Friday, June 12, 2009

IKEA မှာနေ့လည်စာ

ပြီးခဲ့တဲ့ တနင်ဂနွေက IKEA, Court & Giant ဖက်ကို ဈေးဝယ်သွားခဲ့တယ်။ အိမ်အတွက်လိုတာလေးတွေ ၀ယ်ရင်းနဲ့ပေါ့။ အဲဒီနေ့ကတော့ ဘာမှ ချက်မစားဖြစ်ဘူး။ သူငယ်ချင်းတွေလဲ လိုက်လာတယ်။ မနေ့က ၁၄ ယောက်ကနေ ဒီနေ့တော့ ၈ ယောက်ပဲကျန်ပါတော့တယ်။ သူတို့လဲ လိုက်ကြတယ်။ မနက်အိပ်ယာထတာကလဲ ၁၀ နာရီခွဲကျော်နေပြီ။ မနက်စာကို ကော်ဖီသောက်ပြီး သွားလိုက်ကြတာ တနေကုန်သွားတယ်။ နေ့လည်စာကိုတော့ IKEA food court မှာစားဖြစ်တယ်။ IKEA မှာတော့ မြင်မြင်သမျှ လိုချင်စရာကြီးပဲ။ မလို လိုချင်အောင်ကို လုပ်ထားတတ်တယ်။ ဟိုဟာလေးလဲ မဆိုးဘူး၊ ဒီဟာလေးလဲ မဆိုးဘူးနဲ့။ IKEA ကိုတော့ ကျွန်မတော်တော်လေးကို သဘောကျတယ်။ ကိုအန်ဒီရဲ့ IKEA သို့အလည်တစ်ခေါက် မှာဖြည့်ဖြည့်စုံစုံလေး ရေးထားတာရှိပါတယ်။ ကျွန်မတော့ စားစရာပဲ ဓာတ်ပုံရိုက်ခဲ့တယ်။ ဒါလေးတွေလဲ အားမနားတမ်း စားသွားပါအုံးလား။



ပုဇွန်ရေခဲစိမ် ဆိုလား (စားရတာတော့ ချဉ်ငံ ချဉ်ငံနဲ့။ အားလုံး ၀ိုင်းစားကြတယ်)


ကြက်တောင်ပံကြော် (အားလုံးဝိုင်းစားကြတယ်။ တစ်ယောက် တစ်ခုနှုန်း)


ဆယ်လမွန်ငါး လားမသိ (ဒါလဲ အားလုံးဝိုင်းစားကြတယ်)


ဒါက လူပျိုသိုးကြီးစားတာ :D (အဟဲ။ လူပျိုသိုးဆိုပြီး ကျွန်မရေးလို့ အဲလောက်လဲသိုးသေးပါဘူးတဲ့။ ပြန်ပြောင်းခေါ်လိုက်မယ် လူပျိုမသိုးတသိုးပေါ့)


လူဆိုး ၁ ယောက် နဲ့ ကျန်တဲ့ ၃ ယောက်က ဒါကို ၀ယ်စားကြပါတယ်။


ကိုယ်တော်ကြီး ၊ ကျွန်မ နဲ့ နောက်ထပ်တစ်ယောက်က ဒါကို ၀ယ်စားကြပါတယ်။ အံ့သြစရာပဲ ဒီထမင်းသေးသေးလေးကို ကျွန်မ မကုန်ခဲ့ဘူး။


ရေခဲမုန့်ကို ကျန်တဲ့ ညီမလေး ၂ ယောက်စားတယ်။ ကျွန်မကလဲ လူတမျိုး ရေခဲမုန့်ကို ပျော့နေရင် ယောင်လို့တောင်မှ စားဘူး။


ကြိုက်တာဟာတာ စားသွားနော်။ အအေး နဲ့ အပူကတော့ ကြိုက်သလောက်သောက် S$1.50 ပဲပေးရပါတယ်။

4 comments:

လွတ်ငြိမ်းလေပြေ (breeze) said...

ရေခဲမုန့်နဲ့ pasta (ထင်တယ်)
စားချင်တယ်

နွေးနေခြည် said...

ကြက်သားကြော်လေးစားပြီး ရေခဲမုန့်ကို ပျော်အောင်ထားပြီး စားသွားတယ် (မမမိုးနဲ့ ပြောင်းပြန်နော် ဟီးးးး )

မေလေး said...

မမရေ
စိတ်ဆိုးတယ်နော် ဂယ်ဘဲ ကြိုလဲမပြော ဘူး လိုက်စားမှာပေါ့ လို့ ..အခုတော့ ရှိတာ အကုန် စားလိုက်တာ မထနိုင်တော့ဘူး ဒါထက် မမ နောက်မကုန်ရင် မေလေးဆီ ဖုန်းဆက်လိုက် သိလား..TAXI ဌားလာခဲ့မယ်နော်
မမကိုချစ်တဲ့
မေလေး

ကိုလူထွေး said...

ကိုလူထွေးတို့အိမ်က ပရိဘောဂတွေ အားလုံးလိုလိုက ikea ကဝယ်ထားတာ...

ထမင်းအိုးလုပ်မှ ikea ဆိုတာ စာတော်ဆက်လားလို့ မေးရမလိုဖြစ်နေပြီ...

ခင်တဲ့
ကိုလူထွေးးဝ)