Friday, April 24, 2009

ပုဇွန်ငါးပိချက် နဲ့ သခွားသီး အတို့

ဒီနေ့တော့ ဘာချက်လို့ ဘာချက်ရမှန်းမသိ။ အဲဒီတော့ ပုဇွန်ကိုချက်လိုက်မယ်လို့စဉ်းစားလိုက်တယ်။ ဆီပြန်လဲ မစားချင် ထုံးစံအတိုင်း ငါးပိချက်လေးချက်လိုက်မယ်ပေါ့။ ပြီး သခွားသီးလေးကို အချဉ်သုပ်လေး သုပ်မယ်ပေါ့။ သခွားသီးကိုလဲ မသုပ်ဖြစ် ပုဇွန်ကို အခွံမခွာဖြစ်ဘဲ ငပျင်းချက် ချက်လိုက်ပါတယ်။ နေလို့သိပ်မကောင်းလို့ပါ။ အဟီး ဒီနေ့တော့ ဒါလေးပဲ သုံးဆောင်သွားပါအုံးနော်။



သုံးဆောင်သွားပါ အုံးလား။ ပုဇွန်ငါးပိချက်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်။ ပြီးတော့ ပဲကြီးဟင်းရည်ချက်လိုက်တယ်။ ဓာတ်ပုံတော့ ရိုက်လိုက်ဘူးနော်။ ပဲကြီး ၁ကီလို ၀ယ်ထားတာ ကျန်ပါသေးတယ်။ နောက် ၂ ခါလောက် အနည်းဆုံး ချက်လို့ ရအုံးမည်။



ဟောဒီက သခွားသီး အတို့။



ဘာလို့လဲ မသိ နဂါးမောက်သီးကို ဓာတ်ကျနေသည်။ သူကတော့ သိပ်မကြိုက် ကိုယ်ပဲ များများစားတယ်။ စားသွားအုံးနော်။

4 comments:

Anonymous said...

မရေ..............အကုန်စားသွားပြီနော်.......

Cute Avocado said...

ရှလွတ် .... စားသွားတယ် :P အော် အိမ်နားနီးရင်တအားကောင်းမယ် ... အကြောင်းမရှိအကြောင်းရှာပြီးသွားစားမယ် ...ဒီတစ်ခါအိမ်ပြောင်းရင် မမိုးကောင်းသူတို့အိမ်နားပြောင်းမယ် ...ဆုံးဖြတ်ချက်ချလိုက်သည် .. :P

ညလေး said...

စားသွားကြောင်းး
နဂါးမောက်သီးက အနီရောင်ရှိသေးတယ်။ သူက သွေးအားပိုကောင်းတယ်၊ ညလေးက အဖြူသိပ်မစားဘူး အနီရောင်ပိုစားတယ်၊ စားပြီးရင် နှုတ်ခမ်းလေးကို ရဲနေတာပဲ ခိ

ကိုလူထွေး said...

ဒီမှာတော့ ပုစွန်တအားဈေးကြီးတယ်ဗျ.. တခါတလေ ပုစွန်အိတ်ပေါ်မှာ Product of myanmar လို့ စာတန်းတွေ့ တယ်လေ.. သြော် သူတို့ ကတော့ ဗီစာလွယ်လွယ်နဲ့ ရခဲ့ကြပါလားလို့  တွေးမိတယ်။ ပြည်ဝင်ခွင့်ရဖို့  ရေခဲသေတ္တာကြီးထဲ အကြာကြီးဝင်နေရမယ်ဆိုရင်လဲ မနိပ်ပါဘူးဗျာ.. နော်။