။ အိမ်မှာဆိုရင်တော့ ရိုးရိုးပဲသုပ်စားတတ်ပါတယ်။ မန္တလေးမှာဆိုရင် မောင်းထုပြီးရောင်းတဲ့ အချဉ်ပေါင်းတွန်းလှည်းနဲ့ အသည်တွေအများကြီးပဲ။ အဲဒီ တွန်းလှည်းသည်တွေမှာလဲ မုန်လာချဉ်သုပ်ပါရောင်းတယ်။ ဘယ်တွန်းလှည်းသည် နေနေ စားကောင်းတာကြီးပဲ။ နေ့လည် နေ့ခင်း ထမင်းအေးအေးနဲ့ မုန့်လာချဉ်သုပ်နဲ့ စားရတာလဲ ကောင်းမှကောင်းပဲ။ ပြီး ရေနွေးလေးပါ တည်ထားအုံး။ ရေနွေးကြမ်းလေးနဲ့ စားရင်လဲ ကောင်းတယ်နော့်။ ဒီလိုလေး လုပ်စားကြည့်ပါလား။



မုန်လာချဉ်သုပ်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။ ပဲကျက်မှုန့် နဲ့ မြေပဲဆံထောင်း များများလေးထည့်သုပ်ထားပါတယ်။ ကိုယ်တော်ကြီးက ပဲကျက်မှုန့်ထွေးထွေးလေးနဲ့ ပိုကြိုက်လို့။



မန္တလေး မုန်လာချဉ်သုပ်နည်းအတိုင်း သုပ်ထားပါတယ်နော်။ (မြေပဲဆံထောင်း၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်ထောင်း၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျတ်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ထည့်ပြီး နယ်ထားပါတယ်နော်။)


၃ ရက်ကြာသောအခါ


ဗူးသန့်သန့်ထဲ လေလုံအောင်ပိတ်ထားလိုက်ပါတယ်နော်။



မုန်လာချဉ်တည်နည်း

မုန်လာဥကို အခွံနွှာပြီး အရှည်လိုက် လှီးလိုက်ပါတယ်နော်။ မုန်လာဥ အရိုးအရွက်တွေပါ ပါရင် ပိုကောင်းတယ်။ ဒီမှာ ကတော့ အရွက်ပါတာ သိပ်မတွေ့ဘူး။ ရှိတော့ ရှိတယ်။ ရှားတယ်။ ပြီးနယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းဘူးနော့်။ မချဉ်ဘူး ဖြစ်တတ်တယ်။ ထမင်းနဲ့ ဆားနဲ့ ရောသွားအောင် နာနာနယ်ပေးပါ။ ပြီးရင် အရှည်လိုက်လှီးထားတဲ့ မုန်လာဥကို ထည့်ပြီးနယ်ပေးပါ။ နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။ အရည်နဲ့လိုချင်ရင်တော့ ရေအေးအေး (ရေခဲရေ ဆို ပိုကောင်းတယ်) ထည့်ပါ။ ရာသီဥတုပူရင်တော့ ၃ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၄ ရက်၊ ၅ ရက်လောက်ထားပေးပါ။ အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။ စားချင်တဲ့အခါထုတ်ပြီး သုပ်စားနိုင်ပါပြီနော်။

14 comments:

Anonymous said...

မုန်လာချဉ်သုတ်လည်းမစားဖူးဘူး အစိမ်းလေးတွေကိုအဲလိုလုပ်ပြီးသုတ်တာတော့စားဖူးတယ် :)ဗိုက်စာစာနဲ့နှိုက်စားသွားတယ် မမ

ဂျပန်ကောင်လေး said...

စားမယ် ၀ါးမယ်.. ဒါနဲ့ စလုံးမှာလား.. စလုံးမှာဆိုရင် ကျွေးဖို့သာပြင်ထား..း)

subuueain said...

အမရေ လက်တွန်းလှည်းနဲ့နောင်နောင်သည်တွေ ရောင်းတာအရမ်းစားကောင်းတယ်။ မုန်လာချဉ်ရော၊ သဘောင်္ံသီးသုတ်ရော ကောင်းတယ် ။ လွမ်းတောင်လာပြီ
မုန်လာချဉ်တည်ကြည့်ဦးမယ်။ အမနည်းအတိုင်း

မီးမီးချစ် said...

အချဉ်သုပ် ဆို အရမ်းကြိုက်တယ်..
မမ မုန်လာဥ သုပ်က မီးချစ် တို့  ကန်တင်းမှာ ဝယ်ဝယ်စားတဲ့ အားလူးစိမ်းသုပ်နဲ့  တူတယ်..

မေဇင် said...

မမ ရေ...ခုတလော မမရေးတာတွေနဲ့တော့ အကြိုက်ပဲ...နောင့် တို့ အိမ်က ဖွားဖွားက မနေ့ကပြောတယ်...သမီးတို့ အန်တီ မုန်လာဥတွေကို အချဉ်တည်ထားတယ်တဲ့...စားချင်ယူစားကြနော်တဲ့..အိမ်မှာ အဖွားပဲစားတယ်...ကျန်တဲ့သူတွေက မကြိုက်ကြလို့တဲ့.... ဟိဟိ ပွတာပဲ...ယူသုတ်စားပြစ်မယ်.... ကျေးဇူးနော် မမ...း)

စန္ဒကူး said...

စားချင်စရာလေး..
ကိုယ်တော်ကြီးအကြိုက်.. ကိုယ်တော်ကြီးအကြိုက်.. ထမင်းအိုးလေး အကြိုက်ကရော.. ဘာများပါလိမ့်..း)

လုလု said...

မမလုလည်း စားသွားပါနော်။
မုန်လာချဉ်သုပ်လေးနဲ့ ပဲနီလေးကြာဇံဟင်းလေးနဲ့ဆို အလိုက့်နြော်။

ကျောပိုးအိတ် said...

မမရေ

ဘာအချဉ်ဘဲသုတ်သုတ် ကြိုက်တယ်။
း)

စုံတွဲလာစားသွားတယ်နော။
ညနေစာအတွက်ပါ ပါဆယ်ထုတ် .......

အားးးးးးးးးးးး
ကိုတော်ကြီးလိုက်ထုနေတယ်။

တော်ပြီယူတော့ဘူး
အဟီးးးးးးးးးးး

စတာနော်။
တကယ်ပါဆယ်ဆွဲသွားတယ်။
ချစ်သူတစ်လုတ် ကျောပိုးအိတ်တစ်လုပ်
အဟဲ

ကျော်နှင်းဆီလွင် said...

မမိုးရေ
မမိုးလက်ရာတွေကြည့်ပြီး
အမေ့ကိုလွမ်းလိုက်တာ
O~O

rose of sharon said...

စားချင်စရာတွေချည်းဘဲနော်... သွားရေယိုသွားတယ်

ဂျာမုန်းဒန် said...

မုန်လာချဉ်သယ်နည်းကိုသေချာစွာလေ့လာသွားတယ်
မမမိုးကောင်းသူရဲ့လက်ရာကကောင်းပြီးသားပဲ။
ူသွားရေယိုသွားတယ်။
လုပ်စားကြည့်အုံးမယ်။
တ့တာနော်..ဆပ်ပြာနော်။
ချစ်တဲ့ညီမ
မုန်း

Anonymous said...

မရေ...............
စားချင်တယ်
ကြိုက်တယ်

ကိုလူထွေး said...

ချဉ်ဖတ်ရောင်းတဲ့ဆိုင်ရောက်ဖူးတယ်.. ယင်ကောင်တလောင်းလောင်းနဲ့လေ...

ကိုယ်ဖာကိုယ်တည်တတ်တော့ မသန့်မှာ မပူရတော့ဘူးပေါ့...

San said...

Hello , I like your cooking and thank you.