Monday, April 27, 2009

ကြက်ဥကြော် ၊ ငံပြာရည်ချက် နဲ့ အတို့



ကျူဆိုင် နဲ့ ကြက်ဥကိုခေါက်ကြော်ထားတာပါ။ ပါးပါးလေးကြော်ပြီး လိပ်ထားတာပါ။ သုံးဆောင်သွားပါအုံးလား။





ငံပြာရည်ချက် သုံးဆောင်သွားပါအုံးလား။ (ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ငရုတ်သီးကြော်မှုန့်၊ ငံပြာရည်၊ ဆီ ထည့်ပြီးချက်ထားတာပါ) ငံပြာရည်ချက် နဲ့ ချဉ်ပေါင်းဟင်းရည်ဆို လိုက်မှာနော်။ ချဉ်ပေါင်မ၀ယ်ထားတော့ ရှိတာနဲ့စားပေါ့။ နော့်



ဲို
သခွားသီး နဲ့ ဥနီ အတို့




ပဲရေပွကြော် (သူကတော့ ငံပြာရည်ချက်နဲ့ ပဲရည်ပွကြော်နဲ့ နယ်စားလေရဲ့)





မနေ့က ကြာဇံ နည်းနည်းကျန်တာကို ကြော်လိုက်တယ်။ သုံးဆောင်သွားပါအုံးလား။ ပလိန်းကြော်ထားလို့ အရမ်းတော့ကောင်းဘူးနော်။



ကြက်ပြုတ်ရည်

3 comments:

စူးနွယ်လေး said...

ငံပြာရည်ချက် အရမ်းကြိုက်တယ်။ ကြက်ဥမွှေကြော်နဲ့ လိုက်တယ်။ အလိပ်လေးတွေ ကြော်ထားတာ လက်ဝင်မှာနော်။ တို့လည်း ဒီနေ့ ကြက်ဥမွှေကြော် စားမလားလို့။ စားဖြစ်ရင် တင်လိုက်မယ်။ ငံပြာရည်ချက်တော့ မရှိလို့ မိုးကောင်းသူဆီက ယူသွားပြီနော်:)

မလိခ said...

ဒီနေ့ အိမ်မှာ ဘာမှ မချက်ဘူး... ဗိုက်ဆာနေတာနဲ့ အတော်ပဲ စားသွားပြီ... နှစ်ပန်းကန်.. :P

WWKM said...

စားစရာတွေကစုံနေတာပဲ...
ချားမယ်.. ၀ါးမယ်... အကြော်နဲ့ ၂ပွဲ... :D