Monday, September 21, 2009

ခရုချက် နဲ့ ဂဏန်းချက် နဲ့ အားပြိုင်ကြရာဝယ်

ပြီးခဲ့တဲ့ သောကြာနေ့ ညနေကပေါ့။ မင်းသားတို့ ဖုန်းဆက်လာတယ်။ တစ်ခုခုလုပ်စားကြမယ်တဲ့။ ဘာလုပ်စားကြမလဲပေါ့။ ကျွန်မလဲ အိမ်မှာ ရှိတာ မှန်သမျှရွတ်ပြတယ်။ ဒီတော့ ဂဏန်းချက်စားမယ်ပေါ့။ ဂဏန်းချက် ဓာတ်ကျနေကြတယ်။ လူပျိုသိုးကြီး နည်းအတိုင်းချက်တာ အကောင်းလွန်သွားလို့လားမသိဘူး။ စားကောင်းတယ်တဲ့။ အမှတ်တွေရနေတယ်။ ဟီးဟီး။ အရည်လေးနဲ့ချက်တော့ တစ်မျိုးစားလို့ကောင်းပါတယ်။ ချက်နည်းကတော့ ဟိုတစ်ခါတုံးက ရေးထားပြီးလို့ မရေးပေးလိုက်တော့ဘူးနော်။ ချက်နည်းက ဒီမှာ ရေးဖူးပါတယ်ရှင်။


ဒီနေ့မှာ ထူးထူးခြားခြားချက်စားဖြစ်တာက ခရုချက်ပါ။ မင်းသားတို့ဝယ်လာတာ။ ပြီးတော့ မင်းသားက မစားဘူး။ စားဖို့ နေနေသာသာ ထိတောင် မထိရဲဘူး။ မင်းသား သတ္တိရှိပုံများနော်။ အဟီး ပြောတော့ဘူး။ ခရုချက်တာတော့ ကျွန်မလဲ အရိုးသီးချင်းထဲကလို ရှိတာ အကုန်ပစ်ထည့်ပြီး ချက်လိုက်ပါတယ်။ ဒီခရုချက်ရဲ့ အရသာက ပြည်ကြီးငါး(ခေါ်)ကင်းမွန် စားရတဲ့အရသာနဲ့ တူပါတယ်။ အထူးသဖြင့် ပြည်ကြီးငါးရဲ့လက်တွေစားရတဲ့ အရတာနဲ့ ပိုတူသလားလို့။ စားရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ခရုတစ်ကောင်စားဖို့ တစ်နာရီလောက် ကြာမည်ထင်ပါသည်။ သွားကြားထိုးတံနဲ့ ချော့ ချော့ပြီး ကော်ထိုးမှ ထွက်လာပါတယ်။ ပထမ လေး ၊ ငါးကောင်လောက်ကတော့ တစ်ကောင်လုံး ထွက်မလားသေးပါဘူး။ စိတ်ရှည်ရှည်နဲ့ ကော်ထိုးမှ ရပါတယ်။ အလွန် အင်မတန် ခက်ခက်ခဲခဲ စားရတဲ့ ခရုပါ။ စားဖူးသမျှခရုထဲမှာ စားရတာ အခက်ဆုံးဖြစ်မယ် ထင်ပါတယ်။ စားတဲ့သူ ၈ ယောက်ထဲမှာ ကျွန်မ မိုးကောင်းသူသာလျှင် ခရုတစ်ကောင်လုံး ထွက်လာအောင် ကော်ထိုးနိုင်ပါတယ်။ ကျန်တဲ့သူများတော့ အပိုင်းအပြတ်လေးပဲ ရပါတယ်။ မိုးကောင်းသူတို့ တော်ပုံများနော်။ အဟဲ ချီးမွမ်းခမ်းထုတ်လိုက်အုံးမယ်။ အမှန်တကယ်က အစားအသောက်မီးလိုတောက်တဲ့သူမို့ပါ။ :D

အော်............ ခရုချက် နဲ့ ဂဏန်းချက် နဲ့ အားပြိုင်ကြရာမှာ ဂဏန်းချက်တာတင် အနိုင်ရရှိသွားပါကြောင်း။


ပို့စ်တင်တာ နည်းနည်းကျဲသွားလည်း လာလည်ကြသူအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း။



ခရုချက် နဲ့ ဂဏန်းချက် သုံးဆောင်သွားပါအုံးလား။


သီးစုံကိတ် (အချိုပွဲပေါ့)


ဂဏန်းချက် တစ်အိုးလုံးအကုန် ချပြထားပေးပါတယ်။ ကုန်ရင် ဧည့်သည်တွေ ပြန်အောင်လို့။


ခရုချက် (ကြက်သွန်ဖြူ နီရယ်၊ ငရုတ်သီးဆော့ရယ်၊ ယိုးဒယား green curry paste ရယ်၊ ပဲပုတ်အငန်ရယ်၊ ခရုဆီရယ်၊ ကြက်သွန်မြိတ်ရယ်၊ ငရုတ်သီးစိမ်းရယ် ရှိတာ အကုန်ထည့်ချက်ထားပါတယ်။ ဘာချက်နည်းလို့ ပြောရမှန်းမသိပါ)

12 comments:

WWKM said...

ညီမလေးရေ..

ငယ်ငယ်က ခရုချက်ကလေးကို ဆီတိုဖူးလေးနဲ့ အရည်
ကျဲလေးချက်တာ အရမ်းကြိုက်တယ်လေ။ မစားရတာ
ကချင်ပြည်နယ်က ပြောင်းလာပြီးကတည်းကဆိုတော့
အနှစ် ၂၀ ကျော်ကြာပေါ့။ မမက ကြိုက်တယ် သိလား။
စားချင်လိုက်တာ။ ဟုတ်တယ် စားနေမကျတဲ့သူတွေက
တော့ စားတတ်မှာ မဟုတ်ဖူးထင်ရဲ့။
သွားရည်ကျသွားပါတယ် ညီမရေ။

အကြွေးစာရင်ဖတ်သွားတယ်.း)) အေးအေးမှရေးပေးပါ။
အလျှင်မလိုပါဘူး။ ဘယ်လို ဘယ်လို တွေ့ခဲ့ကြတယ်ပေါ့။
ဒါလေးပါပဲ။း)

ညီမလေးပျော်ရွှင်ပါစေ။
ပုဇွန်ခြောက်ဘူးကြီးမြင်တိုင်း ပိုသတိရမိနေတယ် သိလား။း)))

မမ၀ါ

Shinlay said...

စားချင်လာပြီ။ မစားဖြစ်တာကြာပြီ...

subuueain said...

နှစ်ခုလုံးကြိုက်ပေမဲ့ နည်းနည်းဘဲစားရဲတယ်။ ခေါင်းနောက်လို့ ။ သွားရည်ဘဲကျသွားပါတယ် :))

မီးမီးချစ် said...

ထိပ်ဖြတ်ပြီးချက်စား ရတာ မှူတ်ဘူးလား ဟင်..
ဒါဆို ဆွဲထုတ်လို့ ပိုလွယ်မယ် ထင်တယ်နော်

ကိုလူထွေး said...

တအိုးလုံးတူးပြီဟေ့ မည်းရင် ခရုချက်ပဲ...း)

ကိုလူထွေးလဲ ခရုနဲ့ ကဏန်းယှဉ်ရင် ကဏန်းပဲ စားမှာပါ...

းဝ)

ThuHninSee said...

:(မတည့်လို့ မစားရဘူး။

မီယာ said...

ရှယ်ပဲ... ခရုစွပ်ပြုတ်ကို ရှောက်ရွက် ငရုပ်ကောင်း ခပ်ပြီး ရာသီဥတု အေးအေးမှာ သောက်ရတာ သတိရတယ်။ ဂဏန်းရော ခရုရော မချက်တတ်ဘူး။ နောက်မှပဲ ချက်နည်း လာဖတ်မယ်။ :)

စူးနွယ်လေး said...

ခရုမကြိုက်လို့ ဂဏန်းပဲစားသွားတယ်
ဂဏန်းတော့ တအားကြိုက်

စိမ်း... said...

ဟင့် ချက်တတ်ဘူး အဲ့ဒါတွေ... ဒွတ်ခပါပဲ...
အဲ့ဒီခရုကို ဘယ်လိုများ ရအောင်ကော်ပါလိမ့်နော်... ပညာခန်းကိုတော့ လေးစားသွားပြီ....

ဂျာမုန်းဒန် said...

မမမိုးရေ။
ဂျာမုန်းသတိရစွာနဲ့လာစားသွားတယ်နော်
ခရုချက်ကိုအရမ်းကြိုက်တယ်.
ချက်စားအုံးမယ်။
အားလုံးကောင်းတာမို့တစ်ခုမကျန်စားသွားတယ်သိလား။
ချစ်တဲ့
ညီမဂျာမုန်း

မိုးကောင်းသူ said...

မမ၀ါ
အကြွေးဆပ်မယ်နော်။ ဖြည်းဖြည်းပေါ့။ :D

ှ့Shinlay
ဒီကနေပဲ သုံးဆောင်သွားပါနော်။

စုဘူး
သွားရည်တွေ ကျနေတာတွေ့တယ်နော်။ :D

မီးမီးချစ်
ထိပ်ဖြတ်ပြီးချက်စားရတဲ့ ခရုက ဒီခရုဟုတ်ဘူး။ ထိပ်ဖြတ်ချက်ထားတဲ့ ခရုကို နောက်နေ့ တင်အုံးမယ်။

ကိုလူထွေး
ဂဏန်းဟင်းပိုကြိုက်တယ်ပေါ့။ ဒီရောက်ရင် လက်တို့လိုက်ပါ ချက်ကျွေးပါမယ်နော်။

ThuHninSee
seafood နဲ့ တည့်ဘူးလားဟင်။

Pablo (yo)
Thank you so much for visiting my blog.

မီယာ
ကျွန်မတော့ ဂဏန်းဟင်း ချက်တတ်နေပြီ။ ခရုက ပထမဆုံးဆိုတော့ သိပ်မကောင်းသေးဘူး။ :D

စူးနွယ်
ကျွန်မနဲ့ ကြိုက်တာတွေ တူတာများတယ်နော်။

စိမ်း
အစားအသောက် မီးလိုသောက်တဲ့သူဆိုတော့ ခရုကို ကော်တတ်သွားတယ်။

ညီမ ဂျာမုန်းဒန်
ခရုချက်ကြိုက်တယ်ဟုတ်။ ကချင်ချက်လို စားချင်တာ။ မျှစ်ချဉ်နဲ့ ဆန်လှော်နဲ့လေ။ နော်။

Nge Naing said...

ခရုရော ဂဏန်းပါ နှစ်ခုစလုံးကို ကြိုက်လို့ စားသွားပါတယ်။