Wednesday, June 10, 2009

ဝက်သား ဒုတ်ထိုး နဲ့ ကြာဇံကြော်


ဝက်သား ဒုတ်ထိုး နဲ့ ကြာဇံကြော် ဒီမှာ တစ်ခါတင်ဖူးပါတယ်။ အဲဒီတုံးကတော့ ကိုယ်တော်ကြီးနဲ့ ၂ ယောက်တည်းလုပ်စားထားတာပါ။ အခု တစ်ခေါက်တော့ သူငယ်ချင်းများနဲ့ လုပ်စားဖြစ်တာပါ။ သောကြာနေ့က ဘန်ကောက်အုပ်စုနဲ့။ စနေနေ့ကတော့ ဘောလုံး အသင်း ၁ သင်းစာနဲ့ အရန်တွေပါများတဲ့ သူငယ်ချင်းများနဲ့ လုပ်စားဖြစ်တာပါ။ အဲဒီနေ့က (၁၄ ယောက်) ရှိပါတယ်။ ဒီနေ့လဲ ကျွန်မတို့ကျွေးတာ မဟုတ်ပါဘူး။ လာပြန်ပြီနော် အကုန်အကျများတယ်ပြောအုံးမလား။


ဘောလုံး ၁ သင်းကျော်ကျော်ရှိတဲ့အထဲက သူငယ်ချင်းတစ်ယောက်က မဟေသီချောချောလေးရလို့ ကျွေးဖြစ်တဲ့ပွဲလို့ပြောရမယ်။ ကျွေးတဲ့သူက တစ်ယောက်၊ ၀က်သားတွေ ၀ယ်ခြမ်းတဲ့သူက တစ်ယောက်ပါ။ အိမ်ကအခုမှပြောင်းလို့ ၀က်ကလီစာ မ၀ယ်တတ်သေးတာနဲ့ ညီမလေးတစ်ယောက် အော်ဒါသွားမှာထားပေးတာ။ ဒုတ်ထိုးလုပ်ကြတာကတော့ ၀ယ်ခဲ့တဲ့ ညီမလေးနဲ့ ကျွန်မနဲ့ ၂ ယောက်သား လက်စွမ်းပြလိုက်ကြပါတယ်။ ဒီနေ့လဲ အလှူလက်ဖက်နဲ့ မျက်နှာလုပ်လိုက်တယ်။ အားမနာတမ်း သုံးဆောင်သွားအုံးနော်။

ဒီမှာလဲ ၀က်သားဒုတ်ထိုးတွေနော်

မမလုရဲ့ လက်ရာ

စုဘူးအိမ်ရဲ့ လက်ရာ


ညီမ မြရွက်ဝေ (ချစ်စရာထမင်းဗူး)ရဲ့ လက်ရာ




ဝက်သား ဒုတ်ထိုး စားလို့ရပါပြီ။ ခရင်းလဲ ချထားပေးဘူး။ ဘာနဲ ထိုးစားမလဲနော်။ :D


ပထမ တစ်ပန်းကန်


ဒုတိယ တစ်ပန်းကန်


ပထမ အချဉ် (ဆော့စ်နဲ့ ဆိုင်အတိုင်းလုပ်ထားတာနော်။ ဆရာစားမချန်ပဲ လုပ်ထားတယ်။ တူမတူတော့ သိဘူး)


ဒုတိယ အချဉ် (ကြက်သွန်ဖြူချဉ်)


ဘရိုကိုလီ စိမ်းစိမ်းကြော်



ဝက်သားမစားတဲ့ မောင်လေး နဲ့ ညီမလေးကို ပုဇွန် နဲ့ ကင်းမွန်ထည့်ပြီး ဒီလို တစ်ပန်းကန်စီ ကြော်ပေးတယ်။


ဒါက ကြာဇံကြော်ပလိန်း



ဒါကလဲ ကြာဇံကြော်ပလိန်း (ကြာညို့ နည်းနည်းများသွားတယ်) လူများလို့ ကြာဇံ ၄ ထုပ်ကြော်ရပါတယ်။


ပထမအိုး (မျက်လုံးကောပါတယ်။ တွေ့လားဟင်)



ဒုတိယအိုး (အကြီးကြီးက အစာအိတ်)


ဝက်သား ဒုတ်ထိုးအတွက်လိုအပ်သောအရာ ( စနေနေ့က လုပ်စားတဲ့ဟာတွေ ရေးလိုက်ပါတယ်နော်)
  1. အူချို
  2. အစာအိတ်
  3. လျှာ
  4. နှလုံး
  5. အသဲ
  6. နားရွက်
  7. ကျောက်ကပ်
  8. ၀က်ခေါက်
  9. အသား
  10. မျက်လုံး
ဝက်သားဒုတ်ထိုး ပြုလုပ်ပုံ

အသားတွေ ၊ ကလီစာတွေကို ရေသေချာဆေးပါ။ ပြီးရင် vinegar နည်းနည်း (တအိုးကို ထမင်းစားဇွန် ၅ ဇွန်းလောက်ထည့်လိုက်ပါတယ်) စီထည့်ပြီး နာရီဝက်လောက် နှပ်ထားပါ။ နာရီဝက်ကြာပြီးနောက် ဆား ၊ သကြား ၊ စောကောမှုန့်၊ ကြာညို့(ခေါ်)ပဲငံပြာရည်အနှောက် ၊ နာနတ်ပွင့် ၃ ပွင့်ဆီထည့်ပြီး နယ်ပါတယ်။ ပြီးရင် ပြုတ်မယ့်အိုးတည် ၊ ရေထည့်ပြီး နူးနေအောင်တည်လိုက်ပါတယ်။ နူးလာရင်တော့ ၀က်သားဒုတ်ထိုးရပါပြီ။ လွယ်ပါတယ်နော်။ ဒီနေ့တော့ ဒီနည်းနဲ့လုပ်စားလိုက်တယ်။

မှတ်ချက်။ ။ မျက်လုံးက ပေါက်တတ်တယ်နော်။ သတိထားပါ။


(သို့)
အသားတွေ ၊ ကလီစာတွေကို ရေသေချာဆေးပါ။ ပြီးရင် vinegar နည်းနည်း (တအိုးကို ထမင်းစားဇွန် ၅ ဇွန်းလောက်ထည့်လိုက်ပါတယ်) စီထည့်ပြီး နာရီဝက်လောက် နှပ်ထားပါ။ ကြော်မယ့်အိုးတည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် သကြားထည့်ပါ။ အရောင်လှအောင်လို့ပါ။ မီးဖြည်းဖြည်းနဲ့ကြော်ပါ။ မီးများလွန်းရင်လဲ သကြားတွေ တအားကြီးမည်းသွားလိမ့်မယ်။ ပြီးရင် ၀က်သားကိုနီအောင်ကြော်ပါ။ ကလီစာတွေကိုလဲ နီအောင်ကြော်ပါ။ ကြော်ပြီးသား အသားတွေ ၊ ကလီစာတွေကို ဆီစစ်ထားပါ။ ပြီးပြုတ်မယ့်အိုးတည်ပါ။ ကြော်ထားတဲ့ အသား နဲ့ ကလီစာတွေထည့် ၊ ရေထည့် ၊ နာနတ်ပွင့်ထည့် ၊ စောကောမှုန့်လေးထည့်ပြီး နူးနေအောင်တည်ထားပါလေ။ ဒီဝက်သား ဒုတ်ထိုးကတော့ တအားကြီးအရောင်မည်းမနေပါဘူး။ ခပ်ညိုညို ၀ါဝါလေးပါ။ ကြာညို့ထည့်လဲ ရပါတယ်နော်။ ကြိုက်တဲ့ နည်းနဲ့ လုပ်စားနိုင်ပါစေ။


ဒီ ၂ နည်းမျိုးကတော့ ကျွန်မလုပ်တတ်တာတွေပါ။

8 comments:

နွေးနေခြည် said...

လျှာနဲ့ နှလုံး ရွေးစားသွားပါတယ်နော်း)

လွတ်ငြိမ်းလေပြေ (breeze) said...

ခက်ရင်းမပါလည်းရပါတယ်
အိမ်ကနေ ယူလာမယ်
း)

WWKM said...

ဝက်သားတုတ်ထိုးစားချင်တယ်.
မမလဲဒီနေ့ကြာဇံကြော်စားတယ် ညီမလေးရေ.း))

မေသစ္စာမောင် said...

ပုံလေးတွေကြည့်ပြီး......
ဝက်သားတုတ်ထိုး စားချင်လိုက်တာ
မြန်မာဆိုင်ရောက်မှ ၀ယ်စားရမယ်း-)

ဂျာမုန်းဒန် said...

မမမိုးကောင်းသူရေ....ညီမလည်း ၀က်သားတုပ်ထိုးအရမ်းကြိုက်တယ်။ ညီမလည်း မမိုးကောင်းသူ လုပ်ထားတာကြည့်ပြီးအရမ်းကိုလုပ်စားချင်ပြီ....ဟူး....မနက်ဖြန်ဘဲ လုပ်စားလိုက်ရင်ကောင်မယ်ထင်တယ်။ လုပ်စားပြီးရင် ပြန်ပြောပြမယ်နော်....မရေကျေးဇူနော်...ပြူလုပ်နည်းပါ သင်ပေးလို့လေ။
ဟိုအချက်၄၀ နဲ့တော့ လုံးကို ပြောင်းပြန်ဖြစ်နေပြီ...ညနေပိုင်းမစားဘူးဆိုပိုပြီးစားချင်တယ်။ ဘုရင်လိုပဲစားလိုက်တော့မယ်နော်. ၀ရင်လည်းမတတ်နိုင်ဘူးမရေ...အိမ်ထောင်ကျပြီးပြီဆိုတော့ ဘာမှမဖြစ်လောက်ပါဘူးနော်....ဟီးဟီး

မေလေး said...

မမနော်
တော်တော်နှိပ်စက်...မစားရဘဲကြည့်နေရတယ်..အိမ်မှာလာစားပါ့မယ် ဆိုတော့ မခေါ်ဘူး
ဟွန်းးးးးးးးးးးးးးးးးးးး
မမကိုချစ်တဲ့
မေလေး

ကိုလူထွေး said...

မိုးကောင်းသူက ကိုလူထွေးအိမ်မှာ ရုပ်ရှင်အကြောင်းလာဖတ်ပြီးရင် လင့်ပေးပါလို့ တောင်တယ်...

ကိုလူထွေးကလဲ မှတ်မိသမျှပြန်ရေးတာဆိုတော့ မကူညီနိုင်ဘူး...

တတ်နိုင်တာတခုပဲရှိတယ်... ကိုယ်ဖာသာကိုယ် ဒွေးနေရာမှာ ဝင် သရုပ်ဆောင်ပြီး ပြန်ရိုက်မှပဲ...

းဝ)

(စာကြွင်း... ဝက်သားတုတ်ထိုးက တုတ်တွေလဲ မပါဘူး...)

ရောင်ပြန် said...

အားလုံးအကြိုက်တွေချည်းပဲ.. ဟီး... ၀ါးတီးသွားပြီ