Friday, July 24, 2009

ဝက်သား ပုန်းရည်ကြီးချက်

အရင်တစ်ခေါက်က အမဲသား ပုန်းရည်ကြီးချက်ဆိုပြီး ဒီမှာ ပို့စ်တင်ဖူးပါတယ်။ ၀က်သား ၀ယ်ထားတာ မရှိလို့ ရှိတာနဲ့ချက်တင်လိုက်တယ်။ နည်းတစ်မျိုးရတာပေါ့။ နော့်။ ဒီနေ့တော့ ၀က်သား ပုန်းရည်ကြီးချက်လေး ချက်စားလိုက်ပါတယ်နော်။



ဝက်ပုန်းရည်ကြီးချက် သုံးဆောင်သွားပါအုံးလား။




ဆီတော့ နည်းနည်းများတယ်ကွယ်။



လိုအပ်သောအရာ

ဝက်သား မိမိကြိုက်နှစ်သက်သော အပိုင်း (သုံးထပ်သားဆိုပိုကောင်းတယ်။ ဒီနေ့တော့ သုံးထပ်သား ၀ယ်ထားတာ မရှိလို့ အသားကြီးပဲချက်လိုက်တယ်။)
ပုံရည်ကြီးထုပ် ၂ ထုပ်
ကြက်သွန်နီ ၃ လုံး၊ ကြက်သွန်ဖြူ ၅ တက် (အနှစ်များချင်ရင်တော့ ကြက်သွန်နီများများထည့်ပါနော်)

ချက်ပြုတ်ပုံ

ဝက်သားကို အနေတော် အတုံးတုံးထားပြီး ဆား၊ အချို့မှုန့် အနည်းငယ်ထည့်ပြီး နယ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ အရောင်နီအောင်ထိ ကြော်ပေးပါ။ အရောင်တင်မှုန့်၊ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ပြီး နယ်ထားသော ၀က်သားကိုထည့်ပါ။ ၁၀ မိနစ်လောက်လုံးထားပေးပါ။ ပြီး ရေနွေးထည့်ပြီး အသားနူးအောင်တည်ထားပါ။ ဆီပြန်လာခါနီး ပုံရည်ကြီးထုပ်ကိုထည့်ပါ။ ပုံးရည်ကြီးကို စီးစီးလေးစားချင်လို့ မီးဖြည်းဖြည်းနဲ့ ကြာကြာချက်ထားပါတယ်နော်။ (အခြောက်ထုပ်ဆိုရင် ရေနွေးနဲ့အရင်ဖျော်လိုက်ပါနော်) ဆီပြန်လာရင် ၀က်ပုံးရည်ကြီးချက်ရပါပြီ။ မြည်းကြည့်သွားပါအုံးနော်။

13 comments:

Anonymous said...

ထောပတ်သီး ဖေဖေဆိုတအားကြိုက် ၀က်သားပုန်းရည်ကြီးချက် ထောပတ်သီင်္းလည်းကြိဲုက်တယ် ဒါပေမယ့်တအားတော့ကြိုက်ဘူး ညစာယူသွားသည်

မေဇင် said...

ဟား....မိုက်တယ်ကွာ... ဒီတစ်ခါ လဲ မီးမီး အကြိုက်ပဲ....၀က်ပုန်း ကို အိမ်မှာတုန်းက အမေ အမြဲ ချက်ကျွေးပေါ့ နောင့် နဲ့ အဖေ ကြိုက်လို့... ဒီရောက်မှ တစ်ခါ မှ မစားရသေးတာ...မေ့တောင်မေ့နေတာ (ဟိဟိ ကြိုက်ပေလို့).... ချက်ကြည့်ဦးမယ်နော်.. ဒါနဲ့ ပုန်းရည်ကြိးတော့ မနက်ဖြန် ရုံးပိတ်တော့ ပင်နီစူလား သွားဝယ်ရမလား မသိဘူး...း)

ဂျာမုန်းဒန် said...

မမမိုးကောင်းသူတော့တကယ်ချက်စားတတ်တယ်။
စားကောင်းတွေကိုထွင်တတ်လွမ်းပါတယ်။
ဝက်သားပုန်းဆိုဂျာမုန်းလည်းအရမ်းကြိုက်တယ်
နောက်ချက်စားဖြစ်ရင်ပြအုံးမယ်။
ကချင်ပြည်နယ်သူတွေအစပ်တော့ကြိုက်တယ်နော်။
ညီမဆီမငပိကအ၇မ်းစပ်တာ။ အစပ်စားရင်တော့၂ခါအီမယ်...ဒါပဲလိုတယ်။
စားရတာတော့မိန်တယ်နော်...ဟီး။
ဂျာမုန်းရဲ့မေးလ်နော်(blessingroi@gmail.com)
မမမိုးကောင်းသူနဲ့တခါတလေချက်တိန်လုပ်မယ်လေ။
မေးလ်ပို့လိုက်အုံနော်။
ချစ်ညီမလေး
ဂျာမုန်း

ဂျပန်ကောင်လေး said...

:).. ကြိုက်တယ်..

subuueain said...

ဝက်ပုန်းရည်ကို ငရုတ်သီးထောင်းနဲ့နယ်စားချင်တယ်

rose of sharon said...

ကြိုက်တယ်.... ပုံထဲကအတိုင်းဖြစ်အောင်ချက်စားကြည့်မယ်...

ကိုလူထွေး said...

ပုန်းရည်ကြီး... ကြိုက်စ်စ်စ်စ်စ်စ်စ်

ကျောပိုးအိတ် said...

ချက်နည်းသိသွားပြန်ပြီ။ အစကလေ သမီးချက်တာ ကောင်းဘူးတော့။ တစ်ခုခုမှားနေတယ်ထင်တာ။ သမီးကလေ စချက်ကတည်းက ပုန်းရည်ကြီးတွေပါ ထည့်လိုက်တာ။
း)

ခုတော့သိပြီ။
ကျေးဇူးမမ

ချစ်တဲ့
ကျောကျော

yaewoori said...

လာလည်ရင်း အကုန်စားသွားပါတယ်။

ကျော်နှင်းဆီလွင် said...

မမိုးရေ
ဒီနေ့ချက်စားမှာ
ဝက်သားတောင်ဝယ်ထားပြီ
ကြည့်ရုံနဲ့မတင်းတိမ်နိုင်တော့ဘူး
:D

Phyoe Khaing Min said...

wai..When I come and visit to you, don't forget to cook that curry. :D

Mogok Thar said...

ကျနော် သိပ်ကြိုက်တဲ့ဟင်းးး။ ချက်တော့ မစားတတ်ဘူးး။
ပုံလေးပဲ ငမ်းပီး စားတော့မယ်ဗျာ။

မြတ်မွန် said...

ဝက်ပုန်းရည်ကြီး ချက်မလို့ နည်းလာယူသွားတယ်..အမရေ..။