ညီမလေးမြူး တဂ်ထားလို့သာရေးလိုက်ပါတယ်။ ရှိတဲ့အိတ်တွေကတော့ တကယ့် အကောင်းစားကြီးတွေပဲ။ အဟီးးးးးးးးး လက်ကိုင်အိတ်အကြောင်းကိုရေးရမှာလား။ အကြွေစေ့အိတ်အကြောင်းကိုရေးရမှာလား ဘယ်ဟာလဲမသိလို့။ ညီမလေးမြူးကတော့ အသေးစားလေးတွေကြီးပဲ ရေးထားလို့ အစ်မလဲ အကြွေစေ့ထည့်တဲ့အိတ်တွေပဲ တင်လိုက်တယ်နော်။ ကျွန်မက အကြွေစေ့အိတ်ဆိုရင် သေးသေးလေးတွေပဲကြိုက်တယ်။ အဲလို ပေါက်တက်ကရလေးတွေကြိုက်တာ။ ညီမလေးမြူးရေ ဒီလောက်ဆို ကျေနပ်ပြီဟုတ်။
မြူးလေးက တဂ်လိုက်လို့ ကြောက်နေရှာတဲ့ အစ်မရဲ့အကြွေစေ့ ပိုက်ဆံအိတ်လေး။ အခု လက်ရှိကိုင်နေတဲ့ အကြွေစေ့အိတ်
အခု လက်ရှိကိုင်နေတဲ့ အကြွေစေ့အိတ်။ မြူးရေ.........ဒီကောင်ကတော့ ကြောက်တော့ဘူး။ လျှာတောင်ထုတ်ပြနေပြီ။
အခု လက်ရှိကိုင်နေတဲ့ အကြွေစေ့အိတ်
အခု လက်ရှိကိုင်နေတဲ့ အကြွေစေ့အိတ်
အင်းးးးးးးးးးး။ ဒီအိတ်လေးက သက်တမ်း ၇နှစ်ကျော် ၊ ၈ နှစ်လောက်ရှိပြီ။ သမီးရည်းစားဘ၀တုံးက ကိုယ်တော်ကြီးလက်ဆောင်ပေးထားတာ။ နှစ်ယောက်သားဆင်တူ ၂ လုံး။ သူ့ဟာတော့ ရှိတော့ဘူး။ ယောကျာ်းကိုင်တဲ့အိတ်ကြီးနော်။ တတ်နိုင်ဘူး အချစ်ပေးတာဆိုတော့ ခုချိန်ထိ အမှတ်တရ ကိုင်တုံး။ :D
ရန်ကုန်က ပါလာတဲ့ အိတ်။ မသုံးတော့ဘူး။ ပစ်ရမှာ နှမျောလို့ သိမ်းထားတယ်။ ကပ်စီး ချစ်တီးးးးးးးးးး :D
ရန်ကုန်က ပါလာတဲ့ အိတ်။ မသုံးတော့ဘူး။ သိမ်းထားတယ်။ ဒါလေးလဲ လွင့်ပစ်သေးဘူး။
ဒါတွေက ဘန်ကောက်သွားတုံးက ၀ယ်လာတဲ့အိတ်တွေပါ။ အမေရယ်၊ မေမေရယ်၊ အဒေါ်ရယ်၊ အစ်မရယ် ပေးပို့ The Mall Shopping Center Bangkapi ၀ယ်လာတဲ့ လက်ဆောင်အိတ်တွေပါ။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
6 comments:
ဟေး.....တို့ ပထမဆုံး လာမန့်တယ်း)
အဲဒီလို အိတ်လေးတွေ ကြိုက်တယ်....
နောက်မှတွေ့ရင် တောင်းရ...အဲဟုတ်ပါဘူး
ဝယ်ရဦးမယ်
အကြွေထည့်တဲ့ ပိုက်ဆံအိတ်လေးတွေက ချစ်စရာလေးတွေနော်.မဆုမွန်က ကျောပိုးအိတ်ပဲ ဒီဇိုင်းဆန်းဆန်းလေးတွေ လွယ်တယ် အဲ့လို ဘေးလွယ်အိတ်လေးတွေ စလင်းဘတ်လေးတွေ သိပ်လွယ်ချင်တာ ဒါပေမယ့် မလိုက်ဘူး အခြောက်ကြီးနဲ့ တူသွားတယ် ခိခိ သမောဘန်ကပိက ပစ္စည်းလေးတွေ လှတယ်နော် တန်လဲ တန်တယ် ကောင်းလဲ ကောင်းတယ် ရမ်ဂမ်ဟမ် ကျောင်းက ပြန်လာရင် သွားသွားငမ်းတယ်
အကြွေစေ့အိတ်လေးတွေကချစ်စရာ။
ချစ်စရာ့ အကြွေအိတ်လေးတွေ ငမ်းသွားတယ်နော် အမ
း)
ဟင်... ကလေးမရှိဘူးလဲဆိုသေး...
းဝ)
မရေးးးးးးးးးးး
ကျေးဇူးနော်
မြူးမှာလေရှိဖူးရယ်လေ အဲလိုအိတ်တွေ
ပို့ ပေးနော်တခု ဟီးးးးးးးးးးးးးးး
Post a Comment