Tuesday, March 3, 2009

ကြက်သားနဲ့အာလူးချက်



လိုအပ်သောအရာ

ကြက်သား
အာလူး
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ဆီ
အရောင်တင်အနီ၊ ဆနွင်း၊ မဆလာ

ချက်ပြုတ်ပုံ

ကြက်သားကို ရေဆေးပြီး မိမိစိတ်ကြိုက် အတုံးတုံးထားပါ။ ဆား အချိုမုန့်၊ ဆနွင်း အနည်းငယ်ထည့်နယ်ထားပါ။ ကြက်သွန်နီ၂ လုံး ၊ ကြက်သွန်ဖြူ ၅ တက်ကို ထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့် ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုထည့်ပါ။ နီလာအောင်အထိ ဆီသတ်ပါ။ အရောင်တင်အနီ၊ ဆနွင်း အနည်းငယ်ထည့် ပြီးရင် တုံးထားသော ကြက်သားကိုထည့်ပါ။ ၁၀ မိနစ်လောက်လုံးထားပါ။ ပြီး အာလူးကိုထည့်ပါ။ ပြီး ရေနွေးထည့်ပြီး တည်ထားပါလေ။ ဆီပြန်လာရင်တော့ မဆာလာခတ်ပေးပါ။ မွှေးကြိုင်သော ကြက်သားအာလူးချက်ရပါပြီ။

No comments: