Thursday, April 30, 2009

ကျွန်မသိသော အသီး အရွက် အစေ့ အမွှေး အကြိုင်များ

ကျွန်မဒီရောက်ခါစက အသီးရွက် အသားငါး အခေါ်အဝေါ်တွေကို ဘယ်လိုခေါ်ရမှန်းမသိဘူး။ အဲ........မမလုရဲ့ အခေါ်အဝေါ်ကိုတွေ့မှ တော်တော်လေး အဆင်ပြေသွားတယ်။ မဟုတ်ရင် အဘိဓာန်စာအုပ်ထဲဟိုလှန်ရှာ ဒီလှန်ရှာ နဲ့လုပ်ရပါသည်။ အခု ကျွန်မသိသော အသီး အရွက် အစေ့ အမွှေး အကြိုင်များ ကို ပုံနှင့်တကွ ရေးလိုက်ပါတယ်နော်။ နောက်ထပ်သိခဲ့ရင် နောက်ဆက်တွဲလဲ ထပ်ရေးပါအုံးမည်။ အမှားပါရင်လဲ ပြောပေးပါအုံး။


မမလုရဲ့အခေါ်အဝေါ်တွေ တန်းစီရေးထားပေးလိုက်တယ်နော်။

မမလုရဲ့ ပင်လယ်စာ အခေါ်အဝေါ်

မမလုရဲ့ ပင်လယ်စာ အခေါ်အဝေါ်

မမလုရဲ့ အခေါ်အဝေါ် ၃

မမလုရဲ့ အခေါ်အဝေါ် ၎

ဆင်ခေါင်းပဲ အခေါ်အဝေါ်



ဖာလာစေ့ (cardamom)



ဇီယာ (cumin)



သစ်ဂျပိုးခေါက(cinnamon)
နာနတ်ပွင့် (star anise)



ကရဝေးရွက(bay leaf)




သံပရာရွက(lime leaf)





ဆနွင်း (Indian Saffron or tumeric)



ပဒဲကော (galingale or galangal)


ဂျင်း (ginger)



ပူစီန(mint leaves)



စပါးလင် (lemon grass)


ဖက်ဖယ်ရွက(Laksa leaves or polygonum leaves)




ပြင်းတော်သိမ်ရွက် (curry leaf)



နံနံစေ့ (coriander seed)



နံနံပင် (coriander)




ကြက်သွန်မြိတ(onion spring)




ကျူဆိုင် (chinese chives, Kui Chai)




ပင်စိမ်းရွက (basil leaves)



ရှမ်းနံန (culantro or saw leaf herb)

10 comments:

T T Sweet said...

ဟင်းခတ်အမွှေးအကြိုင်တွေ စုံနေတာပဲ။ ဒီလိုလေးစာရင်းပြုစုထားရင် နောက်လိုရင်ရှာရ လွယ်တာပေါ့နော် ... ဆက်ရေးပါ ... အားပေးနေပါတယ်။

စူးနွယ် said...

သီးစုံကုလားဟင်းထဲ ပြင်းတော်သိမ်ရွက်လေး ထည့်တာလည်း ကောင်းတာပဲ။ ဒီမှာလည်း ဟင်းခတ်အမွှေးအကြိုင် တော်တော်သုံးကြတယ်။ စုံနေတာပဲ။

Sandakuu said...

တယ်စုံပါလားဟေ...
အကုန်လုံးကိုလိုချင်ပါတယ်...

မဆုမွန် said...

မိုးကောင်းသူရေ ဟင်းခတ်အဆာပလာတွေထဲမှာလေ တရုတ်မဆလာဆိုတာ ဘာလဲဟင်..အဲ့တာ ခဏခဏတွေ့ပြီး မသိလို့. ပြောပြနော်

subuueain said...

တစ်နေရာတည်းမှာ စုစုစည်းစည်းလေးဖတ်ရတာကောင်းလိုက်တာ

သဉ္ဇာ - Thinzar said...

ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ဖတ်ဖယ်ရွက် တွေရဲ့ အခေါ်အဝေါ်တွေ သိလိုက်ရတော့ ဝမ်းသာသွားတယ်။ ရှမ်းပြည်မှာ ငါးဟင်းပေါင်းရင် အဲဒါတွေ ထည့်တယ်လေ။ အသေအချာလည်း မမှတ်မိတော့ ဘယ်လို ဝယ်ရမလဲ မသိ ဖြစ်နေတာ။

ဇနိ said...

အယ် အစုံပဲတော့။ မြင်တာနဲ့ကို ဟင်းချက်ချင်လာပြီ။
မဇနိ

ကိုလူထွေး said...

တကယ့်ကို စုံစီနဖာပါပဲ မိုးကောင်းသူရယ်...

khin oo may said...

ပင်စိမ်းရွက် (basil leaves)မမြင်ဘူးဘူး ဆိုင်မှာ.

Anti said...

မမ ညီမလေး နံနံပင်မျိုးစေ့တွေ တွေ့လို့ ၀ယ်လာတာ ..အဲဒါလေ သူငယ်ချင်းတယောက်က လှော်ထားwmတဲ့ ညီမလေးက မလှော်ရသေးဖူးလို့ငြင်းပီး ငါ စိုက်ထားပြမယ်လို့ ကြွေးကြော်ထားတာ..( လုပ်ပါဦးမမ လှော်ပီးသားနဲ့ မလှော်ရသေးတာနဲ့ ဘယ်လိုခွဲရလဲ မမ ကူညီပါနော် :)