Saturday, April 25, 2009

ပြောင်းဖူး ထမင်းသုပ်

မနေ့က နေ့လည်စာနဲ့ညနေစာကို ညနေ ၄ နာရီလောက်မှ လက်ဖက်သုပ်ပြီး နေ့လည်လဲမဟုတ် ညနေစာလဲမဟုတ် ဘာမှလဲမချက်ဖြစ် ကြားစာပေါင်းစားဖြစ်တယ်။ အရှုပ်လေးတွေလုပ်နေရလို့။ အဲလေ.............အလုပ်လေးတွေရှုပ်နေလို့ပါ။ စားသောက်ပြီး မောမောနဲ့အိပ်လိုက်တာ ညကြီး ၁၂ နာရီကျော်မှ နိုးပါလေရော။ ဗိုက်ကလဲဆာနေပြီ။ ရှိတာလဲ ပြောင်းဖူးပဲ ပြုတ်ထားတယ်။ ဒီတော့ ပြောင်းဖူးထမင်းသုပ် လုပ်စားလိုက်ပါတယ်။ ရေနွေးကြမ်းနဲ့ မျောချလိုက်တယ်။ ရေနွေးကို တောင်ဓာတ်ပုံ ရိုက်လိုက်ရဘူး။



ပြောင်းဖူး ထမင်းသုပ်လေး သုံးဆောင်သွားပါအုံးလား။ ဒါက ကျွန်မ ပန်းကန်ပါ။ (ဆား၊ ဆီ၊ ပြောင်းဖူးပြုတ်နဲ့ နယ်ထားတာပါ)




ပြောင်းဖူးနဲ့ လက်ဖက်အရော ထမင်းသုပ်လေး သုံးဆောင်သွားပါအုံးလား။ ဒါက ကိုယ်တော့် ပန်းကန်ပါ။ (ဆား၊ ဆီ၊ လက်ဖက်၊ ပြောင်းဖူးပြုတ်နဲ့ နယ်ထားတာပါ)



ကြိုက်တဲ့ ပန်းကန်သာ စားသွားနော်။ အားမနာနဲ့။ အိုး........ ဇွန်းလဲမပါ ပါလား။ ကိုယ့်အိမ်က ဇွန်းမလာပြီး ကော်စားသွားနော်။ အဟဲ....... စေတနာကောင်းလိုက်လေ။

3 comments:

မလိခ said...

ပြောင်းဖူးထမင်းသုပ်ကြိုက်တယ်... စားသွားပြီ မမ

MrDBA said...

ကောင်းတယ်။ မနက်အစောစာဆိုပိုမိုက်မယ်။ ထမင်းပူပူလေးနဲ့ဆိုရင်လေ။ အကြော်စုံလေးနဲ့ ရေနွေးကြမ်းလေးနဲ့။

ညလေး said...

ကော်တာပဲဟေ့.. ပြောင်းဖူးဆို သိပ်ကြိုက် အစေ့လေးတွေ ချွေပြီး ထမင်းကို ဆီ ဆား နဲ့နယ်စား၊ ခုလို လက်ဖက်ထည့်စားလဲ ကောင်းပါ့။ အစ်မက ညလေး အကြိုက်တွေပဲ စားနေတာလား။ :)