ဟင်းအသစ်တင်မယ် တင်မယ်ဆိုပြီး မတင်ဖြစ်ဘူး။ ဒီလထဲ ဒီလင်ဒီမယားနှစ်ယောက်သား ကျန်းမာရေးအခြေအနေညံ့နေတယ်။ ကျန်းမာရေးကောင်းပြန်တော့လည်း ကွန်ပျူတာကြီးက မအား ကွန်ပျူတာကြီးအားပြန်တော့လည်း ကျန်းမာရေးကမကောင်းနဲ့ တစ်လှည့်စီဖြစ်နေသည်။ :D သို့ပေမယ့်လည်း ရုံးပိတ်ရက်ပဲ ကျန်းမာရေးမကောင်းလို့ တော်ပေသေးသည်။ ဈေးသွားတော့ ငါးလတ်လဲလတ်တာနဲ့ (၄ ကောင်)၀ယ်လာတယ်။ တခြားဟာမ၀ယ်ရတာကလဲ ဆိုင်တွေက ပိတ်သွားပြီ။ မရှိ ရှိတာပဲ ၀ယ်လာတယ်။ အိမ်မှာတော့ ငါးအကောင်လိုက်ဆိုရင် ကြော်စားရင်ကြော်စား မဟုတ်ရင်တာ့ ကင်စားတာများတယ်။ ငါးကင်ကိုတော့ ရေးဖူးပါတယ်။ အခုငါးက ကကထစ်ငါးထင်တာပဲ။ ရေကျိုလေးချက်စားလဲ ကောင်းတယ်လို့ပြောတာပဲ။ ကျွန်မတော့ ငါးကိုချက်တာထက် ဒီလို ကင်စားတာကိုပိုကြိုက်ပါတယ်။ အနှစ်လေးကိုစပ်စပ်လေးဆို ရှူးရှူးရှဲရှဲနဲ့စားလို့လဲကောင်းတယ်။ နေမကောင်းချင်တဲ့ အချိန်စားတော့ ချွေးတော့ပြန်သွားပါလိမ့်မယ်။ ကဲ ........... ဒီနေ့တော့ ငါးကင်လေးပဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။
ဒုတိယရက် ငါးကင်
ပထမရက် ငါးကင်
ငါးကင် အတွက် လိုအပ်သောအရာ
ငါး (မိမိကြိုက်နှစ်သက်ရာ ငါး)
ကြက်သွန်နီ ၃ လုံး (အနှစ်များများစားချင်ရင် ကြက်သွန်နီများများထည့်ပါနော်။ တစ်ခါတစ်လေ ငါးထက် အနှစ်ကိုပိုကြိုက်တဲ့သူတွေလဲ ရှိတယ်။)
ကြက်သွန်ဖြူ ၇ တက်
ဂျင်း လက် ၄ ဆစ်
ငရုတ်သီး ၂၀ တောင့် (အစိမ်းတောင့် ပဲရှိလို့ များများလေးထည့်လိုက်တယ်။)
ပင်စိမ်းရွက်
ဖက်ဖယ်ရွက်
နံနံပင်
ရှမ်းနံနံ
ငါးကင်အတွက် ပြင်ဆင်ပုံ
ငါး အကြေးခွံကိုသေချာခွာရေနဲ့ဆေးလိုက်တယ်။ ပြီးရင် မန်ကျည်းမှည့် နည်းနည်းကို ရေဖျော်ပြီး ငါးကို ဆေးပါ။ အိမ်မှာတော့ ဘယ်ငါးချက်ချက် မန်ကျည်းမှည့်နဲ့ ဆေးတတ်ပါတယ်။ ငါး အညှီနံတွေ ပျောက်သွားအောင်ပါ။ ပြီးရင်တော့ ငါးကို ဆား၊ အချိုမှုန့်နဲ့ နယ်ထားပြီး ၁၅ မိနစ်လောက်နပ်ထားပါ။ ငါးထဲ ဆားလေး ပြားလေး ၀င်သွားအောင်ပါ။ ငါးကို နပ်ထားတဲ့အချိန် အဆာပလာကို လုပ်ပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ နံနံပင်တို့ကို ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်ပြီး တောက်တောက်စင်းပါ မဟုတ်လဲ ထောင်းနိုင်ပါတယ်နော်။ (ဆား နဲ့ အချိုမှုန့်ထည့်ဖို့ မမေ့နဲ့နော်။ မဟုတ်ရင် အဆာပလာက အရသာမရှိဘူးဖြစ်နေလိမ့်မယ်။) ပြီး ဆီစိမ်းနည်းနည်းနယ်လိုက်ပါတယ်။ ပြီးရင် ငါးဗိုက်ထဲသို့ အစာပလာသွတ်၊ ပါးဟက်ထဲသို့ အစာပလာသွတ်ပြီး ကင်နိုင်ပါပြီ။ ဆီလေးပါတော့ အဆာပလာအိသွားအောင်လို့။ ဆီမထည့်လဲရတယ်နော်။ ပြီး ကင်စက်ထဲထည့်လိုက်တယ်။ အပေါ်မီးအောက်မီးတပြိုက်နက်ဆို မိနစ် ၃၀ လောက်ကင်ပေးပါ။ အပူချိန် ၂၀၀ လောက်ထားလိုက်ပါတယ်။ ဒီလိုလေး လုပ်စားကြည့်ပါလား။
9 comments:
အစားအသောက်ဆိုတော့ လူတွေနဲ့မကင်းတော့ စိတ်ဝင်းစားမိပါတယ်။ မြန်မာအစားအစားလေးတွေကို ဖေါ်ပြပေးတဲ့အတွက်ကျေးဇူးလဲတင်ပါတယ်။ တဆက်တည်း အချိုမှုန့် ကို receipt မှာသုံး တာတွေ့လိုလဲ မိမိသဘောထားကို စီဘောက်မှာ ရေးပြီးဖြစ်ပါတယ်။ ဒီအချိုမှုန့် မြန်မာပြည်မှာ ဘယ်တော့က စသလဲတော့မသိ... ကျနော်အိမ်မှာ အမေ ငါးနဲ့ ပုဇွန်းသုံးရာက ဒါ ကြီးကိုစသုံးတာမှတ်မိတယ်... သူယောက်ခမ ကျုပ်အဖိုးနဲက တကျက်ကျက်ပေါ့... အကြံပြုပါတယ် ကောင်းမကောင်းတော့ ရှားဖတ်ကြည့်ပေါ့ဗျာ..( မိမိကိုယ်တိုင် ခုထိအိမ်မှာကျိုးစားတုန်းပါ)
လေးစားစွာဖြင့်
ကျော်နိုင်
မမလုက အသားတွေထက် ငါးကို ပိုကြိုက်တယ်။ အခု ငါးကင်စပ်စပ်လေးကို တွေ့တုန်း စားသွားတယ်နော်။
ကျန်းမာရေးလည်း ဂရုစိုက်နော် ညီမလေးရေ။
ချစ်ခင်စွာဖြင့်
မမလု
ငါးကင်ဆိုကြိုက်တယ်။ မိုးကောင်းသူ ကင်ထားတာစားချင်စရာလေး..
အိမ်မှာလဲ မာမီက ဖယ်ဖယ်ရွက်တို့ထည့်ကင်တာ..
အရမ်းစားကောင်းတယ်..
အင်း..လုပ်စားကြည့်မှာပေါ့... သွားရည်ကျအောင်လုပ်တာကိုး :)
ကျမတုံးမိ အပြစ်ရှိပါရှင်....
ဖယ်ဖယ်ရွက်ဆိုတာ ဘာလဲမသိပါ...
ပြောပြကြပါဦးးးးး
းးးး)))))
ကိုကျော်နိုင်
အချိုမှုန့်က ငယ်ငယ်လေးကတည်းက စားနေကျမို့လို့ ချက်ချင်းလက်ငင်းဖြတ်လို့ မရသေးပါဘူး။ လျှော့တော့စားနေပါတယ်။ ကျေးဇူးအထူးလဲတင်ပါတယ်။
မမလု
အစဉ်အမြဲ လာအားပေးလို့ ကျေးဇူးပါရှင်။
ကူးကူးရေ
ဖက်ဖယ်ရွက်ထည့်လိုက်တဲ့ အရသာက တော်တော်လေးကောင်းတယ်နော်။
မမ rose of sharon
သွားရည်ကျအောင်လုပ်မိတယ်။
9-9
ဖက်ဖယ်ရွက်က နံနံပင်တွေလို အမွှေးအကြိုင် တစ်မျိုးပါပဲ။ ပုံကို ဒီမှာ တင်ဖူးပါတယ်။ http://mogaungthu.blogspot.com/2009/04/blog-post_7347.html
ကျွန်တော်လဲ ဖယ်ဖယ်ရွက် ကိုမသိဘူးဗျာ။
ဘာလဲလို့ပြောပြပါအုံး။
ပုံတင်ထားတယ်ဆိုတဲ့ link ကိုသွားကြည့်တော့လဲ မရဘူး။ link ကအလုပ်အလုပ်ဘူး။
ပုံကလေးမြင်ရရင်ပိုကောင်းမယ်နော်။ တခါတလေပြောပြတာကိုတောင်ဘာမှန်းမသိဖြစ်တတ်လို့ပါ။
good
http://mogaungthu.blogspot.com/2009/04/blog-post_7347.html မှာ ဖက်ဖယ်ရွက်ကို ကြည့်လို့ရပါတယ်
Post a Comment