Saturday, January 23, 2010

လက်ဖက် နေ့ရက်

မနေ့က ညကြီးမှ အိမ်က ပါလာသော လက်ဖက်ရွက်အညွန့်ကို ကမန်းကတမ်း နပ်လိုက်ပါတယ်။ မိုးကုပ်လက်ဖက်အညွန့်လို့ ခေါ်လားမသိ။ မန္တလေးမှာနေတုံးကတော့ ဒီလိုအညွန့်ကြီးပဲ သုပ်တာစားဖူးတယ်။ ပဲကြော်ဆံမပါဘဲ လက်ဖက်အညွန့် သုပ်တာ။ ခေါက်ဆွဲခေါက်စားသလိုကို အားပါးတရ စားကြတာ။ ဒီနေ့တော့ သုပ်စရာ ခရမ်းချဉ်သီး နဲ့ ဂေါ်ဖီထုပ်လဲ မရှိတော့ အဖိုးကြီး အဖွားကြီးသုပ်ပဲ လုပ်စားလိုက်ပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ အော် ........ ရေနွေးလေးတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။




ရှားရှားပါးပါး တွင်းပိုး သေးသေးလေး ၂ ထုပ်ပါလာတယ်။ မစားရတာကြာလို့လားမသိ အရသာတွေ ရှိနေတာ။



ဘယ်ဓာတ်ပုံက ပိုစားချင်စရာကောင်းမလဲလို့ နှစ်ပုံတင်လိုက်တာ။ ကြိုက်တဲ့ ပုံကို ကြည့်ပြီး စားသွားနော်။



လက်ဖက်နပ် အတွက်လိုအပ်သောအရာ


လက်ဖက် အညွန့်
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
သံပရာသီး
ဆား
အချိုမှုန့်
ဆီ


လက်ဖက် နပ်ပုံ

လက်ဖက်ကို ရေစင်အောင်ဆေးလိုက်ပါ။ အခါးဓာတ်တွေ ထွက်သွားအောင်။ ခါးခါးသက်သက်လေး ကြိုက်တဲ့သသတွေကတော့ ၁ ခါလောက်ပဲ ရေဆေးပေါ့။ ရေဆေးပြီးရင် ရေစင်အောင် ညှစ်လိုက်ပါ။ လက်ဖက်နပ်မယ့် ဇလုံသေးသေးထဲသို့ ရေဆေးထားသော လက်ဖက်ကိုထည့်၊ သံပရာသီးကိုညစ်၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်ကို ပါးပါးလှီးပြီးထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ဆီနည်းနည်းထည့်ပြီး နယ်လိုက်ပါ။ အရသာ အချိုအငန်အချဉ်မြည်းကြည့်ပါ။ လက်ဖက်ညွန့်နပ် ရပါပြီရှင်။

7 comments:

naychi said...

မမမိုး ပုစွန်ခြောက်ဘေးက မဲမဲလေးတွေက ဘာလေးလဲဟင်... မတွေ့ဖူးလို့း)

နွေးနေခြည်

မြတ်မွန် said...

မမရေ...
အတော်ပဲ..
ခုစားလို့မရလို့..
နောက်နေ့လာစားမယ်..။

လုလု said...

လက်ဖက်ညွန့်လေးတွေမြင်တော့ စားချင်လိုက်တာ
ဒါပေမယ့် လက်ဖက်နဲ့ မတည့်ဘူး အများကြီးစားလို့မရဘူး ချဉ်ငန်စပ် နှပ်ထားတယ်ဆို သိပ်ကြိုက်တာ
ကျေးဇူးပါ ထမင်းအိုးလေးရေ

မေဓာဝီ said...

တွင်းပိုးစားချင်လိုက်တာ။
မစားရတာကြာပြီ။
အပေါ်ကဓာတ်ပုံလေးက ပိုသဘာဝကျတယ်။
အောက်ကပုံက အလင်းများနေသလိုပဲ။
တကယ်မစားရလို့ ဓာတ်ပုံကြည့်ပြီး သွားရည်ကျသွားပါတယ်။

ကိုလူထွေး said...

အရီးတောင်းမဟုတ်ဘူး

အမိုးကောင်း လဘက်သုတ်ပေါ့...

းဝ)

ကျော်နှင်းဆီလွင် said...

အိုး မရယ်
အညွှန့်ကသိပ်ကြိုက်တာ
နှယ်ထားရင်မစားပဲ အဲလိုမျိုးလေးမှသိပ်ကြိုက်တာ
အညွှန့်တွေသွားဝယ်ပြီးစားပစ်ဦးမယ်
သရဲလာခြောက်တာ သိလား
:D

စန္ဒကူး said...

တွင်းပိုးတော့မစားဖူးသေးဘူး။ ဘယ်လိုအရသာလေးလဲမသိဘူးနော်။
လဖက်ညွန့်လေးတွေက စားချင်စရာ။ ကူးကူးကိုလဲ သူများလက်ဆောင်ပေးလိုက် တာတစ်ထုပ်ပါလာတယ်.. တစ်ယောက်တည်းစားရမှာ ပျင်းလို့ အဖော်စောင့်နေတာ.. အဲလိုအညွန့်လေးတွေ ပိုကြိုက်တယ်..