Thursday, April 9, 2009

ငါးကြော်နှပ်

ဒီနေ့တော့ ဟိုအပတ်က၀ယ်ထားတဲ့ ငါးတစ်ကောင်ကို ချက်လိုက်ပါတယ်။ အလှူတွေမှာ ကျွေးတဲ့ ငါးကြော်ချက် လိုမျိုးချက်လိုက်ပါတယ်။ အဟဲ.......အလှူတွေမှာ ကျွေးတဲ့ငါးချက်က အရိုးတွေပါ နူးအိပြီး စားလို့လဲအရမ်းကောင်းပါတယ်။ ကျွန်မ ငါးကြော်နှပ် ကတော့ အရိုးမနူးပါဘူး။ pressure cooker နဲ့ချက်မယ်ဆိုရင်တော့ နူးမှာပေါ့။ ကျွန်မမှာ ထမင်းအိုးရယ်၊ ဟင်းရည်ချက်တဲ့အိုးရယ်၊ ဟင်းကြော်ဖို့အကြော်အိုးရယ် ဒါပဲရှိတယ်။ ဒီလိုပဲ ကြုံတုံး ကြွားပလိုက်တယ်။ ဟီးဟီး


ငါးကြော်နှပ်လေး သုံးဆောင်သွားပါအုံးလား။ (ငရုတ်သီးလေး မပါရင် စားလို့မဖြစ်လို့ ၂ တောင့်ကို ချခါနီး ထည့်လိုက်တယ်။)



မုန့်ညှင်း ဟင်းရည် (ခနောကြက်သားမှုန့် တတုံးထည့်လိုက်ပါတယ်။ ဒါပါပဲ။ ကျန်တာဘာမှ ပါဘူး။)




လိုအပ်သော အရာ

ငါး
ကြက်သွန်နီ ၁ လုံး ကြီးကြီး
ခရမ်းချဉ်သီး ၂ လုံးကြီးကြီး
သံပရာသီး သေးသေး ၄ လုံး (မထည့်လဲ ရပါတယ်နော်)

ချက်ပုံ

ငါးကို ရေဆေး (မန်ကျည့်မှည့်နဲ့ ဆေးရင်အရင် အညှီနံ့ ပိုသက်သာပါတယ်နော်)။ ငါးကို အတုံးတုံးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နဲ့ သံပရာသီးညှစ်ထည့်၊ နယ်ပြီး နပ်ထားပါ။ ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင်နယ်ထားတဲ့ ငါးကို အရောင် နီလာအောင် အထိကြော်ပါ။ ပြီးရင် ဆီကိုခွက်တခုထဲ အရင်ကော်ထားပါ။ ပြီးရင် ငါးကို ရေနည်းနည်းထည့်ပြီး အရိုးနူးအိသွားသည်အထိ ပြုတ်ထားပါ။ ပြုတ်နေတုံး ငါးကို သွားမမွှေလိုက်နဲ့နော်။ ငါးအတုံးတွေ ကြေကုန်မှာစိုးလို့ပါ။ အဲ အရိုးတွေလဲ နူးအိသွားရင်တော့ စောစောက ကျန်တဲ့ဆီနဲ့ ပါးပါးလှီးထားသော ကြက်သွန်နီ အကွင်းလိုက်နဲ့ ခရမ်းချဉ်သီးကို နည်းနည်းအိအောင်ကြော်ပါ။ ပြီးရင် ငါးထည့်ပါ။ ဒါဆိုရင်တော့ ငါးကြော်နှပ် ရပါပြီရှင်။

4 comments:

Phyo Evergreen said...

1 ယူပါရစေ.. ရှလွတ်... စပ်စပ်လေးလုပ်ပေးပါ

Phyo Evergreen said...

1 ယူပါရစေ.. ရှလွတ်... စပ်စပ်လေးလုပ်ပေးပါ

yehtutnaung said...

ငါးကြော် မကြိုက်တဲ့ ကြောင်မိုက်လို့ တော့ အထင်မခံချင်ဘူး။ :P

ဇနိ said...

ငါးကို ရိုးရိုးချက်တာ မကြိုက်တတ်လို့ ငါးကြော်နှပ်လေးတော့ စားချင်တယ်။ ဟင်းရည်ကလည်း စိမ်းစိမ်းစိုစိုလေး။
မဇနိ