Monday, March 9, 2009

အမဲသားပုန်းရည်ကြီးချက်



အမဲသားပုန်းရည်ကြီးချက်လို့ ကျွန်မကိုယ်တိုင် တစ်ခါမှ မကြားဘူး၊ မစားဘူးပါ။ :D တကယ်တော့ ၀ယ်ထားတဲ့ ၀က်သားက တောက်တောက်စင်းမို့လို့ ရှိတဲ့အမဲသားကို ပုံရည်ကြီးနဲ့ချက်လိုက်ရခြင်းဖြစ်ပါတယ်။ ၀က်သားအစား အမဲသားထည့်လိုက်တာပါ။ ကျန်တာကတော့ ၀က်ပုန်းရည်ကြီးချက်နည်းအတိုင်းပါပဲ။ ၀က်ပုန်းရည်ကြီးချက်တဲ့နည်းပဲရေးထားပါတယ်။

လိုအပ်သောအရာ

ဝက်သား မိမိကြိုက်နှစ်သက်သော အပိုင်း(တချို့က သုံးထပ်သားကြိုက်တယ်၊ တချို့က အသားကြီးပဲကြိုက်ကြတယ်။) (ကျွန်မကတော့ အမဲသားနဲ့ဒီနေ့ချက်လိုက်တယ်)
ပုံရည်ကြီးထုပ် အလတ် ၂ ထုပ်
ကြက်သွန်နီ ၃ လုံး၊ ကြက်သွန်ဖြူ ၅ တက်

ချက်ပြုတ်ပုံ

ဝက်သားကို အနေတော် အတုံးတုံးထားပြီး ဆား၊ အချို့မှုန့် အနည်းငယ်ထည့်ပြီး နယ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ အရောင်နီအောင်ထိ ကြော်ပေးပါ။ အရောင်တင်မှုန့်၊ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ပြီး နယ်ထားသော ၀က်သားကိုထည့်ပါ။ ၁၀ မိနစ်လောက်လုံးထားပေးပါ။ ပြီး ရေနွေးထည့်ပြီး အသားနူးအောင်တည်ထားပါ။ ဆီပြန်လာခါနည်း ပုံရည်ကြီးထည့်ပါ။ ဆီပြန်လာရင် ၀က်ပုံးရည်ကြီးချက်ရပါပြီ။ ဒီနေ့ကျွန်မကတော့ အမဲပုန်းရည်ကြီးချက်ပေါ့။ မြည်းကြည့်သွားပါအုံးနော်။

No comments: