Thursday, July 2, 2009

ကျွန်မရဲ့ လက်ဖက်နှပ်

ညီမလေး avocado က အစ်မလက်ဖက်နှပ်ရင် ဘယ်လိုနှပ်လဲလို့ မေးတာနဲ့ ပြီးခဲ့တဲ့အပတ်က လက်ဖက်နှပ်ထားတာကို တင်လိုက်ပါတယ်နော်။ လက်ဖက်မစားရလို့ တားမြစ်ထားလဲ စားလာတာကြာတော့ မထူးဘူး သေခါမှသေရော ဆက်လက်ပြီးစားနေလိုက်တယ်။ ကိုယ်တော်ကြီးက သောကြာ၊ စနေမှာ လက်ဖက်မစားရရင် မနေနိုင်တော့ တခါတည်းများများနှပ်ထားပေးလိုက်တယ်။ သူ့ကိုပဲ လွဲချလိုက်တယ်။ ပြီးမှ ကိုယ်ကဘေးကနေ၀င်စားတာပေါ့။ :D လက်ဖက်နှပ်ပြီးသားဆိုရင် ရီမွန်လက်ဖက်ကိုဝယ်စားဖြစ်တယ်။ လက်ဖက်အစိမ်းဝယ်လာခဲ့ရင်တော့ ဒီလိုလေးနှပ်စားလိုက်ပါတယ်။ ဒီလိုလေး နှပ်စားကြည့်ပါလား။



နယ်တော့မယ်နော်။ ငရုတ်သီးများသလားတော့ မမေးနဲ့။ ချဉ်ချဉ်စပ်စပ်ဖြစ်အောင်နှပ် တာမို့လို့ပါ။



ငရုတ်သီးအနီထောင့်က လက်ပူတယ်။ ဒါကြောင့် လက်အိတ် ၂ ထပ်စွပ်ထားပြီး နယ်ပါတယ်။


ဒီလို ဒီလိုလေး နယ်ပါတယ်။


ကဲ စားလို့ရပါပြီရှင်။ အားမနာတမ်း သုံးဆောင်သွားပါအုံးမလား။ စပ်တယ်လို့ မပြောနဲ့နော်။



ပြီးတော့ ဆီဆမ်းပြီး ပလက်စတစ်ဗူးထဲ ထည့်၊ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားလိုက်ပါတယ်။ စားချင်တဲ့အခါ လိုသလောက် ကော်စားရုံပါပဲနော်။



လက်ဖက်ချဉ်စပ်နှပ်လေး သုံးဆောင်သွားပါအုံးလား။ ပုဇွန်ခြောက်လဲ ကုန်ပါပြီရှင်။ အိမ်ကိုပြန်မှာရအုံးမယ်။ လူကြုံမရှိခင်တော့ ဒီက ၀ယ်စားရတော့မှာပေါ့။


လက်ဖက်နှပ်ရန် လိုအပ်သောအရာ

လက်ဖက်အစိမ်း (၂၅ ကျပ်သားအထုပ်လားမသိဘူး)
ကြက်သွန်ဖြူ ၁ ဥ
ငရုတ်သီးစိမ်း ၁၅ တောင့်
သံပရာသီး ၁လုံး ကြီးကြီး
ဆား
အချိုမှုန့်
ဆီ


နှပ်တော့မယ်ကွယ်

လက်ဖက်စိမ်းကို ဇကာခုံးထဲထည့်ဆေးရင်ပိုကောင်းတယ်။ ဒါမှ လက်ဖက်သားကျန်မှာ။ အစတုံးက လက်ဖက်စိမ်းကို ဒီအတိုင်းဆေးလိုက်တာ။ တ၀က်ပဲကျန်လိုက်တယ်။ ရေဆေးလိုက် သွန်လိုက် ၊ လက်ဖက်သားကပါသွားလိုက်နဲ့ ဘာမှ သိပ်မရလိုက်ဘူး။ ဇကာခုံးထဲထည့်တော့ လက်ဖက်သား သိပ်ပြီး အလေအလွင့်မဖြစ်တော့ဘူးပေါ့။ အဖန်ရည်ထွက်သွားအောင် ၃ ခါလောက်တော့ညစ်ဆေးပလိုက်တယ်။ ပြီး ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း၊ သံပရာသီး ၁ လုံးကြီးကြီးညစ်၊ ကြက်သွန်ဖြူ ၁ ဥ ပါးပါးလှီး၊ ငရုတ်သီးစိမ်း လိုသလောက်ပါးပါးလှီး အရင်နယ်လိုက်ပါတယ်။ ငရုတ်သီးပူမှာကြောက်ရင်တော့ လက်အိတ်လေးစွတ်နော်။ ကျွန်မတော့ နှစ်ထပ်စွတ်ပြီးနယ်လိုက်ပါတယ်။ နယ်ပြီးရင် ဆား အချို မြည်းကြည့်လိုက်တယ်။ အနေတော်ပဲဆိုရင်တော့ ဆီနည်းနည်းထည့်ပြီး ပြန်နယ်လိုက်တယ်။ ပြီးရင် ဗူးအလွတ်သန့်သန့်ထဲထည့်၊ အပေါ်ကနေ ဆီစိမ်းပြန်ဆမ်းပြီး ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါတော့တယ်။


13 comments:

Anonymous said...

ဒီတပတ်ရုံးပိတ်ရက်လုပ်မယ်မမ ..လ္ဘက်ဆိုတအားကြိုက်တယ် ဘယ်ခါစားစားရိုးဘူး

ကျောပိုးအိတ် said...

မမရေ လ္ဘက်နှပ်လေး တစ်တို့ လောက်။

မမပြောတာ သဘောကျလွန်းလို့ ပြုံးတောင်နေမိတယ်။
သေကာမှသေရော စားနေကြမှာဘဲ။

ဟုတ်တယ်နော်။ မြန်မာရိုးရာအစားအစာထဲမှာ သူလဲပါနေတာ။ စားမှာဘဲ. မတားနဲ့ ။ ခုမှစားတာဟုတ်ဘူး။

ရှုးးးးးးးးးးးးးးတိုးတိုးနော်။ တော်ကြာတော်ကြာ
း)

naychi said...

လက်ဖက်ဆို ကြိုက်စ်စ်စ်
အိမ်မှာလည်း နှပ်ထားတယ်... ဒီတိုင်းကို ကလော်စားတာ (အကြော်ကုန်နေလို့ ဟီးးဟီးး )

Unknown said...

မစားရဲဘူး..... ငရုတ်သီး ကြောက်လို့....

subuueain said...

လက်ဖက်က တစ်ယောက်တည်းစားရတာ
ထက်အဖော်အပေါင်းလေးနဲ့ စကားတပြောပြောနဲ့စားရတာကောင်းတယ် :)

စန္ဒကူး said...

နှပ်ထားတာလေးဘဲစားသွားပါတယ်..ကွယ်...

လွတ်ငြိမ်းလေပြေ (breeze) said...

မမိုး
လေပြေလည်း မသိချင်ယောင်ဆောင်ပြီး လဖက်စားနေတုန်းပဲ
း)

ကိုလူထွေး said...

သြော် လက်ဘက်နှပ်လား...

ပုံကိုမြင်ကာစက နှင်းဆီတွေ ဂန်ဓမာတွေနဲ့ စည်းထားတဲ့ ပန်းစည်းကြီးလို့ ထင်နေတာ...

အဲလောက် မျက်လုံးကကောင်းတာလေ...

ဂျပန်ကောင်လေး said...

လက်ဖက်တော့ မနှပ်ချင်ဘူး. စားတော့စားချင်တယ်.. အဟိ

rose of sharon said...

လက်ဖက်နှပ်လေးကစားချင်စရာလေး ကျမကအဲလိုနှပ်စားရတာကြိုက်တယ်...

မီးမီးချစ် said...

မထောင်း ဘူး လား မမ..
မီးချစ် က တော့ ထောင်း တာ ပို ကြိုက်တယ်..
ဝါးစရာ မလို တော့ ဘူး ..း)

MrDBA said...

အား .. မန်းကြီးက အဲလောက်တောင် အစပ်စားသလား။ မထင်ရဘူး။ ဒါကြောင့် အသားမဲတာနေမှာ ..ဟမ် ဘာမှလဲဆိုင်ဘူး။

မေလေး said...

မမ မထောင်းရဘူးလား။ မေလေးဆိုအမြဲထောင်းထားတယ်။ မေလေးလဲသောကြာညတိုင်းလက်ဖက်စားတယ်