Wednesday, April 1, 2009

သရက်သီးထောင်း

မနေ့က ဗုံလုံသီး ငါးပိချက်ဟင်း ကိုခံတွင်း တွေ့သွားလို့လားမသိ :D ဒီနေ့လဲ ခရမ်းချဉ်သီး ငါးပိချက် နဲ့ အချဉ် တခုခုချက်ပါလားဆိုလို့ အသားလေးပါ ပါအောင် တခါတည်း အမဲခြောက် ငါးပိချက်လိုက်ပါတယ်။ တချက်ခုတ် နှစ်ချက်ဖြတ်ပေါ့။ ကျွန်မကလဲ အချဉ်ဆိုလာထားလေ။ ဘယ်အချိန်စားစားရတယ်။ သရက်သီး ထောင်းလိုက်မယ်ပေါ့။ သရက်သီး ထောင်းတယ်လို့တာပြောတာ အမှန်တော့ သင်္ဘောသီးခြစ် နဲ့ခြစ်လိုက်တာပါ။ထောင်းနေရင်လဲ အသံဗလံတွေအရမ်းကြီးမြည်နေမှာစိုးလို့ပါ။ ဒီမှာကလဲ ဟိုဟာလုပ်ကြောက်ရ ဒီဟာလုပ်ကြောက်ရနဲ့ဆိုတော့လေ။ အရိုးသီချင်းလို အားရပါးရထိုင်ထောင်းးးးးးးးးးးးးး လို့မဖြစ်ဘူးလေ နော်။ တခါတလေလဲ ထောင်းပါတယ်လေ။ အိမ်မှာလို အားရပါးရတာ ထိုင်မထောင်းတာတခုပါ။



သရက်သီးထောင်းလေး သုံးဆောင်သွားပါအုံးလား။



အမဲခြောက် ငါးပိချက် (အမဲခြောက် ငါးပိချက် ချက်နည်းက ဆိတ်သားခြောက်ငါးပိချက်နည်းအတိုင်းပါပဲ။ ဒီနေ့တော့ ကြက်သွန်နီ ကြက်သွန်ဖြူ မပါဘဲ ပလိန်းချက်ထားပါတယ်ရှင်။ ဆိတ်သားခြောက်ချက်နည်းက ဒီမှာပါ။ အိမ်က ပါးလိုက်သော အမဲခြောက် နဲ့ ဆိတ်သားခြောက် လဲဒီနေ့ကုန်ပါပြီရှင်။)




ပဲဝါလေး နဲ့ ကြာဇံ ဟင်းရည် ချက်နည်းတော့ ပြောဖို့လိုဘူးထင်တယ်နော်။ ပဲက သူ့အကြိုက်မို့လို တပတ်ကို ၃ ရက်၊ ၄ ရက် ချက်ပါသည်။ နေ့တိုင်းချက်ပြီး ပို့စ်တင်ရင် ရိုးသွားမှာစိုးလို့ မတင်ဘဲ ထားလိုက်တယ်။ အဟီးးးးးးးးးးးးး




သရက်သီးထောင်းအတွက် လိုအပ်သောအရာ

သရက်သီး သေးသေး ၁ လုံး
ကြက်သွန်နီ သေးသေး ၁ လုံး
ငါးပိထောင်း(သို့) ငါးပိကင်နဲ့ ပုဇွန်ခြောက်ထောင်း
ငရုတ်သီးစိမ်း ၂ တောင့်
ဆီ

သရက်သီး ထောင်းပုံ

သရက်သီးကို အခွံနွှာ။ ရေခဏစိမ်ထားပါ။ အစေးတွေထွက်အောင်လို့။ ထောင်းမယ်ဆိုရင်တော့ အတုံးသေးသေးတုံးပြီး ဆားနည်းနည်းထည့်ပြီး ထောင်းပေးပါ။ သရက်သီးကို ဒီအတိုင်းထောင်းရင် မည်းသွားတတ်တယ်။ ဆားထည့်ထောင်းတော့ အရမ်းကြီး မမည်းတော့ဘူး။ သရက်သီး ထောင်းတာညှက်သွားရင် ငါးပိထောင်း(သို့) ငါးပိ နဲ့ ပုဇွန်ခြောက် ထောင်းထည့်၊ အချိုမှုန့်ထည့်၊ ငရုတ်သီးစိမ်း ထည့်ပြီးထောင်းပေးပါ။ ပြီးရင် ကြက်သွန်နီကိုလေးခြမ်းစိတ်ထားပါ။ အယ်.........ပြီးရင်တော့ စားမယ့် ပန်းကန် ထဲ့သို့ သရက်သီးထောင်းကိုထည့်၊ ဆီစိမ်းလေး နည်းနည်းဆမ်း၊ ကြက်သွန်နီလေးကို အပေါ်ကအုပ်ပြီး စားလို့ရပါပြီရှင်။ သုံးဆောင်သွားပါအုံးလား။

10 comments:

:P said...

ချက်စားပစ်မယ်. မနက်ဖြန်

Phyo Evergreen said...

တီစင်ကြီး မြန်လိုက်တာ.. ကြောက်ချာကြီး...။ သရက်သီးထောင်းလေး ကော်စားသွားတယ်.။

ဂျူနို said...

စိတ်ပျက်လောက်အောင် စားချင်စရာတွေပါလား။ နေ့ တိုင်းဒီလိုတွေ စားနေရတယ်ဆိုတော့ မနာလိုလိုက်တာနော်။

အယ်ဇီ

MrDBA said...

ကောင်းမယ့်ပုံဘဲ။ အိုကောင်းကိုကောင်းတာပါလေ။

နွေးနေခြည် said...

အမဲသားမစားလို့ သရက်သီးထောင်းပဲစားသွားတယ်

ဘုန်းမြင့်သူ said...

အမ ... ဟင်းစပ်ထားတာ လိုက်ပါ့။ ပဲ ဟင်းရည်ထဲ ပဲကြာဆံနဲ့ စပါးလင်ထုံးလေးကို စိတ်မှန်းနဲ့ထည့်ပီး အားလုံး ကျွန်တော့ အကြိုက်ချည်းမို့လို့ စားသွားတယ် အမရေ။ အဲလို ဟင်းတွေ စပ်ထားလို့ကတော့ ကျွန်တော့ ၃ပန်းကန်လောက်က အသာလေးပဲ။

ဇနိ said...

ဖတ်ရင်းနဲ့ သွားရည်တွေကျတယ်ဗျ

nyimuyar said...

သရက်သီးထောင်းနှင့် အမဲခြောက်ငါးပိချက် ပါဆယ် မှာချင်ပါတယ်။
သက်ထား။ :)

khaingzm said...

ဟီဟီ.. ဒီတစ်ပတ်တော့ အထောင်းဟင်းတွေပဲ ချက်စားပစ်မယ်.. ကျေးဇူးနော် မမ..

မိုးကောင်းသူ said...

sin dar lar
မနက်ဖြန်ကို ချက်စားပလိုက်။ ဟီး

phyo
များများ ကော်စားသွားပါနော်။

မမအယ်ဇီ(ခေါ်)မမဂျုနို
အားနေတာလဲ ပါလို့ပါရှင်။

ကိုကြီး ဒီဘီ
တရက်လောက် အိမ်ခေါ်ပြီး ဖိတ်ကျွေးပါအုံးမည်။ :)

ညီမ နွေးနေခြည်
စားပါ စားပါ

မောင်လေး ဘုန်းမြင့်သူ
၃ ပန်းကန်လောက် အသာလေးပဲလား။ မောင်လေးကို အိမ်ခေါ်ကျွေးရင် ဆန် တပြည်လောက်ချက်ထားမှ။

ကိုဇနိ
မဇနိ လောက်တော့ လက်ရာ မကောင်းလောက်ပါဘူး။ မဇနိ လက်ရာလဲ ဒီကသိတယ်နော်။

သက်ထား
ပါဆယ် ပို့လိုက်ပါပြီ

khaingzm
အထောင်းတွေ ကြီးပဲ ချက်စား ကောင်းတယ် နော့