Tuesday, April 7, 2009

ကိုယ်တော်ကြီးရဲ့ ဖြစ်ပုံ နဲ့ ကျွန်မ ၀မ်းသာရပုံ

စနေနေ့က မင်္ဂလာဆောင်သွားလိုက်တာ အိမ်ကိုတော့ တနင်ဂနွေ ညနေမှ ပြန်ရောက်ပါသည်။ မင်္ဂလာဆောင်ဆိုပြီးသွားလိုက်တာ တညအိပ် နှစ်ရက်ခရီးကြာခဲ့ပါတယ်။ ဟီးဟီး။ တခါတရံ သူငယ်ချင်းများနဲ့ အဲလိုပဲ စုံပြီး အိပ်တတ်ကြပါတယ်။ (သတိုးသမီး၊ သတိုးသားအိမ်မှာ အိပ်တာဟုတ်ဘူးနော။် တခြားသူငယ်ချင်း အိမ်မှာ အိပ်တာပါ) သူများနိုင်ငံမှာနေရတော့လဲ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများကို ဆွေမျိုးလုပ်ပြီးနေရတာပေါ့နော်။ ယောကျာ်းလေးတခန်း၊ မိန်းကလေးတခန်းစီခွဲပြီး အိပ်ကြတာ။ သူငယ်ချင်းအိမ်တွင် စနေနေ့ ညလည်စာရော တနင်ဂနွေနေ့လည်စာပါ စားပြီး ညနေလောက်မှ ပြန်ခဲ့ကြပါတယ်။ ညစာပါစားရင်လဲ ရိုက်တော့မယ်လေ။ ဟီးဟီး။ ဒါနဲ့ ကျွန်မလဲ ဒီနေ့ညနေစာတော့ ထမင်း မချက်တော့ဘူး။ ဆီကျက်ခေါက်ဆွဲပဲ ပြုတ်စားကြတာပေါ့လို့ ကိုယ်တော်ကိုပြောလိုက်တယ်။ ဟွန် စားချင်ဘူး ဘာဘူးနဲ့။ အဲလိုဆိုတော့လဲ စားချင်တာ စားပါလေ ပြောလိုက်တော့ မိန်းမကျွေးမှ စားမယ်တဲ့။ ပြောချင်တာက မိန်းမ ကတ်ထဲက ပိုက်ပိုက်နဲ့မှ စားမယ်တဲ့။ ဘယ်သူ့ကတ်သုံးသုံး ပိုက်ပိုက်ကလဲ အတူတူပဲကိုနော့်။ အဲဒါနဲ့ အင်းစားစား ဆိုပြီးပြောလိုက်ရတော့တယ်။ နောက်နေ့မှ ဈေးဖိုးပိုတောင်းလိုက်မှာပေါ့။ နော့်။


ဘဏ်ကတ်အကြောင်းကိုလဲ ဆက်ပြောပါအုံးမယ်။ ကျွန်မကတ်နဲ့ သူကတ်နဲ့က online ၀ယ်လို့မရပါ။ ဒါနဲ့ online ၀ယ်ချင်တယ်ဆိုရင် ၀ယ်လို့ရအောင်ဆိုပြီး ကျွန်မလဲ နောက်ထပ်ကတ် သွားလုပ်လိုက်ပါတယ်။ အဲဒီကတ်ရတာကလဲ မနေ့ တနေ့ကမှဆိုတော့ ဒီအတိုင်း ပိုက်ဆံအိတ်ထဲ ထည့်ထားလိုက်တယ်။ ဒါနဲ့အဲဒါကို မာစတာအနေနဲ့ စမ်းကြည့်မယ်ပေါ့။ သူ့ရဲ့ မာစတာကတ်ကိုတော့မသုံးဘဲ ကျွန်မဟာကို သုံးမယ်ပေါ့။ အေးပါ အေးပါ သုံးသုံးလို့ပြောလိုက်တယ်။ ဒီလိုနဲ့ စားပြီးသောက်ပြီး ပိုက်ဆံရှင်းတော့ စားပွဲထိုးကောင်းမလေးကို ကျွန်မရဲ့ကတ်လေးအား နှမျှောသသနဲ့ ပေးလိုက်ရပါတော့တယ်။ စားပွဲထိုးကောင်မလေးလဲ အတော်လေးကြာမှ ပြန်လာပါတယ်။ ဒီကတ်က မရဘူးဖြစ်နေတယ်တဲ့။ သူတို့စက်က လက်မခံပါဘူးတဲ့။ တခြားကတ်လေးများ ရှိသေးသလားပေါ့။ ကျွန်မမှာလဲ ကိုယ့်ကတ်သုံးလို့မရတာကို အပျော်ကြီး ပျော်သွားတယ်။ နောက်ပြသနာ နောက်မှရှင်းမယ်ပေါ့။ လောလောဆယ်တော့ ကျွန်မကတ်ထဲက ပိုက်ဆံမထွက်ဘူးပေါ့။ ဒါနဲ့ ကိုယ်တော်ကြီးမှာလဲ သူ့ကတ်ကိုသာ ထုတ်ပေးလိုက်ရပါတော့တယ်။ စားပွဲထိုးကောင်မလေးလဲ သူ့ကတ်ယူပြီး ထွက်သွားရော သူက ကျွန်မကို ကတ်က အတီဗိတ် (activate) မလုပ်ရသေးဘူးလားတဲ့။ လုပ်ရသေးဘူးလို့ပြောလိုက်တယ်။ ကျွန်မမှာလဲ အဟီးဟီးနဲ့ ရယ်ပြီး အိမ်သို့ ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့ရပါတော့လေသတည်း။



သူ့ရဲ့ Spaghetti ပန်းကန်။ ပုံစံလေးက လှလဲလှတယ်။ စားလို့လဲ ကောင်းတယ်။ (၀က်သားနဲ့ ချိစ်အုပ်လို့)





ကျွန်မရဲ့ Spaghetti ပန်းကန်။ ပုံစံက လှလဲလှဘူး။ သူ့လောက်လဲ စားကောင်းဘူး။ :(
အမဲသား နဲ့ ငရုတ်ကောင်းကို မှာလိုက်တာ။ ဟွန့် ကောင်းဘူး ကောင်းဘူး။ ဒါလေးတော့ ကျွန်မတောင် လုပ်တတ်သေး။ :D


ကဲ သုံးဆောင်သွားပါအုံးလား။

7 comments:

နွေးနေခြည် said...

မမရဲ့ ကိုယ်တော်ကြီး စားတဲ့ ဟာလေး စားချင်တယ် ..း)

MrDBA said...

ပိုင်ချက်ကွာ မိုးကောင်းသူတို့ကတော့။

မြရွက်ဝေ said...

အင်! ကတ်ကို အဲလို ခွဲသုံးတယ်လား။ :P ညီမကတော့ ကတ်အားလုံး သူ့ဆီမှာဘဲ။ ပိုက်ပိုက်မထုတ်ဖြစ်သေးလို့ ခရတ်ဒစ်ကဒ်ပဲ ပေးထားရင်တောင် ဈေးဝယ်ရတာ စိတ်တထင့်ထင့်နဲ့။ ကျပျောက်မှာ စိုးလို့။ ရှပ်ပြာစိန် ဆိုတော့လေ။ :D

Phyo Evergreen said...

ကိုယ်တော်ကြီး ကတ်ကိုသုံးဖြစ်အောင်လုပ်လိုက်တာကိုး.. တော်တော် တော်တာဘဲ..ဟီး.. နည်းယူသွားအုံးမှ..။
နှစ်မျိုးချလုံး အီမဲ့ပုံဘဲနော်..။

ကိုလူထွေး said...

ဒီနည်းမဆိုးဘူး။ သူများနဲ့  မုန့် သွားစားရင် သုံးလို့ မရတဲ့ ကဒ်တစ်ခု အိတ်ထဲထည့်သွားရင် ရပြီ။ မိုးကောင်းသူလို ပြောရရင်.. နောက်ပြသနာ နောက်မှ ကြည့်ရှင်းမယ်။ အခု ကိုယ့်အကောင့်ထဲက ပိုက်ဆံထွက်မသွားရင် ပြီးပြီပေါ့...

ဂျူနို said...

မအယ်ကတော့ အပြင်သွားရင် ကိုကို ပိုက်ဆံအိတ်ပါပြီလား ကဒ်ကောပါရဲ့ လားသေချာမေးပြီး ကိုယ့်ကဒ် အိမ်မှာပဲထားခဲ့တယ်။

မိုးကောင်းသူ said...

ညီမ နွေးနေခြည်
စားပါ စားပါ။ ကိုယ်တော်ကြီးစားတဲ့ဟာကကောင်းတယ်။ အစ်မမှာတဲ့ဟာက လုံးဝမကောင်းဘူးဆို။

ကိုကြီး ဒီဘီ
ပိုင်ရမယ်လေ။ ဒါမှ ဈေးဖိုးထဲက ကိုယ်လိုချင်တာလေးကို ပိုဝယ်လို့ရတာပေါ့။ :D

ညီမ မြရွက်ဝေ
ဘဏ်ကတ် လုပ်ထားတာ မကြာသေးပါဘူး။ အစက ကိုယ်ပိုင်ကတ် မရှိဘူး။ ပိုက်ပိုက်ပဲပေးထားတာပါ။

ဖြိုး
တော်ရမယ်လေ။ ဒါမှ အစ်မအတွက် ပိုက်ပိုက်ကျန်မှာ။ အစ်မစားတဲ့ဟာက အီဘူး။ သူစားတဲ့ဟာက ချိစ်ပါလို့ နည်းနည်းလေးပဲ အီတယ်။

ကိုလူထွေး
ကောင်းလိုက်တဲ့အကြံပဲ။ ကိုလူထွေးတို့က ကျွန်မကိုများ အပြင်မှာလိုက်ကျွေးမယ်ဆိုရင်တော့ ပိုက်ပိုက်ပါမှ လိုက်မယ်။ တော်နေ ကျွန်မကတ်ကို ထပ်သုံးနေရအုံးမယ်။ :D

မမအယ်
ဒီ အကြံဥာဏ်အကောင်းဆုံးပဲ။ နော့်