Tuesday, June 2, 2009

ချဉ်ပေါင်ရည် စပ်စပ်ချက် နဲ့ ချဉ်ပေါင်ကြော်

အိမ်အသစ်သို့ ပြောင်းနေလို့ ဘလော့လေး မ၀င်ဖြစ်ဘူး။ လူလဲ သိပ်နေမကောင်းချင်ဘူး။ ဒီနေ့တင်လိုက်တဲ့ ချဉ်ပေါင်ဟင်းက ဟိုဖက်အိမ်မှာ ချက်တဲ့ဟာနော်။ အရင်အကြွေးဟင်းတွေကို အရင်ပို့စ်တင်လိုက်ပါအုံးမယ်။ သွားကျိန်းအောင် အချဉ်ကြီးပဲ ဆက်တိုက်တင်လိုက်ပါတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



ချဉ်ပေါင် စပ်စပ်ချက်။ ငါးနီတူးလေးပါထည့်ပြီး အရည်သောက်အဖတ်စား ချက်ထားတယ်။


ချဉ်ပေါင် တ၀က်ကို ကြော်လိုက်တယ်။

ဝက်သားလုံးကြော် (သို့) ၀က်စအုကြော်။ (၀က်သားတောက်တောက်၊ ကြက်ဥတလုံး၊ ယိုးဒယားမယ် အကြော်မှုန့်၊ ဆား၊ အချိုမှုန့်၊ စောကောထည့်ပြီး ကြော်ထားတယ်)

-------


ဒါက နောက်တရက် ဟင်းတွေနော်။ ၀က်စအုကြော်ပဲ။


အိမ်က ပါးထားတဲ့ ပါပလာကြော်။


ငါးဖယ်ချက်။


ဘေဘီ မုန့်ညှင်း ဟင်းရည် (အရွက်ကို ပြန်စစ်ထားလိုက်တယ်။ ညိုးသွားမှာစိုးလို့)


ဒီမှာ အရည်နော်။ အရည် ထည့်သောက်ဖို့ မမေ့နဲ့အုံး။ (ကြက်သား ခနော တတုံးထည့်ထားတယ်)

2 comments:

ကျောပိုးအိတ် said...

ဒီမှာ ဗိုက်ဆာနေတာနဲ့ အတော်ဘဲ။

ငါးပိရည်ပါဘူးလား။

ဟိုအောက်က ၀က်သားလုံးကြော်တွေ နှိုက်စားသွားတယ်။

ကောင်းမှကောင်း
း)

မိုးကောင်းသူ said...

ကျောပိုးအိတ်လေး
ငါးပိရည်တော့ပါဘူး။ ဒါလေးပဲ စားသွားနော်။