Thursday, August 13, 2009

သွေးတက်စေမယ့် ငါးသလောက်ချက်

အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်ဆိုပြီးရှိတယ်။ ငါးမှာ ငါသလောက်ပေါ့နော့်။ တစ်ခါတစ်လေ ဈေးသွားရင် ငါးတန်းမှာ ငါးသလောက်ကိုတွေ့ရတတ်တယ်။ ကိုယ်တော်ကြီးတော့ ငါးသလောက်ပေါင်း စားချင်သားလို့ပြောတယ်။ ငါးသလောက်ကို မြင်သာမြင်တယ် pressure cooker မရှိတာနဲ့ မချက်ဖြစ်ဘူး။ ဒီအတိုင်းချက်ပေးမယ်ဆိုတော့လဲ့ အရိုးနူးမှာမဟုတ်ဘူးတဲ့။ အိမ်မှာဆိုရင်တော့ ငါးသလောက်ကို ဗိုက်သားကြီးပဲတတ်ဝယ်ပြီး ဆီလည် ရေလည်လေးချက်စားတတ်တယ်။ ကျွန်မကတော့ အဆီ ၊ အခေါက် ၊ အရိုးဆို အရမ်းကြိုက်ပဲ။ ငါးဝမ်းတွင်းသားချက်ပေးလဲ ကြိုက်တာပဲ။ ငါးရံ့အူချက်လဲ ကြိုက်တာပဲ။ ငါးပူစီဖောင်းချက်လဲ ကြိုက်တာပဲ။ စားချင်တာတွေရေးနေရင် ကုန်မယ်မထင်။ ဒါနဲ့ လူဆိုးက Ready (ရယ်ဒီ) ငါးသလောက်ဗူး ၃ ဗူးဝယ်လာတယ်။ ဒါလေးကို ချက်အုံးမှဆိုပြီး ငါးသလောက်ကို ချက်လိုက်ပါတယ်။ ဒီမိုးကောင်းသူ အစတွေချီနေတာ နောက်ဆုံးတော့ ရယ်ဒီကြီးနဲ့ကိုးပြောတော့မယ်။ တတ်နိုင်ဘူး pressure cooker မှ မရှိတာကို။ ချက်နည်းတော့ သိပ်ပြောနေစရာမလိုဘူးထင်တယ်နော်။ တစ်ဗူးကို အတုံးသေးသေး ၃ သုံးပဲ ပါတာမို့ များသွားအောင် ကြက်သွန်နီနဲ့ရောပြီး ပွားလိုက်ပါတယ်နော်။ မြန်ဆန်သွက်လက် ငါးသလောက်ချက်ရပါပြီရှင်။ သွေးတိုးရှိသူများ မစားရ။ (အကျော မတက်စေရဘူး။ တက်ကျောနုတ်ထားတယ်နော်။ ရန်ကုန်တုံးက ငါးသည်တွေ အဲလိုပြောရောင်းတာပဲ။ ရန်ကုန်ရောက်မှ တက်ကျောနုတ်တယ်ဆိုတာ သိတော့တယ်။ ပြီးတော့ ကိုယ်လဲ တက်ကျောလေးနုတ်ထားတယ်ဆိုပြီး စားတော့တာပဲ။) အားမနာတမ်း သုံးဆောင်သွားပါအုံးလား။ ပြီး ခေါင်းပြားအောင် အိပ်ပေတော့။ ဟီးဟီး




ငါးသလောက်ချက်လေး သုံးဆောင်သွားပါအုံးလား။
ချဉ်ပေါင် ရည်ကျဲ နဲ့ ငရုတ်သီးထောင်းနဲ့တွဲ စားကြတယ်ကွယ်။

14 comments:

MrDBA said...

ဟယ် ဗူးခွံလေးပြပါလား တံဆိပ်သိရအောင်။ နောက်ပြီး ငါးသလောက်ဗူးမှန်း ဘယ်လိုသိနိုင်လဲ။ ငါကိုကတုံးထှာပါကွယ်။

မိုးကောင်းသူ said...

ကိုကြီး ဒီဘီရေ ......... ဗူးခွံတော့ ပစ်ပလိုက်ပြီကွယ်။ Ready တံဆိပ် ငါးသလောက်လို့ ရေးထားလို့ပါ။ မမှားစေရပါဘူး။ ပင်နီဆိုလာမှာ ရပါတယ်။

Sandakuu said...

အရမ်းကြိုက်တယ် ငါးသလောက်ပေါင်း...
စားချင်လာပီ.....စားချင်လာပီ...

Yu Ya said...

မမိုးကောင်းသူရေ.. မစားခင်ကတည်းက အိမ်ချင်နေပါပြီဗျာ။ ဒါပေမယ့် လာမယ့်အပတ် ပင်နီဆိုးလားရောက်ရင် သွားဝယ်စားအုံးမယ်။ တက်ကျော ဘယ်လို နှုတ်ရလည်းဆိုတာလည်း ပြောပြအုံးမှ ပေါ့ဗျာ။ ဒီမှာ စားပြီး တက်နေရင် ဒုက္ခ.အဟီး။

yu ya

ThuHninSee said...

ငါးသလောက်စားချင်တယ်..
ငါးဆိုတာ ဟင်းချက်မှ ပိုကောင်းသလားလို့။ မန်ကျဉ်းရည်လေးနဲ့ချက်ရင်
တက်ကြောနှုတ်စရာမလိုပါဘူး။

မေဇင် said...

ငါးသလောက် ဗူးရှိတယ်လား.... မသိဘူးတော့... ဟိုတလော က ငါးသလောက်ဝယ်ပြီး တစ်နေကုန်နီးပါး ချက်တာလဲ မနှုးလို့ ဒုက္ခတွေ ရောက်လိုက်တာ...။ ပင်နီစူလာ ရောက်ရင် မေးဦးမယ်..။

ကျောပိုးအိတ် said...

မမရေ

ငါးသလောက်ဥကြော်ပိုကြိုက်တယ်။ ရအောင်ရှာပြီး ကြော်ကျွေးပါနော်။

ချစ်တဲ့
ကျောကျော

subuueain said...

ငါးသလောက်ကိုပဲပင်ချဉ်လေးနဲ့သုတ်စားချင်တယ်။

မေလေး said...

ချားချင်ဒယ်

T T Sweet said...

တက်ချင်တက်ပလေ့စေ။ ငါးသလောက်ပေါင်း အရမ်းကြိုက်ပါတယ်။ ချက်စားဦးမယ် ...

rose of sharon said...

သွေးတက်ရင်လဲတက်ပါစေတော့... ငါးသလောက်ကို အရမ်းကြိုက်တယ်

မြစ်ကျိုးအင်း said...

အမ မိုးကောင်းရေ နောက်တခါ ငါးသလောက်ပေါင်းပါလား ငေးချင်လို့
ဟင်းကတော့ အရိုးများလို့ သိပ်မကြိုက်ဘူး

လုလု said...

ငါးသလောက်ချက်လေးရယ်
ချဉ်ပေါင်ဟင်းရည်ကျဲရယ်
ငရုတ်ကောင်းဆားထောင်းရယ် အကုန်စားလိုက်ပြီ ကြိုက်တယ်

ကိုလူထွေး said...

ငါးသလောက်စားရင် အိပ်ပျော်သွားလို့ အခုတရေးနိုးမှ မန့်ရတယ်...

ဟားးးး

းဝ)