Tuesday, April 28, 2009

ဂျပန်ဆိုင်သို့ လည်လည်သွားရာဝယ်


အခုရက်ပိုင်း အလုပ်လေးတွေရှုပ်နေလို့ပါ။ ဒါနဲ့ မနေ့က ညနေစာကို အပြင်မှာပဲစားဖြစ်ကြတယ်။ ဟိုတခါ စပါကတီ စားတုံးက ကိုယ်တော်ကြီးကတ်နဲ့ ရှင်းလိုက်ရလို့ မကျေပွဲနွဲတာလဲ ပါတာပေါ့။ ကျွန်မကတ်ကိုလဲ အက်တီဗိတ် (activate) လုပ်ပြီးပါပြီ။ ဒီတခါ ကျွန်မကတ်နဲ့ရှင်းပေါ့။ ဒီဂျပန်ဆိုင်ကို အခုမှစားဖြစ်တယ်။ ကျွန်မထင်တာ အဲဒီဂျပန်ဆိုင်ကို ဆိုင်ကတဆိုင်တည်းရှိတယ်မှတ်နေတာ။ ဘယ်မဟုတ်မလဲ အထဲဝင်သွားမှ Japanese Food Court တန်းကြီးကိုး။ ကြိုက်တဲ့ဆိုင်မှာ ကိုယ်ကြိုက်တာတွေကြည့်ပြီးစားရုံပဲ။ ဆူရှီလိပ်မျိုးစုံကို ဗူးနဲ့ထုပ်ပြီး ရောင်းတာလဲရှိတယ်။ အဲဒါတွေတော့မစားဖြစ်ခဲ့ပါဘူး။ အပြင်မှာစားဖြစ်ရင် ကျွန်မက အချဉ်အစပ်ကြိုက်တော့ အချဉ်အစပ်ပါတဲ့ ယိုးဒယားစာစားဖြစ်တာ ပိုများတယ်။


အဲ.......... ဆိုင်တစ်ဆိုင်ချင်း ကြည့်စားဆိုတော့ ကိုယ်တော်ကြီးလဲ သူစားချင်တာကြည့် ၊ ကျွန်မလဲ ကျွန်မစားချင်တာကြည့်ပြီး စားကြတာပေါ့။ စားတာချင်းလဲမတူတော့ ကျွန်မလဲ ကိုယ့်ပိုက်ပိုက်ပေး ၊ သူလဲ သူ့ပိုက်ပိုက်ပေးဖြစ်ခဲ့ကြပါတယ်။ ပြောချင်တာက ကျွန်မကျွေးမယ်ဆိုပြီးသွားတာ ဒီတခါလဲ ကျွန်မကတ်ကို အသုံးမပြုခဲ့ရကြောင်း၊ ပိုက်ဆံမကုန်ခဲ့ဘူးဆိုတဲ့အကြောင်းပါ။ အဲလိုလေး လှည့်ပတ်ပြီးခေါ်သွားလိုက်တယ်။ အဟီး........တွေ့လား မိုးကောင်းသူတို့ အကျင့်မကောင်းပုံများနော်။ စားသောက်ပြီးတော့ ဖျော်ရည်ဝယ်မသောက်တော့ဘဲ cold storage မှာ ဒိန်ချဉ်တယောက်တဗူးဝယ်ပြီး ပြန်လာခဲ့ပါကြောင်း။ (အဲဒါတော့ ကျွန်မပေးလိုက်တယ်) ကျွန်မတို့ စားဖြစ်ခဲ့တဲ့ ဂျပန်ဆိုင်ရဲ့က Northpoint Shopping Centre Yishun Avenue 2, 930 #03-47/#03-50 ပါ။




ဒါက ကိုယ်တော်ကြီး စားတာပါ။ အဲဒါ ဘယ်လိုခေါ်လဲ သူ့ကိုမေးတော့ Value meal set ဆိုလား ဘာဆိုလား အဟီး ။ (ငါးသေတ္တာငါးကင်ရယ် ၊ မုန့်ညှင်းကြော်ရယ် ၊ ၀က်သားပြား နဲ့ ရေကညွတ်နဲ့ကြော် ၊ ကြက်ဥပေါင်းရယ် ၊ ထမင်းကို တြိဂံပုံလုပ်ထားရယ် ပါတယ်) ဂျပန်တွေများ တယ်ပြီး အလှကြိုက်ကြတယ်နော်။ ဂျပန်တွေက စားစရာကို လှနေအောင်လုပ်တတ်တယ်နော်။



ဒါက ကျွန်မစားတာပါ။ Yakiniku တဲ့။ အမဲသား နဲ့ ထမင်းပါ။ ဂျပန်ထမင်းသုပ်ခေါ်မလား မသိ။ :D ရောနယ်ပြီးစားပလိုက်တယ်။ (အမဲသားလွှာရယ် ၊ အာလူးအချောင်းရယ် ၊ မျှစ်စိမ်းရယ် ၊ ရေညှိခြောက်ရယ် ၊ ကြက်ဥ တလုံး ပါပါတယ်)




ရေညှိဟင်းရည် နဲ့ ကြက်ဥပေါင်း (ရေညှိဟင်းရည်က အလကားများပေးသလားလို့။ သတ်သတ်ဝယ်ခဲ့တာတဲ့)

7 comments:

မဆုမွန် said...

တစ်ခါတုန်းက အယ်ဒီတာထိုင်းလူမျိုးက ကျွန်မကို ဂျပန်စာကျွေးတယ် အဲ့တာလေ ဟင်းချိုပဲ သောက်လိုက်တယ် ကျန်တဲ့အစားတွေကို ကြည့်ပြီး မစားရဲလို့ သူပြောတယ် စားကြည့် သိပ်အရသာရှိတာတဲ့ ဒါပေသိ ကျွန်မက တောသူဟုတ်လား သားအစိမ်းတွေ ကြည့်ပီး ဒီအတိုင်း ထမင်းနည်းနည်းနဲ့ အကင်လေးတွေ ဟင်းချိုလေးတွေပဲ သောက်ခဲ့တယ်..အခု စားချင်စရာလေးတွေနော်..အခုတလော ဘာမှ မစားချင်ဘူး ဘလော့လည်ပြီး အစားလိုက်ငမ်းနေတယ်..

ကျွန်မ နေမကောင်းတာ သတင်းမေးတာ ကျေးဇူးတင်ပါတယ်နော်

စူးနွယ်လေး said...

တခါက ဘန်ကောက်က Oishi ဆိုတဲ့ ဆိုင်မှာ ဂျပန်ဘူဖေး စားမယ်ဆိုသွားပြီး အကင်နဲ့ တမ်ပူရာ တွေပဲ စားပြီးပြန်ခဲ့ကြတယ်။ ငါးအစိမ်းနဲ့ ဆူရှီလည်း တလုတ်စမ်းကြည့်ပါတယ်။ မကြိုက်ဘူး။ ပုံစံလေးတွေက လှတာတော့ လှတယ်နော်။

နွေးနေခြည် said...

ဂျပန်စာ မကြိုက်ဘူး။ အနံကိုလည်း မကြိုက်ဘူး
ဒါပေမယ့် သူ့လူမျိုး သူ့ရိုးရာ အစားအစာနဲ့တော့ ဟုတ်နေတာပဲနော်

T T Sweet said...

ဂျပန်စာ လာစားသွားပါတယ်။ ပြင်ထားတာလေးက စားလို့ကောင်းမဲ့ပုံလေးနော် ...

မြစ်ကျိုးအင်း said...

ဒီတခါလည်း သက်သာသွားပြန်တာပေါ့.
အခုဆိုရင် ဂွင်တွေ့သွားပြီပဲ
အမကျွေးရတဲ့အလှည့်တိုင်း အဲဒီဆိုင်ပဲ သွားပေးတော့
ဟဲဟဲ..အကြံကောင်းနော်.
....ခင်မင်သောအားဖြင့်..

ကိုလူထွေး said...

ဂျပန်စာကြိုက်တယ်လား.. နောက်တစ်ခါ ကိုလူထွေးတို့ မောင်နှံ ဂျပန်စာသွားစားရင် လိုက်ခဲ့။ ကဒ်နဲ့ လဲ လိုက်ရှင်းပေးစရာ မလိုပါဘူး။

ဝါဆာမီ တွေ အဝကျွေးမယ်..နော်

Anonymous said...

မရေ.............
နောက်တခါဆိုခေါ်နော်......