Thursday, August 20, 2009

ကျွန်မရဲ့ Spaghetti (စပါကတီ)

Spaghetti လဲ ပြီးခဲ့တဲ့ ပိတ်ရက်တုံးက လုပ်စားတာပါ။ လုပ်စားဖြစ်တဲ့အကြောင်းအရင်းက ဘန်ကောက်က ကိုယ်တော်ကြီးရဲ့ သူငယ်ချင်းလာမယ်ဆိုတာနဲ့ ညနေစာမချက်ဘူး။ သူငယ်ချင်းနဲ့ အပြင်မှာစားမယ်ပေါ့။ ဒီတော့ ကျွန်မလဲ မနက်စာပဲချက်ပြီး ညနေစာကို ဘာမှ မချက်လိုက်တော့ဘူး။ ညနေ ၆ နာရီ ၊ ၇ နာရီလောက်တောင် ရှိနေပြီ သူငယ်ချင်းကလဲ ဖုန်းမဆက်။ ညနေစာချက်မယ်ဆိုလဲ နေပါအုံး ဖုန်းဆက်လိမ့်မယ် စောင့်ပါအုံး ဆိုတာနဲ့ ဆက်လက်ပြီး စောင့်နေလိုက်တယ်။ ၈ နာရီခွဲနေပြီ ဒါနဲ့ မဖြစ်ချေတော့ဘူး တစ်ခုခုတော့ လုပ်စားမှဆိုပြီး နှစ်ယောက်သား ဈေးဆင်းဝယ်ကြတယ်။ ရောက်တော့လဲ ဟိုဟာချက်စားရင် ကောင်းနိုး၊ ဒီဟာ ချက်စားရင် ကောင်းနိုးနဲ့။ ကိုင်လိုက်ချလိုက်နဲ့ မပြီးတော့ဘူး။ ကဲကဲ ဆုံးဖြတ်ချက်ချဆိုပြီး စပါကတီလုပ်စားမယ်ဆိုပြီး ဖြစ်သွားတယ်။ ဘာမှ သိပ်လဲလုပ်စရာမလိုဘူး။ အားလုံး ရယ်ဒီမိတ်ဝယ်လာခဲ့တယ်။ အိမ်ရောက်မှ ဟိုရော ဒီရော လုပ်လိုက်ပါတယ်နော်။ မြန်ဆန် သွက်လက် စပါကတီ တစ်ခွက်။ အားမနားတမ်း သုံးဆောင်သွားပါအုံးလား။


ကျွန်မရဲ့ စပါကတီလေး သုံးဆောင်သွားပါအုံးလား။


ကဲ ........ ဇွန်း ခရင်း နဲ့ ဆွဲမယ်ကွယ်။ ကိုယ်တော်ကြီး ပန်းကန်။


ဒါကတော့ ကျွန်မ ပန်းကန်။


ချိစ်တွေ ပျော်သွားအောင် ကင်စက်လေးထဲ အပေါ်မီးနဲ့ ၁၀ မိနစ် ထည့်လိုက်ပါတယ်နော်။


အသားတလွှာ၊ ဆော့စ်တလွှာ၊ ချိစ်တလွှာ လုပ်လိုက်ပါတယ်။


ဟိုနေ့က ကျန်တဲ့ အမဲသားတောက်တောက်ကြော်ရယ်၊ ၀က်သားတောက်တော်ရယ် ရောကြော်လိုက်ပါတယ်။ ပြီး ခေါက်ဆွဲပေါ်ကနေ တင်လိုက်တယ်နော်။ အမဲသား နဲ့ ၀က်သား မစားကြတဲ့သူတွေ ဘယ်လို လုပ်ရပါ့။ ရောလုပ်မိတယ်။


ဒီ ဆော့စ်ကို ထည့်ပါတယ်နော်။


ကျွန်မရဲ့ စပါကတီလုပ်နည်း

ခေါက်ဆွဲကို နူးနေအောင် ပြုတ်လိုက်ပါတယ်။ စပါကတီက အကျောမာတော့ ကြာကြာပြုတ်ရတယ်။ ပြီး ရေစစ်ပြီး ထားထားပါတယ်။ အသားတောက်တောက်ကို ဆား၊ အချိုမှုန့်ထည့်ပြီး ကြော်လိုက်ပါတယ်နော်။ ပြီးရင်တော့ ကင်စက်ထဲ ထည့်မယ် လင်ပန်းထဲသို့ ထောပတ်နည်းနည်းပွတ်လိုက်ပါတယ်နော်။ ခေါက်ဆွဲတွေ တူးသွားမှာစိုးလို့ပါ။ ဆီပွတ်လဲ ရပါတယ်နော်။ ထောပတ်ပွတ်လိုက်တော့ ပိုမွှေးမလားလို့ပါ။ ပြီး ခေါက်ဆွဲပြုတ်ထည့်ပြီး ဖြန့်ခင်းလိုက်ပါတယ်။ အသားတောက်တောက်ကြော် ဖြန့်ခင်းလိုက်ပါတယ်။ ဆော့စ်ဖြန့်ခင်းလိုက်ပါတယ်။ ချိစ့် ဖြန့်ခင်းလိုက်ပါတယ်။ အားလုံး ဖြန့်ခင်းပြီးရင်တော့ ကင်စက်လေးထဲ အပေါ်မီး ၁၀ မိနစ်ထားလိုက်ပါတယ်။ ချိစ့်လဲ ပျော်သွားပါပြီ။ ကျွန်မရဲ့ စပါကတီလုပ်နည်း လွယ်ဘူးလားလေ။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။

13 comments:

လုလု said...

တို့ပထမကွ
စားသွားပြီ။
ကြိုက်တယ်

Yu Ya said...

မမိုးရေ.. ကျွန်တော်က ဒုတိယဗျ.. ကြိုက်လို့ အကုန်စားသွားပြီ။ သူမျာတွေအတွက် ထပ်လုပ်ပေးလိုက်ပါအုံး..အဟီး။

yu ya

ဝက်ဝံလေး said...

ကိုယုယ ဒုတိယဆိုရင် များက တတိယ ကွ ရှလွတ် သွားရည်ကျတယ်ကွာ စားချင်ချာကြီးးး ဟီးးး

subuueain said...

မမိုးရေ လာစားသွားပြီနော်။ အလိုလုပ်တာမစားဖူးဘူး။ ကင်စက်ထဲထည့်တာလေ။

ကိုလူထွေး said...

စားကောင်းမယ့်ပုံပဲ...
ဥရောပစာလည်း ကြိုက်တာပဲလား...

းဝ)

Vista said...

ဒါက အနော်တို.လိုအပိန်တွေစားရမှာ ဟိဟိ

JuneOne said...

ဟင့် သူ့ဘလော့မလာခင် ကလေးတွေလို သရေခံတပ်ထားရမယ်။

မြစ်ကျိုးအင်း said...

ဒီတခါတော့မစားသွားတော့ဘူး ကြည့်ရုံပဲ ကြည့်သွားတယ်...။း(

ကျောပိုးအိတ် said...

အားမနာတမ်းသုံးဆောင်သွားပါဆိုလို့ အိမ်ရှင်ကျေနပ်အောင် စားသွားတယ်။

တကယ်တော့ စားချင်နေတာ
အဟိ

မေဇင် said...

အား........ နောက်ကျသွားပြီကွယ်...ဒါတော့ လုပ်တတ်မယ် မထင်ကွယ်....း))

Phyo Evergreen said...

Spaghetti တော့သိပ်မစားဖြစ်ဘူး..။ ဒီကဟာတွေက ခရမ်းချဉ်သီးအရည်တွေနဲ့ချဉ်စုပ်နေတာဘဲ..။ ပုံထဲကဟာလေးကတော့ ထွေးထွေးလေးနဲ့စားကောင်းမယ့်ပုံဘဲ..။

ဂျာမုန်းဒန် said...

မမမိုးကောင်းသူရေ...
စပါကတီခေါက်ဆွဲကကောင်းလွန်းလို့ပါ။
အရမ်းကောင်းတယ်။
နှစ်မျိုးစလုံးလာကြိတ်သွားတယ်။
ရှယ်ပဲကွာ။တော်လိုက်တာနော်။
ချစ်စရာလည်းအင်မတန်ကောင်းသား။
ိချစ်တဲ့ညီမ
ဂျာမုန်း

စန္ဒကူး said...

မိုက်စ် တယ်..
စမ်းကြည့်မှ ကိုယ်တိုင်လုပ်တော့ အရသာစိတ်ကြိုက် ထည့်လို့ရတာပေါ့..
ကိုယ်တော်ကြီးက ရောာ... ကြိုက်တယ်တဲ့လား..း)