Thursday, April 16, 2009

မုန်လာဥကြော်

မုန်လာဥကို ထုံးစံအတိုင်း ချဉ်ဟင်းချက်မလို့ဘဲ။ တခါလာလဲချဉ်ဟင်း ဆိုရင် ဖြစ်သေးဘူး တမျိုးတဖုံပြောင်းချက်မှဆိုပြီး အချိုကြော်လေးလုပ်ပါတယ်။ ဖြူဖတ်ဖြူရော်နဲ့ အရောင်တွေ မပါတော့ စားလို့မကောင်းဘူးလို့မထင်လိုက်နဲ့နော်။ မုန်လာဥလေး နဲ့ ပုဇွန်လေးနဲ့ ရောကြော်လိုက်တော့ ချိုနေတာပါပဲ။ စားချင်အောင် ဒီလိုပဲ ကြံဖန်ပြောပလိုက်တယ်။ :D




မုန်လာဥကြော်လေး သုံးဆောင်သွားပါအုံးလား။




ဝက်အူချောင်းကြော်လေး သုံးဆောင်သွားပါအုံးလား။ Fair Price (NTUC) ကနေ ၀ယ်ခဲ့ပါတယ်။


မုန်လာဥကြော်အတွက် လိုအပ်သောအရာ

မုန်လာဥ ၁ ခြမ်း (မုန်လာဥက ကြီးလို့ တခြမ်းနဲ့လောက်ပါတယ်)
ကြက်သွန်နီ ၁ လုံးသေးသေး
ကြက်သွန်ဖြူ ၂ တက်
ပုဇွန်သေးသေး (ရယ်ဒီမိတ် အခွံခွာပြီးသားပါ။ Fair Price (NTUC) ကနေ ၀ယ်ခဲ့ပါတယ်။)



ကြော်ပုံ

မုန်လာဥကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီ ကြက်သွန်ဖြူကိုထောင်းထားပါ။ ကြော်မယ့်အိုး တည်ပါ။ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကိုထည့်ပြီး အရင်ဆီသတ်ပါ။ ကြက်သွန်နီ ကြက်သွန်ဖြူများ နူးအိသွားရင် ပုဇွန်သေးသေးထည့်၊ မုန်လာဥထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ပြီး ကြော်ပေးပါ။ မုန်လာဥလေး ပိုနူးချင်ရင် ရေနွေးနည်းနည်းလေး ထည့်ပြီးကြော် ပေးနိုင်ပါတယ်နော်။ ဒီလိုလေးကြော်စားတော့လဲ ဟင်းတမျိုးတိုးတာပေါ့။ သုံးဆောင်သွားပါအုံးနော်။

3 comments:

စန္ဒကူး said...

ကဲကဲ..မုန်လာဥနဲ့ပုဇွန်..နောက်ဆုံးပန်းကန်ထဲမှာဘာဘဲကျန်ခဲလဲ သိချင်ပါတယ်.. ကူးကူးဆိုရင်တော့ ပုဇွန်ဘဲရွေးစားမှာ။။ ဟိဟိ

Unknown said...

အဟိ ၀က်အူချောင်းက တူးနေတယ်။ မန်းကြီးတော့ ရိုက်တော့မှာပဲ။

မိဘမေတ္တာ said...

အစ်မ့ွန်မန့်တာနော် ကိုကြီး မဟုတ်ဘူး ...