ညီမလေး မလိခ တဂ်ထားတာ ကြာနေပါပြီ။ ရေးမယ်ရေးမယ်ဆိုပြီး အချိန်တွေဆွဲနေလိုက်တာ အစ်မလဲ မရေးဖြစ်ဘူး။ အခုတော့ရေးလိုက်ပြီနော် ညီမလေးရေ။
ဒီဘလော့လေးရဲ့ ခေါင်းစဉ်ကိုတော့ ထမင်းအိုး ဆိုပြီးပေးလိုက်ပါတယ်။ About Me မှာလဲ ဒီလိုပဲရေးထားပါတယ်။ ထမင်းအိုးဆိုပြီး နာမည်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အိမ်ထောင်သက် ၃ လအတွင်း ထမင်းပေါင်းအိုး ၃ လုံးဝယ်ရလို့ပါ။ ဒီလိုဆိုတော့ ထမင်းအိုးလို့ နာမည်ပေးတာအကောင်းဆုံးပဲဖြစ်ပေတော့မည်။ (ပထမ တလုံး နှစ်လနဲ့ပျက်၊ ဒုတိယတလုံး ၁၀ ရက်နဲ့ပျက်၊ တတိယတလုံး လျက်ရှိချက်လို့ရနေဆဲပါ။)မှတ်မှတ်ရရပေါ့။ ပြီးတော့ ကိုယ်ချက်တဲ့ နေ့စဉ်ဟင်းလေးတွေကို ချက်နည်းရေးထားတာပါ။ ဟင်းချက်တာလဲ ၀ါသနာပါလို့ပါ။ သူငယ်ချင်းအိမ်တွေ သွားလည်လဲ ဘာဟင်းလဲ ဘယ်လိုလေးချက်ထားတာလဲ အဲလို စပ်စပ်စုစုလေးမေးတတ်ပါတယ်။
မိုးကောင်းသူ လို့ဘလော့လင့်ပေးလိုက်တာကလဲ မွေးရာဇာတိမြို့နာမည်ကိုပေးလိုက်တာပါ။ ကချင်ပြည်နယ်မှာရှိတဲ့ မိုးကောင်းမြို့လေးပါ။ ကျောင်းတက်တုံးက ဘယ်ကလဲလို့မေးရင် မိုးကောင်းမြို့ကပါလို့ပြောလိုက်ရင် သိပ်မသိကြဘူး။ မိုးညှင်း၊ မိုးကောင်းကိုတွဲပြီးပြောရတယ်။ မဟုတ်လဲ မိုးကောင်း၊ ကားမိုင်းလေလို့ပြောရတယ်။ အဲခါမှ သြော်သြော် သိပြီ သိပြီပေါ့။ အခုလဲ ကျွန်မဇာတိမြို့လေးကို အမှတ်တရ ပေးလိုက်တာပါ။ ညီမလေး မလိခရေ ဒီလောက်ဆို ရပြီလားဟင်။ ရှည်ရှည်ဝေးဝေးဆက် မရေးတတ်တော့လို့ ဒီနားတင် ရပ်လိုက်ပြီနော်။
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
4 days ago

2 comments:
ဟေးးးးးးးးးမေ၇းးးးးးးးး
လာဖတ်တယ်နော်
တ့တာနော်
်မမရေ... တဂ်တုန်းက တဂ်ပြီး ခုမှ လာဖတ်ဖြစ်တယ်... ချိတ်ချိုးနဲ့နော်...
ရေးပေးတာ ကျေးဇူး တင်တယ်နော်မမ..
Post a Comment