Tuesday, July 28, 2009

East Coast Park မှာ ၀ါးတီး

ပြီးခဲ့တဲ့ စနေနေ့ကပေါ့ east coast သွားကြတယ်။ ၀ါးတီးတွေလဲ ပိတ်ရက်တိုင်း ဆက်တိုက်ဖြစ်နေတော့ ပိတ်ရက်ဆို အားတယ်လို့ မရှိဘူး။ အစားအသောက် မီးလိုတောက်သော ကျွန်မနဲ့ အိုကေမှာ စိုပြေနေတာပဲ။ ကျွေးတဲ့သူရှိတော့လဲ ကျွန်မတို့က လိုက်စားပေးရတာပေါ့။ ဒါမှ အလှူ့ရှင်ကလဲ ၀မ်းသာမှာလေ။ နော်။ ဒီတစ်ပတ်က ဘောလုံး တစ်သင်းစာရှိတဲ့ အုပ်စုနဲ့ပေါ့။ အဲနေ့က လူအုပ်စုက ၂၂ ယောက်လား၊ ၂၃ ယောက်လားမသိဘူး လာကြပါတယ်။ များလွန်းလို့တောင် မမှတ်မိတော့ဘူး။ ရွက်ဖြင်တဲတောင် ၈ လုံးထိုးပါတယ်။ ဒါတောင် မအိပ်ဘဲ ပြန်တဲ့လူလဲ ပြန်ကြသေးတယ်။ ကျွေးတာတွေ အားလုံးတောင် ဓာတ်ပုံ မရိုက်ခဲ့မိဘူး။ ငါးသလဲထိုးကြော်ရယ်၊ ငါးကျည်းခြောက်ကြော်ရယ်၊ လက်ဖက်ရယ်၊ အားလူးကြော်ရယ်၊ ဘာညာ ဘာညာတွေ ပါသေးတယ်။ မီနီဖူဖေးမှာတဲ့ဟာကိုပဲ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ ဒီနေ့လဲ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်အုံးမယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။


ကျွေးတဲ့ အလှူရှင်တွေကိုလဲ ဆုတောင်းပေးအုံးမှ။ စားတော့စားပြီးနော်။ ဒီထက်မက ကျွေးနိုင်ပါစေ။ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။



အားမနာနဲ့နော်။ သုံးဆောင်သွားပါအုံး။


နောက်တစ်မျိုးရိုက်လိုက်တယ်။ ဟိုနောက်နားက နှစ်ဘူးက ကြက်သားနဲ့အာလူးချက်နော်။


အီကလဲ ။ တော်တော်လေးကောင်းတယ်။ အဲဒီဆိုင်ရဲ့ အထူးစပယ်ရှယ် ဆိုပဲ။



ပေါက်စီ (စားလို့ကောင်းပါတယ်။)



ကော်ပြန့်ကြော် ပူပူလေး

ထမင်းကြော် ပူပူလေး (တရုတ်လို ရောင်းစွန်းဆောင်ဖန့် ဆိုလား ဘာဆိုလား။ လျှာလဲ ခလုတ်တိုက်နေပြီ။ :D နာမည်ကို မှတ်တော့ မှတ်ခဲ့တာပဲ။ ဟုတ်မဟုတ် သိဘူးနော်)


ငါးကြော်


ကိုက်လန်ကြော် စိမ်းစိမ်းလေး။ ဘယ်လိုကြော်လဲ မသိဘူး။ စိမ်းနေတာပဲ။ စားကောင်းတယ်။



ကျွန်မရဲ့ ပန်းကန်


သစ်သီးစုံ အချိုရည် အေးအေးလေး (အချိုမကြိုက်တဲ့ ကျွန်မတောင် တစ်ခွက်သောက်ခဲ့သေးတယ်။ အချိုပေါ့လေး သောက်လို့ကောင်းတယ်)


ဆော့စ်

ဆော့စ်

ဒီပန်းကန်တွေနဲ့ ထည့်စားတယ်။


ကိုယ်တော်ကြီး နဲ့ ကျွန်မတို့ရဲ့တဲ (ဒီမှာတော့ တဲတစ်လုံးကြီးတောင် ပိုင်တယ်ကွယ်)

12 comments:

Vista said...

၁ ၁ ၁ ..ကျနော်.မှာလည်း တဲ ၁ လုံးရှိတယ် မမ ဟိဟိ East coast မှာပဲ

naychi said...

ဟဟ ငါ့အမက တဲပိုင်တာပဲ... အားကျတာ.. ညီမတော့ တဲတလုံးတောင် မရှိရှာဘူး

rose of sharon said...

ဟေ့ ပျော်စရာကြီးနော်... ရောပျော်သွားတယ်... ဝါးတီးတွေကလဲရှယ်ဘဲ...

စန္ဒကူး said...

စုံလှချည်လား... အီကလဲကဘာလဲဟင်..
မစားဖူးဘူး.. ....
တဲလေးကမိုက်တယ်.. ဟဲဟဲ

ဂျပန်ကောင်လေး said...

ဟွန်း..အစားကိုသောင်းကျန်းတယ်..ဒီကိုတော့ မခေါ်ဘူး..း)...

မေဇင် said...

ပျော်စရာကောင်းလိုက်တာ ကွယ်... တစ်ခါမှ အဲ့လို မသွားဖူးဘူး... သွားချင်လိုက်တယ်.... တစ်နေ့နေ့ပေါ့...း)..။ အစ်မ ပုဂံက မောက်လျှံနေပါလား....း)

မေလေး said...

မမနော်
ပုံပြောတာ များနေပီ.ဟွန်းးး

ကျောပိုးအိတ် said...

ဟေးးးးးးးးးးးး
ပျော်စရာကြီးနော်။ စားစရာတွေ တပုံတပင်နဲ့ ။

မမရေ သမီးရော မမတို့ တဲထဲ လာနေမယ်လေ
အဟီးးးးးးးးးး

subuueain said...

တို့ လဲ အဲဒီတဲထဲလာနေချင်တယ် ဟီးဟီး။ အီကလဲ စားချင်သွားပြီ။ ဘယ်ဆိုင်ရဲ့ special လဲဟင်

မောင်ကောင်း said...

အစ်မရေ.. ဖြစ်နိုင်ရင် ကွန်ပျူတာထဲဝင်စား လိုက်ချင်ပါတယ်..း)))))

ကိုလူထွေး said...

နည်းတဲ့ လူအုပ်ကြီးလား...

ဝါးတီးဆို အားကြီးကြိုက်...

းဝ)

MrDBA said...

သွားလှချည်လား။ အရှေ့ဘက်ရောက်မှ တအားသွားဖြစ်တယ်ပါလား။ တို့တော့ မသိလိုက်ပါလား။