ဘန်ကောက်အကြောင်းပြန်ဆက်လိုက်ပါအုံးမယ်နော်။ ပတ်တရားကနေ ပြန်လာပြီးနောက်နေ့ နိုးစက်လဲမပေးဘဲ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ မနက် ၁၀ နာရီလောက်မှ နိုးတော့တယ်။ ရေမိုးချိုးပြီး တနေလုံး ဈေးဝယ်ထွက်လိုက်ပါတယ်။ တည်းတဲ့အိမ်က ညီမလေး လိုက်ပို့တယ်။ ဒါတောင် ညီမလေး ၂ယောက်ပါပေလို့ သာပြောရမည်။ Platinum mall တစ်ခုတည်းမှာတင် အချိန်ကုန်သွားတယ်။ နေ့လည်စာကိုလဲ Platinum mall အပေါ်ထပ်က food court မှာစားလိုက်ကြတယ်။ စားပြီးတာနဲ့ ဈေးဝယ်ပတ်နေလိုက်ကြတာ ညနေမိုးစုန်းစုန်းချုပ်တော့မယ်။ ညီမလေးတစ်ယောက် ဆေးခန်းသွားဖို့ ချိန်းထားတာတောင်နောက်ကျသွားသေးတယ်။
ညနေစာကိုတော့ ဗစ်စီမော MK မှာစားဖြစ်ကြတယ်။ ပြီး ဟိုဝယ်ဒီဝယ် နည်းနည်းလုပ်ခဲ့သေးတယ်။ တနေကုန် ပတ်လို့လဲ မောပြီ။
ကျွန်မ စားတဲ့ဟာ။ ဘာမှန်းမသိဘူး။ အဲဒါကိုစားချင်တာ ပုံလဲမပြထားတော့ မှာလဲ မမှာတတ်။ ကျွန်မရှေ့က ယိုးဒယားကောင်မလေးက အဲဒါလေးယူနေလို့ သူ့ကိုမှာပေးပါလို့ပြောတာနဲ့ သူမှာသွားပေးတယ်။ ကံကောင်းလို့ စားခဲ့ရတယ်။ ဘယ်လောက်ပေးခဲ့ရလဲ သိတော့ဘူး။ ကိုယ်တော်ကြီက ကွေ့သယိုစားလို့ ရိုက်ခဲ့တော့ဘူး။
ဒါကိုတော့ ပုံကြည့်ပြီး မှာခဲ့တယ်။ mixed papaya salad ဆိုလား။ မုန့်ဟင်းခါးဖတ်နဲ့ဟာ မှာလိုက်တယ်။ မုန့်ဟင်းခါးဖတ်နဲ့ ဒီတစ်ခါပဲ စားဖူးသေးတယ်။ စားကောင်းတယ်။
စားသွားအုံးနော်။ အားနာနဲ့။
အသားလုံး ထုတ်ထိုးကြော်
ပုံစံက မုန့်လင်မယားနဲ့တူတယ်။ အထဲမှာ အသီးအရွက်တွေနဲ့ စားကောင်းတယ်။ အဆိမ့်ကြော်။
--------------
MK ဟော့ပေါ့
ဟင်းရည်အိုးတည် ထားတုံး ရိုက်လိုက်တယ်။
ရေခဲထည့်ထားတဲ့ ရေနွေးကြမ်း အေးအေးလေး အရင်သောက်လိုက်တယ်။ ၃ ခွက်လောက်သောက်ခဲ့တယ်။
စားဖို့ပြုတ်ထားပါပြီ
ရှိတာအကုန်ပစ်ထည့်
ဆူတော့ ဆူတော့ ဆာနေပြီ
ကဲ စားလို့ရပါပြီနော်
ဘဲပေါင်း (ဘဲပေါင်းမှာ ဆမ်းပေးတဲ့ အရည်ကစားကောင်းတယ်)
ဘဲပေါင်း
အမဲသားပေါင်းခေါ်လားမသိ။ အရွတ်တွေကော နူးအိနေတာပဲ။
စားနော် အားနာနဲ့
နောက်ဆုံးပိတ် ရေခဲသုပ်
( ၅ ယောက်စားတာ ဘတ် ၁၁၀၀ ကျော်ကျခဲ့တယ်ထင်တာပဲ။ အသေအချာမှတ်မိတော့ဘူး။ လိုက်ပို့တဲ့ ညီမလေးက member card ရှိလို့ 10% discount ရခဲ့သေးတယ်။)
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
7 comments:
အွန်မလေးဗျာ..လာမိတာမှားပြီ..
စားချင်စရာတွေကြီးပဲ...
မမက သဘောင်္သီးထောင်းကြိုက်တယ် ညီမလေးရေ.
သူ့သဘောင်္သီးသုတ်က ယိုးဒယားသင်္ဘောသီးထောင်းပဲ
နေမှာပါနော့.. ဘဲကင်ရောဆွဲသွားပြီ..ပထမး)
မမမိုးကောင်းသူရယ်
နှိပ်စက်ပါ့...ထမင်းဘူးမပါပါဘူးဆိုမှ.........
ရေခဲမုန့် ၂ ခွက် တော့ယူတွားပြီနော်...........
မမကိုချစ်တဲ့
မေလေး
မရေးးးးးးးးးးးး
ဘဲပေါင်း၊ဟော့ပေါ့၊ ဟီးးးးးးးးးးးးးး
အားလုံးမြုးအကြိုက်တွေပဲလေ
အကုန်စားသွားတယ်နော်
မထနိုင်တော့ဘူး။
အားလုံးတီးပလိုက်တာ။အိမ်ကိုလိုက်ပို့ပေတော့။
ရက်စက်တတ်တယ်နော်...
နောက် မခေါ်ချင်တော့ဘူး...
ထိုင်းကိုရောက်တိုင်း MK MK နဲ့ အော်နေတာ။ ကြိုက်လွန်းလို့။ MK ဘဲကင်လဲ အရမ်းကြိုက်တယ်။ အရိုးမပါလို့။
မမ၀ါ
ဟုတ်ပနော်။ လာတာမှားတယ်။ တကယ်လဲ မကျွေးဘဲနဲ့နော်။ :)
မေလေး
ဟုတ်ပ မေလေးကို နှိပ်စက်မိတယ်။
မြူးရေ ညီမလေး
အကုန်တာ စားနော်။
JuneOne
ကရိန်းကား ခေါ်ထားတယ်။ ဆွဲထူရအောင်လို့။ :D
ကိုလူထွေး
ရက်စက်တာဟုတ်ရပါဘူး။ အိမ်ကိုလာပါ။ တကယ်ကျွေးမယ်နော်။
မမကြီး မိုးချိုသင်း
MK ဟော့ပေါ့ထက် မူကထောက်ကို ပိုကြိုက်တယ်။ မူကထောက်က ပိုများလို့။ :) ။ ဘဲပေါင်းမှာ ဆမ်းပေးတဲ့အရည်က တော်တော်ကောင်းတယ်နော်။
Post a Comment