Monday, April 20, 2009

မုန့်ဟင်းခါး (ခင်ထွေးရီ)

ဒီနေ့တော့ ခင်ထွေးရီ မုန့်ဟင်းခါးထုပ်ကို လုပ်စားလိုက်ပါတယ်။ အစ်မတယောက်က ခင်ထွေးရီချက်စားကြည့် ပိုပြီးကောင်းတယ်ဆိုလို့ပါ။ ခါတိုင်း မုန့်ဟင်းခါးချက်ရင် မြောင်းမြဒေါ်ချိုပဲ ၀ယ်ပြီး ချက်စားတတ်ပါတယ်။ မြောင်းမြဒေါ်ချိုမှာ ပါတဲ့ ဟင်းကြော်ထုပ်က ငါးပြာရည်အနံ့လို နည်းနည်း အနံ့ပြင်းပါတယ်။ ခင်ထွေးရီ ငါးကြော်ထုပ်က ပိုပြီးမွှေးပါတယ်။ ကြိုက်တာတာ ချက်စားပါနော်။ ကျွန်မကတော့ နှစ်မျိုးစလုံး ကြိုက်ပါတယ်။





ကျွန်မ ပန်းကန်ပါ။ ညှပ်ဖတ်နဲ့ စားပါတယ်။ သုံးဆောင်သွားပါအုံးလား။





သူ့ပန်းကန်းပါ။ သုံးဆောင်သွားပါအုံးလား။




သူ့ပန်းကန်ပါ။ ညနေ တခေါက်စားတော့ အသုပ်စားချင်တယ်ဆိုလို့ သုပ်ပေးလိုက်ပါတယ်။ သုံးဆောင်သွားပါအုံးလား။





ကြက်သွန်ဖြူ နီ ဆီကျက်၊ ပဲကျက်မုန့်၊ မန်ကျည်းမှည့်အနှစ်၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးမှုန့်နဲ့ အိုးကြက်ဥ တို့ကို ထည့်ပြီး နယ်ပါတယ်။



ဟင်းရည်




မုန့်ဟင်းခါးဖတ် နဲ့ ညှပ်ဖတ် (ကြိုက်သလောက်စားသွားနော်။ အားမနာနဲ့)




ဟင်းရည်ကို အိုးလိုက်ချထားပေးတယ်။ အပူလှောင်မယ်နော်။ သတိထားပါ။


မုန့်ဟင်းခါး ဟင်းရည် ချက်နည်း


ကြက်သွန်နီ ကြီးကြီး ၃ လုံး လေးခြမ်းစိတ်၊ ကြက်သွန်ဖြူ ၇ တက် ပါးပါးလှီး၊ စပါးလင် ၁ ချောင်း ထောင်းထားပါ။ ကျွန်မကတော့ ငါးကြော်ကို ပြန်ပြီးဆီသတ်လိုက်ပါတယ်နော်။ ဆီသတ်မယ့်အိုးတည်ပြီး ဆီနည်းနည်းထည့်ပါ။ ဆီကျတ်လာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင် ထည့်ပါ။ ကြက်သွန်ဖြူနီများအိလာရင် ဆနွင်း နည်းနည်းထည့်၊ ငါးကြော်ထုပ်ထည့်ပြီးကြော်ပေးပါ။ ပြီး ဟင်းရည်ချက်မယ့်အိုးထဲသို့ ဆီသတ်ထားတဲ့ငါးကိုထည့်လိုက်ပါတယ်။ ထမင်းပေါင်းအိုးထဲသို့ ရေနွေး တ၀က်ကျော်ကျော်ထည့် တည်လိုက်ပါတယ်။ ငံပြာရည် နဲ့ အချိုမှုန့် ထည့်ပါ။ ဆူပွက်လာရင် သူ့မှာပါတဲ့ ပဲကျက်မှုန့် နဲ့ ဆန်လှော်မှုန့်ကို ရေကျက်အေးနဲ့ ဖျော်လိုက်ပါ။ ပြီးထည့်လိုက်ပါ။ ကျွန်မကတော့ အိမ်မှာရှိတဲ့ ပဲကျက်မှုန့် နဲ့ ဆန်လှော်မှုန့်ကို နည်းနည်းပိုထည့်လိုက်ပါတယ်။ အဖုံးတော့ ဖွင့်ထားပါနော်။ ဆူလာရင် ဝေကျသွားမှာစိုးလို့ပါ။ ကြက်ဥပြုတ်ထည့်ပါ။ မဟုတ်လဲ ကြက်ဥကို ခေါက်ထည့်လဲ ရပါတယ်နော်။ ကျွန်မ ချက်တတ်သလို ရေးလိုက်ပါတယ်နော်။

10 comments:

nyimuyar said...

စားသွားပါတယ် ခင်ထွေးရီလည်းကောင်းတယ် စံပြဒေါ်ကြည်က ငရုတ်ရောင်ရှိတယ်။ မြောင်းမြ ဒေါ်ချို လည်းစားတယ်။

သက်ထား

MrDBA said...

တို့လဲလာစားသွားတယ်။ ညှပ်ဘူးသီး တစ်ပွဲပေး .. :P

ဂျူနို said...

ဟုတ်တယ် ညီမရေ
မြောင်းမြဒေါ်ချိုက အနံ့ ပြင်းတယ်။ စားရင်လည်း အီသလိုပဲ။ ရင်ပြည့် သလို အစာ မကျေသလိုမျိုး။
အထားခံအောင် ဘာတွေပါလည်းမှ မသိတာ။

နွေးနေခြည် said...

မမိုးရဲ့ သူပဲ ဖြစ်လိုက်ချင်ပါတော့တယ်...

စန္ဒကူး said...

ဟူး... ပြောရင်ဆိုရင်းမုန့်ဟင်းခါးတောင့်တလာပြီ...
စားချင်လိုက်တာနော်...အသုပ်နဲ့ဟင်းရည်တစ်ပွဲပေးပါ..း)

စူးနွယ်လေး said...

ခင်ထွေးရီ ရယ်ဒီမိတ်မစားဖူးဘူး။ စမ်းချောင်းက ဆိုင်မှာတော့ခဏခဏ စားဖူးတယ်။ မြောင်းမြဒေါ်ချိုတော့ ရယ်ဒီမိတ် စားဖူးတယ်။ ဒါပေမယ့်ပေါ့ တခါက ရန်ကုန်ကပြန်တော့ မုန့်ဟင်းခါး ရယ်ဒီမိတ်ထုပ်တွေ အိမ်က၀ယ်တည့်ပေးလိုက် တယ်။ ဒီရောက်တော့ မြောင်းမြဒေါ်ချို အရင်ဆုံးစမ်းကြည့်တယ်။ အိုကေတယ်။ ကျောက်မြောင်းဒေါ်ကြည်ဆိုတဲ့ အထုပ်လည်းဖောက်လိုက်ရော ဟင်းအနှစ်ထဲက ပိုးဟပ်ကြီး တကောင်ထွက်လာတယ်။ အစက အတောင်ပံ တ၀က်တပျက်ကြီးပဲမြင်တော့ တို့က စပါးလင်ဖတ်ကြီး ထင်နေတာ။ အော်...စပါးလင်တဖတ်က မညက်ဘူးပေါ့ ဆိုပြီး ဆွဲလည်းထုတ်လိုက်ရော ပိုးဟပ်ကြီး။ တကောင်းလုံး အပြည့်။ ဒါနဲ့ ကျန်တဲ့ အထုပ်တွေပါ ပစ်လိုက်တယ်။ အဲဒီကတည်းက မုန့်ဟင်းခါးထုပ် မစားတော့ဘူး။ တခြား ဘာလချောင်ကြော်တွေ ဘာတွေတော့ နည်းနည်းပါးပါး စားနေသေးတယ်။ ပိုးဟပ် မမြင်ရသေးလို့လေ..ဟီးးးးး

မဆုမွန် said...

သူ့အတွက် မုန့်ဟင်းခါးသုတ်လေး စားချင်လိုက်တာနော်..
ကျွန်မက မုန့်ဟင်းခါးဆို အသေရရ အရှင်ရရ. အသေတွယ်တာပဲ...

Thant said...

စံပြဒေါ်ကြည်လဲကောင်းတယ်။ ငါးနံ့မွှေးမွှေးလေးနဲ့။ အခုလဲကြည့်ပြီး ဗိုက်ဆာလာပြီ ။

မီးမီးငယ် said...

မုန့် ဟင်းခါးလာစားသွားပါတယ်ရှင်။

ကျွန်မလဲ မုန့် ဟင်းခါးကိုညှပ်နဲ့ ဘဲကြိုက်တယ်။ ဘဲသွေးလေးပါတော့ပိုကောင်းမယ်နော်။

း)

T T Sweet said...

ဟိုဘက်ကလဲ အုန်းနို့ခေါက်ဆွဲ ... ဒီဘက်ကလဲ မုန့်ဟင်းခါး ... အမတို့ရေ ... လာကြပါဦး စားချင်လို့ပါ။ ချက်မစားဖြစ်တာ ကြာတာတွေ လာပြနေပါတယ်ဗျို့း)