Tuesday, April 14, 2009

သင်္ကြန်မုန့်လုံး (ခေါ်) မုန့်လုံးရေပေါ်

ဟိုအိမ်သွားလည်လဲ မုန့်လုံးရေပေါ်၊ ဒီအိမ်သွားလည်လဲ မုန့်လုံးရေပေါ်ဆိုတော့ မိုးကောင်းသူတို့လဲ လုံးချင်လာတယ်။ ဒီနေ့ညနေတော့ မုန့်လုံးရေပေါ်လေး လုပ်စားအုံးမှ ဆိုပြီး အုန်းသီးခြစ်လဲ (အုန်းသီးဆံအခြစ်) မပါဘဲ လုပ်စားလိုက်ပါတယ်။ ကောက်ညှင်းဆန်မုန့်လဲ ၀ယ်ထားတာရှိလို့ပါ။ မုန့်လုံးက ထန်းညှက်သွတ်ထားလို့ နည်းနည်းတော့ကြီးသွားတယ်။ သူများအိမ်မှာ လုံးတဲ့ မုန့်လုံးရေပေါ်လေးတွေက စားချင်စရာပါ။ ရုတ်သီးထည့်ထားတယ်။ ဘယ်သူ ကံစမ်းမဲပေါက်မလဲတော့မသိသေးဘူး။ ကိုယ်တော်ကြီးကို အရင်စားခိုင်းလိုက်မယ်။ ဟီဟိ။ ဒီမိုးကောင်းသူတို့ အကျင့်မကောင်းပုံများနော်။ မနက်ဖြန်မှ ဘယ်သူကံစမ်းမဲပေါက်လဲဆိုတာ ပြောတော့မယ်နော်။ ဒီနေ့ညကိုတော့ မုန့်လုံးရေပေါ်လေး သုံးဆောင်သွားပါအုံးနော်။





ဟောဒီက မုန့်လုံးရေပေါ်လေး သုံးဆောင်သွားပါအုံးလား။ ကြည့်စားနော်။ တော်နေ ရုတ်သီးစပ်တယ်ဆိုပြီး ပြောနဲ့အုံးနော်။





ဒီလိုလေး ထန်းညှက်ကို လုံးခွဲထောင်းလိုက်တယ်။




ကောက်ညှင်းမုန့်ကို ရေ နဲ့ ဆားနည်းနည်းလေးထည့်ပြီး နယ်ထားတယ်။ အထုပ်ရဲ့ လေးပုံတပုံလောက်ပဲ အမုန့်ထည့်လိုက်ပါတယ်။



ဒီကောက်ညှင်းဆန်မုန့်ကို ၀ယ်ပါတယ်။ ဒါက ပိုတန်ပါတယ်။ S$1.10 ပါ။

5 comments:

ဇနိ said...

မဇနိလည်း လာလုံးသွားပါတယ်။ ကိုယ်တော်ကြီး ငရုပ်သီးမိပါစေ။ မုန့်လုပ်တဲ့သူဆိုတော့ မမိပါစေနဲ့။
မဇနိ

AKyinNar said...

Want to eat:p

T T Sweet said...

ကောက်ညင်းမှုန့်နဲ့ ဆန်မှုန့်ကို ၃း၁ ရောပြီးလုပ်ရင် ပိုလုံးလို့ကောင်းသလားလို့ ညီမရေ။ဆရာလုပ်တယ်မထင်စေချင်ပါ။

WWKM said...

မုန့်လုံးရေပေါ်စားချင်တယ်.. ကောက်ညှင်းဆန်မှုန့်ရှာ
ဝယ်ဦးမှပဲ.း) ဆန်မှုန့်ကြီးပဲဆို ရဘူးလား.. ဆန်မှုန့်တော့ ၀ယ်လို့ရမယ်ထင်တယ်..


ဆန်ကြာဇံလား..သိဘူးရယ်..ဟီးးး
ပြောပြလို့ အရိဂတို..

နွေးနေခြည် said...

စားချင်တယ် ဒီနှစ်အတွက် မစားရသေးဘူး...