Sunday, April 26, 2009

ကြေးအိုးဆီကျက် နဲ့ ကြေးအိုး

အခုတလော ဟိုအိမ်လည်လဲ ကြေးအိုး ဒီအိမ်လည်လဲ ကြေးအိုး ဆိုတော့ မိုးကောင်းသူတို့လဲ ကြေးအိုး လုပ်ကြည့်အုံးမှဆိုပြီး မနေ့က လုပ်စားလိုက်ပါတယ်။ ကြေးအိုးဆိုပြီး နာမည်သာ တတ်ရသည်။ ကိုယ်တော်ကြီးက ကြာဆံပြုတ်ကြီးပါတဲ့။ အဟီး

ဒီမှာလဲ စပါယ်ရှယ် ကြေးအိုးတွေ ရှိတယ်နော်။

မလုလု ကြေးအိုး
မလိခ ကြေးအိုး
မမ၀ါ ကြေးအိုး
ချစ်ဇနီးလက်ရာထမင်းဘူး ကြေးအိုး
TTSweet ကြေးအိုး




ကြေးအိုးဆီချက် သုံးဆောင်သွားပါအုံးလား။ ဒါက ကိုယ်တော့် ပန်းကန်





ကြေးအိုး သုံးဆောင်သွားပါအုံးလား။ ဒါက ကျွန်မ ပန်းကန်





ဆော့စ်အချဉ် (ကြက်သွန်ဖြူ ၊ ငရုတ်သီး ၊ သံပရာသီး ၊ ငရုတ်သီးဆော့စ် ထည့်ပြီးလုပ်ထားပါတယ်)




ဟင်းရည်အိုး ၀က်သားတောက်တောက်လုံး ၊ ကြက်တောင်ပံနဲ့ ခြေထောက်၊ ကြက်ဥ ပြုတ်ထည့်ထားပါတယ်။ ငုံးဥဈေးကြီးလို့ ကြက်ဥပဲ ပြုတ်ထည့်လိုက်တယ်။ :D



အအီပြေ သစ်တော်သီးသုပ် နဲ့ sunkit ဆန်းကစ်သီးသုပ် သုံးဆောင်သွားပါအုံးနော်။ ဓာတ်ကျနေလို့ပါ။ ဒီနေ့ သူတော့စားဖူး။ တစ်ယောက်တည်း စားပလိုက်တယ်။ အေးရော.......

5 comments:

စူးနွယ်လေး said...

ကြေးအိုးက စားချင့်စဖွယ်လေး။ အကြိုက်ချင်းတူတယ်ကွ။ တို့ကအရည်နဲ့၊ သူကဆီချက်ကြိုက်တာ။
မြူးပြောလို့ သိတာ။

ကိုလူထွေး said...

ကြက်သားနဲ့ ဆိုတော့ တမူထူးတာပေါ့.. ကြာဆံပြုတ်နဲ့ မတူပါဘူး..

Anonymous said...

မရေ............
မြူးဖို့ ချန်ထားတယ်ဟုတ်။။
အရည်နဲ့ ပေးပါနှစ်ပွဲပေးပါရှင့်။

Unknown said...

မိုးကောင်းသူရဲ့ ခင်ပွန်းကတော့ တော်တော် ကံကောင်းတာပဲ..ဘလော့လာလည်တဲ့ ကျမတောင် သွားရေ ကျပြီး ပြန်ပြန်သွားရတာ....။

WWKM said...

စားစရာတွေမိုက်တယ်ဗျို့.. အခုမှ IC show ကပြန်ရောက်တာ.. ဗိုက်ချာဒယ်.. ကြေးအိုးဆီချက်စားမယ်.. ရှယ်ပဲ.