ပြီးခဲ့တဲ့သောကြာနေ့ကပေါ့။ သောကြာနေ့ညနေတိုင်း ဒီနေ့ ဘာအစီအစဉ်ရှိလဲလို့ ကိုယ်တော်ကြီးကို လှမ်းမေးရတယ်။ ညနေစာ ချက်ရမလား မချက်ရဘူးလား။ ဘယ်သူနဲ့ချိန်းထားသေးလဲ။ ဘယ်သွားအုံးမလဲပေါ့။ အဲနေ့ကလဲ မေးလိုက်သေးတယ် ဒီနေ့ အစီအစဉ်ရှိလားလို့။ ရှိဘူးတဲ့။ အိုကေပေါ့လေ။ ဒါဆို ထမင်းမချက်တော့ဘူး။ ကြာဇံကြော်လေး နဲ့ ၀က်သားဒုတ်ထိုးအဖြစ်(လျှာနဲ့နှလုံး ၂မျိုးတည်း) စားမယ်ပေါ့။ ဒါနဲ့ ကြာဇံလေးကြော်၊ ဒုတ်ထိုးအဖြစ်လေးလုပ်ပြီး ကိုယ်တော်ကြီး အပြန်ကို အလှပြင်ပြီးစောင့်နေတာပေါ့လေ။ ဟီးဟီး ဘာမှ အလှပြင်တာမဟုတ်ပါဘူးနော်။
ညနေ ၇ နာရီကျော်လောက်တော့ ဖုန်းတစ်ခုဝင်လာတယ်။ မင်းသားရဲ့ဖုန်းပေါ့ (ဒန်ပေါက်ချက်ပေးတဲ့မင်းသားနော်)။ ဒီနေ့ညနေ အိမ်လာကြမလို့တဲ့ ဘယ်လိုမှ ထွက်ပြေးလို့မရတော့ဘူး။ :D (ဘန်ကောက်အုပ်စု ၃ တွဲ)။ ဒါတောင် ကလေးမွေးထားတဲ့ အစ်မ တို့လင်မယားလဲ ပါတယ်နော်။ အဲလို ကဲတာ။ အဲနေ့က ကဲတာက အိမ်ရှင်ပါ။ ဟီးဟီးးးးးးးး )။ ဘာစားချင်လဲ ချက်ပေးမယ်ပေါ့။ (မင်းသားက အချက်အပြုတ်အရမ်းကျွမ်းတယ်နော်) အယ်....ကျွန်မတော့ ကြာဇံနဲ့ဒုတ်ထိုး ၂ ယောက်စာပဲလုပ်ထားတယ်။ ကျန်တာတော့ ဘာမှရှိဘူးလို့။ ဘာဝယ်ထားရမလဲ လိုတာသွားဝယ်လိုက်မယ်ပြောလို့။ သူပဲကြည့်ပြီးဝယ်ခဲ့တော့မယ်တဲ့။ အိုကေ အိုကေလို့။ ည ၈ နာရီကျော်လောက်မှ မင်းသားတို့ဝယ်လာတာတဲ့ ပုဇွန်နဲ့ဆိတ်အသဲကို သုပ်စားကြတယ်။ မင်းသားသုပ်ထားတဲ့ ပုဇွန်သုပ် နဲ့ ဆိတ်အသဲသုပ်လေး သုံးဆောင်သွားပါအုံးလား။
ဘေးနားက ပုလင်းက ဘန်ကောက်ပြန်လာတုံးက ဆွဲခဲ့တဲ့ပုလင်း။ (ထိုင်ခုံမလောက်တော့လို့ ဖျာခင်းပြီး စားကြတယ်)
ဘန်ကောက်အပြန် ဒီ ၂ ပုလင်း ဆွဲခဲ့တယ်။ ဓာတ်ပုံပဲ ရှိတော့တယ်။ အရည်က ဘာမှ ကျန်တော့ဘူးနော်။ ကြိုတင်ပြောထားတာ။
အာလူးချောင်းလဲ ကြော်ပေးလိုက်တယ်။
ဒါ ကျွန်မရဲ့ ဒုတ်ထိုးအဖြစ်
ကြာဇံကြော်
ပုဇွန်ချဉ်စပ်သုပ် (မင်းသားသုပ်တာပါ)
ဆိတ်အသဲသုပ် (အခုမှ ပထမဆုံးအကြိမ်စားဖူးတာ။ ဆိတ်သဲ တခါမှ မစားဖူးဘူး)
သီးရွက်စုံ ဟင်းချို
မလောက်မှာစိုးလို့ ၂ ခွက်ချက်လိုက်တယ်။
ဖရဲသီး ( fair price ကနေ၀ယ်လာတယ်။ အ၀ါပိုချိုတယ်ဆိုလို့။ အချိုတောင်လွန်နေသေးတယ်)
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
13 comments:
1..... :) အစားအသောက် ရှေ့ဆုံးက
avocado
အရည်က မရှိတော့ဘူးဆိုတော့ မမပါ ၀င်မော့လိုက်တာလား..း) ဟီးးဟီးး
မရေ..............
စားချင်လိုက်တာ
အသုပ်စားမယ်တပွဲးလာပို့ပါ
ချစ်တဲ့
မြူးလေး
တို့ လဲ မော့မယ်.. အအေးပြောတာ..
ကိုယ်တော်ကြီးမို့  တော်သေးတယ်.. ကိုကြီးကျော်သာဆို ဒီ၂ပုလင်း နဲ့  ဘယ်လောက်မလဲ..း))
နာလိုဘူးကွာ...စားချင်လိုက်တာ။
ဒီမှာဖြင့် ...ဂလုပ်နဲ့ကိုမြည်နေပြီ။
ဟင်းတွေကတနေ့တခြားရှယ်ကြီးပဲ။
မမမိုးကောင်းသူနဲ့အိမ်နီးနားချင်းဖြစ်ချင်တယ်။
ိချစ်တဲ့
ဂျာမုန်းဒန်
စားချင်စရာတွေချည်းဘဲ..ပုဇွန်သုတ်ပိုကြိုက်တယ်
တို့လည်းစားမယ်နော်။
နည်းနည်းလောက် တစ်ပန်းကန်လောက်တော့ ကျွေးပေါ့နော်။
ဟိုဘက်နားနည်းနည်းတိုးပေးနော်။
ဝိုင်းထဲ ၀င်တိုးမလို့။ :P
ဆိတ်အသဲ တစ်ခါမှမစားဖူးဘူး။
ပုဇွန်သုပ်စားသွားတယ်။
ကြာဇံကြော်လဲကြိုက်တယ်။
ညီမလေး avocado
ရှေ့ဆုံးကပါလား။
ညီမနွေးနေခြည်
တစ်ပုလင်းက အိမ်ပြောင်းတုံးကသောက်ကြတာ။ ကျန်တစ်ပုဟိုနေ့ကမှသောက်တာပါ။ ဒါကြောင့်ဘာမှ ရှိတော့ဘူးလို့ ကြိုပြောထားတာ။ မမပါ သောက်လိုက်တယ်။ အချိုရည်ပါလေ။ ယုံနော်။ :)
မြူးရေ ညီမလေး
အသုပ်စားချင်တာလား။ လာပို့မယ်နော်။ ခုချက်ချင်းလာပြီ။
မီးမီးချစ်
ကြိုက်တာ မော့ပါ မော့ပါ။ :) ကိုတော်ကြီးလဲမလောက်ဘူး။
ဂျာမုန်းဒန်
ဒီကိုပြောင်းလာခဲ့ပါလား။ တကယ်....
rose of sharon
စားပါရှင်။ ကျွန်မလက်ရာမဟုတ်တော့ ပိုကောင်းတယ်။ :D
မမလု
လာလာ ဒီနားကိုလာ။ မင်းသားတို့ မင်းသမီးတို့ ဟိုဖက်နားတိုးပေးပါ။ ဒီမှာ မမလုရောက်လာလို့။ :D
ပုလင်းခွံချည်းပဲကျန်သလား?
ဒါဆိုရင် စိတ်ဆိုးတယ် :P
ဆိတ်သည်းကျနော်လည်းမစားဖူးပါ
ဒီရောက်မှ စားဖူးတော့တယ် ...အင်း... ကောင်းသားပဲနော် :P
ပျော်ရွှင်ပါစေ....။
ကုန်သွားပြီလားမမ။နောက်ကျနေပြီ။ဆိတ်သဲသုတ်တဲ့။တစ်ခါမှမစားဘူးဘူးမမ။နောက်တစ်ခါဆို ဖုန်းဆက်လိုက်နော်။ရောက်အောင်လာခဲ့မယ်။ငတ်တာ အဲလိုမျိုး။
ပုဇွန်ချဉ်သုတ်ကို ကျောက်ပွင့်ထည့်ပြီး အားလူးကြော် နဲ့ ဝီစကီနဲ့ မိုက်တယ်.... အမြည်းကတော့ ရှယ်ပဲဗျာ......
တုတ်ထိုးလေးပါ Add လိုက်တော့.... ကျွန်တော်တို့ ဖက်ကို အိမ်ရွှေ့ခဲ့ပါလား ကိုကြီးကျော်ကို ကပ်ပေါင်းပြီး စားမလို့...... :D
ကိုယ်တော်ကြီး ပြောတာလေ.... ယောင်ပြီး ကိုကြီးကျော် ဖြစ်သွားတယ်..... :D
Post a Comment