ဒီနေ့တော့ တချက်ခုတ် နှစ်ချက်ပြတ် ဟင်းချက်လိုက်ပါတယ်နော်။ ဘာဟင်းကြီးပါလိမ့်ဆိုပြီး စဉ်းစားစရာဖြစ်ကုန်တော့မည်။ နဂိုကမှ ဟင်းစဉ်းစားရတာ ဦးနှောက်ခြောက်ရတဲ့ အထဲနော်။ ဒီမိုးကောင်သူက တမျိုး။ အရိုးသီချင်းလို တွေ့ရာအကုန်ပစ်ထည့်ပြီး ချက်လိုက်ပါတယ်ရှင်။ ဒီဟင်းချက်နည်းကို သူငယ်ချင်းရဲ့မိန်းမ ဆီကနေရတာပါ။
မှိုနဲ့ကန်စွန်းရွက်ချက် စပ်စပ်လေး သုံးဆောင်သွားပါအုံးလား
စားချင်အောင် အမျိုးမျိုးရိုက်ထားလိုက်တယ်။
မှိုက ဒီမှိုပါရှင်။ တောင်ပို့မှိုအရသာနဲ့တော့ ဆင်တယ်။ ခပ်ချွဲချွဲလေး။ ဒီမှိုကို Fair Price (NTUC ) ၊ sheng siong ၊ wet market တွေမှာ ရတတ်ပါတယ်။ ကျွန်မတော့ Fair price ကနေ ၀ယ်လာတာပါ။ သြော်မေ့လို့ မှိုနာမည်ကို King Oyster Mushroom ဆိုပြီးရေးထားပါတယ်နော်။
လိုအပ်သောအရာ
ကန်စွန်းရွက် သေးသေး ၁ စည်း
မှို
ပုဇွန် လိုသလောက်ထည့်နော်
ခရမ်းချဉ်သီး ၂ လုံး
ကြက်သွန်ဖြူ ၂ တက်
ငါးပိ လက်တစ်ဆစ်
ငရုတ်သီး ၃ တောင့်
ချက်ပုံ
ကန်စွန်းရွက်ကို အနေတော်ဖြတ်ပြီးရေဆေးထားပါ။ မှိုကိုလဲ အရှည်လိုက်လှီးပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်ဖြူထည့်၊ ခရမ်းချဉ်သီးထည့်ပြီး လုံးထားပါ။ ခရမ်းချဉ်သီးနူးအိသွားရင် ပုဇွန်ထည့်၊ မှိုထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်၊ ငါးပိထည့်ပြီး ဆီပြန်လာအောင်ထားပါ။ အရည်စပ်စပ်လေးနဲ့စားချင် ဆီပြန်လာခါနီး ရေနွေးနည်းနည်းလေးထည့်ပါ။ စားတော့မယ်ဆိုရင် ကန်စွန်းရွက်ထည့်၊ ငရုတ်သီးထည့် ၃ မိနစ်လောက်ဆို မီးဖိုပေါ်က ချနိုင်ပါပြီနော်။ ကဲ ထမင်းမြိန်စေတဲ့ ဟင်းတခွက် ရပါပြီ။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
4 comments:
ဒို့နံပါတ်(၁)
စားလို့ကောင်းမှာပဲ စားချင်လိုက်တာ။ ရှိသေးရင်နဲနဲကျွေးပါ။ :P
Thet Htar
စားလည်း စားပါတယ်..း)
မင်္ဂလာနှစ်သစ်ပါ
ရှိတာလေးဘဲရောချက်တာမဟုတ်ပါဘူးနော်..
အဲဒါလဲကောင်းတာပါဘဲ..အဲဒီမှိုကဒီမှာဆိုအရမ်းဈေး ကြီးတာ..ဒါတောင်စူပါမားကတ်တိုင်းမှာမရဘူး..သိလား..
စပ်စပ်လေး စားချင်နေတာ ... အတော်ပဲ ... နောက်နေ့ကျတကယ်ချက်စားအုံးမှာ ...
Post a Comment