Wednesday, August 19, 2009

အာလူး ကတ်သလိတ်ကြော်

အာလူး ကတ်သလိတ်လို့ ရေးလား။ အာလူး ကတ်သလစ်လို့ရေးလားတော့ မသိဘူး။ အဆင်ပြေသလို ပေါင်းလိုက်ပါတယ်နော်။ ဟိုနေ့က ဘလော့ဂါ မောင်နှမတွေအတွက် မွေးနေ့ဟင်းလေး တင်ပေးတုံးကလဲ အာလူး ကတ်သလိပ်ကြော် တစ်ပွဲပါပြီးသားပါ။ အခု သတ်သတ်ပြန်တင်လိုက်ပါတယ်နော်။ ညီမလေး နွေးနေခြည် ကြော်စားတာ မြင်ကတည်းက စားချင်နေတာ။ :D လုပ်စားမယ် လုပ်စားမယ်နဲ့ မလုပ်စားဖြစ်ဘူး။ ခုတော့ ပြီးခဲ့တဲ့ ပိတ်ရက်က လုပ်စားလိုက်ပါတယ်။ အခုက အာလူးကို ထောင်းထားတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူ နီကို လက်လှည့်ပြီးကျိတ်တဲ့ ကျိတ်စက်လေးနဲ့ လှည့်ပြီး ကျိတ်လိုက်ပါတယ်နော်။ ကဲ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ဒီမှာလဲ အာလူး ကပ်သလိပ် ကြော်နည်းတွေပါရှင်။






ကြိုက်တာကို အားမနားတမ်း သုံးဆောင်သွားပါအုံးနော်။


အာလူး ကတ်သလိတ် အမဲသား အစာသွတ်ကြော် ကျွတ်ကျွတ်လေး။


အာလူး ကတ်သလိပ်ကြော် ကျွတ်ကျွတ်လေး။ (အမဲသားအစာသွတ်နဲ့ မစားတဲ့သူတွေအတွက် အထူးစပယ်ရှယ် သတ်သတ်လွတ်ကြော်ထားပေးတယ်နော်။)


အစာသွတ်အတွက် အမဲသားတောက်တောာက်ကြော်။ မုန်လာဥနီ၊ ဂေါ်ဖီထုပ်ပါထပ်ထည့်ထားပါတယ်။ ကုလားလေး မဆလာပါထည့်ထားတယ်နော်။


အမဲသား တောက်တောက်ကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြက်သွန်နီနဲ့ ရောကြော်ထားပါတယ်။


မန်ကျည်းမှည့် အချဉ်ရည် ( မန်ကျည်းမှည့်ရည်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်ထည့်ထားပါတယ်နော်။)


အာလူးပြုတ်ပြီး ဆား၊ အချိုမှုန့်ထည့်ပြီး ဒီလိုထောင်းထားပါတယ်။


ထမင်းပူပူနဲ့ အာလူး ကက်သလိပ်ကြော်နဲ့ စားကြပါတယ်။


အာလူး ထောင်းပုံ

အာလူးကို အရင်နူးအိနေအောင် ပြုတ်ထားပါတယ်။ ပြီး အခွံခွာပြီး ကျိတ်စက်လေးနဲ့ လှည့်ပြီး ထောင်းထားလိုက်တယ်ပေါ့။ ပြီး ဆား၊ အချိုမှုန့်၊ ကော်မှုန့်ထည့်ပြီး စီးနေအောင် နာနာနယ်လိုက်ပါတယ်နော်။


အာလူး ကတ်သလိပ် ကြော်နည်း

ကြော်မယ့်အိုးတည်ပါ။ ဆီထည့်ပါ။ ဆီကျက်လာရင် အာလူးကို ဂေါ်လီလုံးလောက်လုံးပြီး ပြန်ပြားပါ။ ပြီး မီးဖြည်းဖြည်းနဲ့ကြော်ပါ။ ကျွတ်မှ တစ်ဖက်သို့ ပြန်လှန်ပါ။ မဟုတ်ရင် ကပ်နေမှာစိုးလို့ပါ။ ဒါကတော့ ရိုးရိုး အာလူး ကတ်သလိပ်ကြော်နည်းပါရှင်။

အစာသွတ်ပြီး ကြော်မယ်ဆိုရင် ကြိုက်ရာ အသားထည့်ပြီး အစာသွတ်နိုင်ပါတယ်နော်။ ဒီနေ့ ကျွန်မတော့ အစာသွတ်အတွက် လုပ်ထားတဲ့ အမဲသားတောက်တောက်ကြော် ထည့်လိုက်ပါတယ်နော်။

14 comments:

မြစ်ကျိုးအင်း said...

အာလူးကတ်တလိတ် ဆိုလို့ အမြန်ပြေးပြီး တစ်လာဦး တယ်...။
စောစောစီးစီး ပန်ကန်တ၀က်လောက် ဆွဲသွားပြီ။
ကျွန်တော်ကြိုက်တဲ့မုန့်ဗျ...။ဂွတ်

မြစ်ကျိုးအင်း said...

အရင်ဦးချင်လို့ ကွန်မန့်ပြေးရေးတာ စာသေသေချာချာ မဖတ်လိုက်ရဘူး..။
အမဲသားမစားဘူးဗျ....။အမဲသားပန်ကန် ပြန်ထားခဲ့တယ်နော်...။နောက်လာစားတဲ့သူတွေ အတွက် ထားထားပေးခဲ့တယ်..။

rose of sharon said...

နှစ်မျိုးလုံးစာချင်တယ်... အချဉ်လေးနဲ့တော်တော် ထမင်းမြိန်မှာနော်...

မေဇင် said...

နောင့် လဲ အမဲသား မစားဘူး... နောင့် လေ ပိန်းချက်... ထောင်းရမယ်ဆိုလို့ လုပ်မစားတာ... ခုလို ကြိတ်လို့ ရမှန်း သိရင် ကြိတ်ပြီး လုပ်စားတာ ကြာပေါ့....။ ငရုတ်ဆုံ မှမရှိတာဆိုပြီး မလုပ်စားတာလေ...။း)

Yu Ya said...

ကောင်းတယ် အမဲသားမစားတဲ့သူတွေကို အဖြူသားနဲ့ ကြော်ထားတာ မရှိလို့ မကျွေးဘူးပြောလိုက် မမိုးရေ..။

အဟီး..ကျွန်တော်ကတော့ အမဲသားလည်းစားတယ်။ အမဲသားမပါတဲ့ ပလိန်းလည်းစားတယ်။ အကုန်လုံး စားသွားပါတယ်ခင်ဗျာ.

ကဲ..ကဲ...နောက်လာမယ့်လူတွေ ဘာမှ မရှိတော့ပါဘူး...။ အနံ့ပဲ ခံပြီး ပြန်ကြတော့... အဟဲ..။

yu ya

မိုးကောင်းသူ said...

ကိုမြစ်ကျိုးအင်းရေ
အမဲသားက မစားကြတဲ့သူများတယ်နော်။ ဖြည်းဖြည်းလဲ စားသွားအုံး။ ပူအုံးမယ်။ :D

rose of sharon
အချဉ်ကတော့ ကြိုက်မှကြိုက်။ :D

ညီမလေး မေဇင်
နည်းရသွားပြီနော်။ ပြီး ကြော်ကျွေးအုံး။

subuueain said...

စားချင်လိုက်တာ အမဲသားမစားတော့ သတ်သတ်လွတ်ပဲ ကြိတ်သွားတယ်။ ပါဆယ်လည်းယူသွားတယ်နော် :)

Sandakuu said...

အဲဒီအာလူး ကတ်သလိတ်ကို စာလုံးပေါင်း စဉ်းစားနေတာ ၂ ရက်ရှိပီ...
အခုတော့အတော်ပဲ.. ဟိဟိ..
အရမ်းကြိုက်တယ်..လုပ်ရတာလက်ဝင်သလို စားလို့လဲအရမ်းကောင်း...း)

စူးနွယ်လေး said...

သွားရေကျအောင်းလုပ်တယ်နော်...
လုပ်ရတာ လက်ဝင်လို့ မလုပ်စားဖြစ်ဘူး

ကျော်နှင်းဆီလွင် said...

မရေ
အာလူးကက်သလိပ်သိပ်ကြိုက်တာ
အိမ်မှာဆိုညီအမတွေစုပြီးခဏခဏလုပ်စားတာ
ဒါပေမဲ့ဖွာဖွာထွက်လို့
ခုမှပဲလှလှပပကြော်နည်းပွိုင့်ကိုသိတော့တယ်
အရမ်းကောင်းမဲ့ပုံနော်
အများကြီးစားသွားတယ်
:D

ဝက်ဝံလေး said...

မစနေ ဆီမှာ တွေ့လို့ အာလူးကတ်သလိတ်ကြော်ဆိုတာနဲ့ အဟီးးးး သွားရည်ကျပြီး လိုက်ချလာတာ အဟားးးးးးးး ရှလွတ် စားချင်စဖွယ်ပဲ သတ်သတ်လွတ် အာလူး ကတ်သလိတ် ကြော်ပဲ စားသွားတယ်နော် ဝက်လေးက အမဲသားမစားလို့ အဟီးးးးးး
ညီမတို့လဲ တခါတလေ လုပ်စားဖြစ်တယ် ဒီမှာကျတော့ ကောင်းတယ် အာလူးအမှုန့်လေးတွေရောင်းတာကို ဒါကြောင့်ထောင်းစရာမလိုဘူး သက်သာတယ် အမှုန့်ကိုရေနွေးဖျောပြီး ဆားတွေ ဘာတွေနဲ့နယ်ပြီး လုံးပြီး ကြော်လိုက်ခဏလေးပဲ ဟိဟိ ပြောရင်းတောင် စားချင်လာပြီး ရှလွတ် ဟားဟားးးးးးးးးးးးးးးးး

နောက်လဲ လာခဲ့မယ် သိလား ဟင်းတွေ သွားရည် ကျရအောင်လို့အဟီးးးးး

ဘိုင် တာ့တာ

မီးမီးချစ် said...

သေချာ ပါပြီ ဒီတပတ် အားလူး ကတ်တလိတ် လုပ်စားဖြစ်တော့မှာ..း)

ကျောပိုးအိတ် said...

အာလူးကတ်သလိပ် ကြိုက်မှကြိုက်။
ဟိုးတုန်းကဆို ထောင်းရတာ လက်တောင်ညောင်းတယ်။

ခုတော့ ဒီတိုင်းလေးဘဲ နှိုက်စားသွားတယ်။
သြော် နှိုက်စားတယ်ဆိုလို့  ဒီအိမ်ကိုလာရင် စားရတော့မယ်ဆိုတာ သိလို့  တစ်ခါထဲ လက်ပါဆေးလာတယ်။

ဒီလိုကြိုးစားတာ
အဟိ

မယ့်ကိုး said...

အာလူးကက်သလိပ်သိပ်ကြိုက်တာ...အခုမှပဲ ရောက်တော့တယ်။ ရုပ်ချော သဘောကောင်း ဟင်းချက်လည်း ကောင်းတဲ့ မမိုးနဲ့ စောစောထဲက ခင်ဖို့ကောင်းတာ။:) ...(နောက်တွေ့ရင် များများကျွေးအောင်လို့ :P)

ချစ်ခင်စွာ...