Thursday, February 26, 2009

မာလာငါးဟင်း


ဘုရားစူး ငါးပါတယ်နော်။ အမြီးပိုင်းလေး တွေ့လား။ ငါးကကျောက်ကျောချောင်းတွေနဲ့ဖုံးနေတယ်။ ဟဲဟဲ


ဒီမာလာငါးဟင်း အနှစ်ထုပ်နဲ့ချက်တာ (သူငယ်ချင်းပေးတဲ့လက်ဆောင်ပါ) လက်ဆောင်များနဲ့အလုပ်ဖြစ်နေ၏။ :D


ချက်ပြုတ်နည်း

ကျောက်ကျောချောင်းကို ရေ ၁ နာရီလောက်စိမ်ထားပါ။ ပြီး ပြုတ်ထားပါ။
ငါးကို ဆား၊ အချိုမုန့်၊ ဆနွင်းအနည်းငယ်ထည့်ပြီး ကြော်ထားပါ။ ကျွတ်နေအောင်ကြော်စရာမလိုပါဘူး။ ဟင်းနှစ်နဲ့ရောလိုက်ရင် ငါးကြေသွားမှာစိုးလို့ တဘတာ ကြော်ရုံပါ။
ကြက်သွန်နီ ၂ လုံးကို လေးခြမ်းစိတ်၊ ကြက်သွန်ဖြူ ၅ တက်ကို အရှည်လိုက်လှီး၊ ဂျင်း အနည်းငယ်ကို အရှည်လိုက်လှီး၊ ခရမ်းချဉ်သီး ၂ လုံး လေးခြမ်းစိတ်၊ ငရုတ်သီးစိမ်း ၁၀ ထောင့်ကိုနှစ်ခြမ်းခြမ်း၊ ဗမာနံနံ အနည်းငယ်ကိုတောက်တောက်စင်း၊ ပင်စိမ်းရွက် အနည်းငယ်ကိုတောက်တောက်စင်း၊ ဖက်ဖယ်ရွက် အနည်းငယ်ကို တောက်တောက်စင်း (မိုးကောင်းကအခေါ်အဝေါ်တော့ ဖက်ဖယ်ရွက်လို့ခေါ်တယ်။ ဒီက စလုံးအခေါ်အဝေါ်တော့ (Laksa Leaf) ဆိုလားပဲ။) ဒါတောင် ရှမ်းနံနံပါထည့်ရင်ကောင်းတယ်။ အမွှေးအကြိုင်တွေစုံသွားတာပေါ့။ စုံလဲ စား။ မစုံလဲ စားပေါ့လေ။ ဟဲဟဲ..........
ပြီးချက်မယ့်အိုးကို ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်ရင် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဂျင်း ထည့်ပြီး ဆီသတ်ပါ။ အရောင်နီလာသည် အထိ စောင့်စရာမလိုပါဘူး။ အနည်းငယ် ပျော့သွားရင် ရပါပြီ။ ပြီး မာလာငါးဟင်းအနှစ်ထုပ်ထည့်ပါ။ ကြော်ထားတဲ့ငါးထည့်ပါ။ ပြုတ်ထားတဲ့ ကျောက်ကျောချောင်းထည့်ပါ။ ရေနွေး ထည့်ပါ။ (ရေနွေးမရှိလဲ ရေအေးထည့်လဲရင်ပါတယ်) ဟင်းဆူပွက်လာရင် တောက်တောက်စင်းထား သော နံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်များကိုထည့်ပါ။ (ဆား၊ အချိုမုန့်ကို လိုအပ်မှ ထည့်ပါ။ ဟင်းအနှစ်ကလဲ ပါပြီးသားမို့လို့ပါ)
အသင့်စားသုံးနိုင်သော ရှူးရှူးရှဲရှဲ မာလာငါးဟင်းတခွက်ပါ။ လိုအပ်ရင် ငရုတ်ကောင်းမုန့်ပါ ထည့်။ ပူပူစပ်စပ်ငါးဟင်းတခွက်။ ကောင်းလေအိ မကောင်းလေအိတော့ မသိ။ :D

No comments: