ဒီနေ့လုပ်စားတာ မဟုတ်ဘူးနော်။ ဟိုနေ့က ကိုယ်တော်ကြီးနေမကောင်းလို့ လုပ်စားဖြစ်တာ။ ခေါက်ဆွဲကြော်စားမလား ၊ ကြာဇံကြော်စားမလား ဆိုတော့လဲ မစားချင်ဘူးဘဲပြောနေတယ်။ မြူဆွမ်ပြုတ်ပေးမယ်ပြောတော့လဲ လူမမာစာကြီးတဲ့။ ဒါနဲ့ ဆန်ကို လက်တစ်ဆုပ်ပြုတ်လိုက်တယ်။ ဖျားရင် ဆန်ပြုတ်သောက်ရတယ်လေနော်။ ဒါလဲ မသောက်ဘူး။ တစ်ဇွန်း နှစ်ဇွန်းလောက်ပဲသောက်တယ်။ အင်းဘာလုပ်ပေးရမှန်းမသိတော့ဘူး။ ဒါနဲ့ ခေါက်ဆွဲ သုပ်ဆိုတော့ သူလဲကြိုက်တယ်ဆိုပြီး ကြက်သားလေးသွားဝယ်ပြီး ကြက်သွန်များများလေးနဲ့ ချက်လိုက်တယ်။ ခေါက်ဆွဲသုပ်မရခင် ဆာနေမှာစိုးလို့ ပေါက်ဆီလုပ်ပြီးသားဝယ်ခဲ့တာ(ကြက်သားနဲ့) ။ အိမ်ရောက်တော့ ထမင်းအိုးအန် (ပေါင်းချောင်)နဲ့ပေါင်းပေးလိုက်တယ်။ ဟီးးးးးးးးးး အထဲက ကြက်သားက ကုလားလိုချက်ထားတာကြီး။ တရုတ်လိုလဲဟုတ်ဘူး။ စားရတာတော့ မဆိုပါဘူး။ Puff တွေထဲ ထည့်တဲ့အရသာလိုမျိုးပဲ။ ပေါက်စီကို ကုလားလိုအရသာမျိုးခုမှ စားဖူးတယ်။ ကဲပါလေ ဒီနေ့တော့ခေါက်ဆွဲသုပ်လေးပဲ သုံးဆောင်သွားပါအုံးနော်။
ခေါက်ဆွဲသုပ်လေး သုံးဆောင်သွားပါအုံးလား။
ဒီနေ့တော့ ငရုတ်သီးကျက်မှုန့်မပါဘဲ သုပ်ပေးလိုက်တယ်။ ( ကြက်သားချက်ထည့်၊ ပဲပင်ပေါက်ပြုတ်ထည့်၊ ကြက်သွန်နီပါးပါးထည့်၊ ကြက်သွန်မြိတ်ပါးပါးထည့်ပြီးသုပ်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်တော့ဘူး။ ကြက်သားချက်ထည့် တခါတည်းထည့်ထားလိုက်လို့။ လိုအပ်ရင်တော့ ထပ်ထည့်စားနော်။)
ပဲပင်ပေါက်ပြုတ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီပါးပါး၊ သံပရာသီးသေးသေး
ကြက်ဥခေါက်ဆွဲကို ပြုတ်ထားတယ်။ (ဒီကပြုတ်ပြီးသား ၀ါဝါတွေလဲရှိတယ်။ ဆော်တာများလို့ သိပ်မ၀ယ်စားဖြစ်ဘူး)
ကြက်သားချက် နဲ့ ကြက်ဥပြုတ်
အအီပြေ စပျစ်သီး (ဒီနေ့တော့ သူငယ်ချင်းပေးတာ ဟုတ်ဘူးနော်။ ၀ယ်ထားတာ။ သူငယ်ချင်းကိုအိမ်အလည်ပြန်ခေါ်လိုက်အုံးမယ်။ စပျစ်သီးပါလာအောင်လို့ :D)
အပြင်သွားမှာမို့လို့ ချက်နည်းနောက်နေမှ ရေးတော့မယ်နော်။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
17 comments:
အသုတ်ဆို အကုန်ကြိုက်
သူ့ကိုလည်းကျေွးးပိုတာတိုကကိုကျွှေး
မန်ကျည်းရည်နဲ့သုတ်တာပိုကြိုက်တယ်။
ရှလွတ်။
ခေါက်ဆွဲသုပ်ကြိုက်တယ်
သံပရာသီးကလေပိစိလေးတွေနော်းးးးးမမ
အကြီးကြီးမရဘူးလားဟင်
အရည်ရောရှိရဲ့ လား
သံပုရာသီးများများ..အစပ်များများတစ်ပွဲပေးပါ.။.
ခေါက်ဆွဲသုပ်တစ်ပွဲစားသွားပါတယ်၊ စပျစ်သီးတွေကလည်း ချိုမှချို ။
မမမိုးကောင်းသူကတော့ တကယ့်ဇနီးကောင်းပဲနော်
အကိုကြီးက အရမ်းချစ်မှာပဲ။
ကံကောင်းခြင်းလက်ဆောင်ပဲ။
မရေ...ဂျာမုန်းလေ ဒီနေ့ မနာစဖူးဗိုက်တွေအရမ်းနာတယ်ဆို။
ငရုတ်သီးတွေအရမ်းစားလို့ထင်တယ်။
ဒီရောက်တာနဲ့ တခါမှတောင်မနာဖူးဘူး။
ချစ်တဲ့
ဂျာမုန်းဒန်
မမမိုးကောင်းသူကတော့ တကယ့်ဇနီးကောင်းပဲနော်
အကိုကြီးက အရမ်းချစ်မှာပဲ။
ကံကောင်းခြင်းလက်ဆောင်ပဲ။
မရေ...ဂျာမုန်းလေ ဒီနေ့ မနာစဖူးဗိုက်တွေအရမ်းနာတယ်ဆို။
ငရုတ်သီးတွေအရမ်းစားလို့ထင်တယ်။
ဒီရောက်တာနဲ့ တခါမှတောင်မနာဖူးဘူး။
ချစ်တဲ့
ဂျာမုန်းဒန်
ဒီလိုချက်ဟင်းလေးနဲ့ အသုပ်မှကြိုက်တာ..
ပဲပင်ပေါက်ပါလို့ ပိုကြိုက်တယ်
ဟုတ်တယ်။ အသုတ်ဆိုအကုန်ကြိုက်။ အချဉ်များလေကြိုက်လေဘဲ။
အွန် ... မနေ့ကတင် အဲဒီကြက်ဥခေါက်ဆွဲ သုတ်စားသေးတယ်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်တော် ။
ဒါပေမဲ့ တို့ကပုဇွန်ခြောက်မှုန့်နဲ့။ ကြာညို့လေးနဲ့နယ်ပြီးမှ သုတ်တာ။ ချဉ်ငံစပ်လေး။
ပုံတွေ့တာနဲ့တင် ဗိုက်က တဂွီဂွီမြည်နေပြီ
ဖျားတဲ့သူဆို ပဲပင်ပေါက်မကျွေးနဲ့နော် ညီမလေး။ ပိုဖျားတတ်တယ်တဲ့။
ကိုယ်တော်ကြီးက နေမကောင်းဘူးလား...
လူမမာက ခံတွင်းပျက်နေတာကိုးးး
ဆက်ရက်ကလေးတွေ ကြော်ကြွေးသေးလား ညီမ...
းဝ)
စုဘူးရေ
အားမနာတမ်း စားသွားနော်
မမ kom
ကျွေးပါတယ်ရှင်
သုနှင်းဆီ
ဒီနေ့ သုပ်တာ မန်ကျည်းမှည့်တော့ ပါဘူး။
ဂျွမ်ဝမ်း
သွားရည်တွေ ခုထိကျနေတုံး။ :)
မြူးလေး
သံပရာသီးက သေးပေမယ့် အရည်ကရွှမ်းတယ်။ ထိပ်ပိုင်းလေးပဲဖြတ် ဒါမှ အရည်ပိုရတာ။ နှစ်ခြမ်းခြမ်းလိုက်ရင်တော့ အရည်သိပ်မရဘူး။ အကြီးတွေလဲ ရှိတယ်။ မကုန်ရင် နှမျှောစရာကြီးမို့လို့ အများအားဖြင့် အသေးလေးပဲ ၀ယ်စားဖြစ်တယ်။ ကပ်စီးလေ။
ပေါက်ရေ
၎ လုံးပဲ လှီးထားတယ်။ လိုသေးရင်ပြောအုံးနော်။
ခေးကို
စားလို့ အဆင်ပြေရဲ့လား။ လိုတာရှိရင်ပြောနော်။
ဂျာမုန်းဒန်
ငရုတ်သီးစားလို့များလား။ ဂရုစိုက်အုံးနော်။
စူးနွယ်
ပဲပင်ပေါက်ကြိုက်တာချင်းတူနေပြီ။
ကျောပိုးအိတ်
လိုသလောက် အချဉ်ပြောပါ။ ညစ်ပေးမယ်။
မတီတီဆွိ
အစ်မလို ချဉ်ငံစပ်လေးလဲ စားချင်တယ်။
ရောင်ပြန်
ပုံတွေနဲ့ပဲ နှိပ်စက်နေတယ်နော်။ :D
ဒေါ်ရွှေအိ
သြော်.......သိဘူးနော်။ ခုမှသိတယ်။ ဟုတ်ပြီ နောက်ဆို မကျွေးတော့ဘူး။ ကျေးဇူး။
ကိုလူထွေး
ဆက်ရက်တော့ ကြော်မကျွေးမိလိုက်ဘူး။ :D
အမရေ
ရွက်ဖျင်တဲတွေအများကြီးမို့ပျော်စရာကြီး
^O^
Post a Comment