Wednesday, February 11, 2009

အမဲသားနဲ့အာလူးချက်



အမဲသားဝယ်ခဲ့ရင် အမြဲတမ်းလို ဆား၊ အချိုမုန့်နဲ့နယ်ပြီး နူးနေအောင် အရင်ပြုတ်ထားလိုက်တယ်။ ပြီးတော့မှ ကိုယ်စားချင်သလိုမျိုး ပြန်ပြီးချက်စားတယ်။ ဒီနေ့တော့ အမဲသားကို ဆီနည်းနည်း၊ အာလူးနည်းနည်းနဲ့ရောချက်လိုက်တယ်။

ချက်ပြုတ်ပုံ
ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၃တက်လောက်ကို ထောင်းထားပါ။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်၊ ဆီကျက်ရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နည်းနည်း နီလာပြီး အိသွားရင် အရောင်တင်ငရုတ်သီးမုန့်အနည်းငယ်ထည့်၊ ပြုတ်ထားသောအမဲသားထည့်၊ အာလူး ၂ လုံး အခွံနွှာပြီး လေးခြမ်းစိတ်ထည့်၊ ဆား၊ အချိုမုန့် အနည်းငယ်ထည့်၊ ရေနည်းနည်းထည့်ပြီး ဆီပြန်လာအောင်တည်ထားလိုက်ပါလေ။ ဆီပြန်လာရင် မဆာလာအနည်းငယ်ထည့်။ ပြီးလျှင် အသင့်စားသုံးနိုင်ပါပြီ။ ကောင်းလေအိ မကောင်းလေအိတော့မသိ။ :D
(ဒီတခါ ဆီနည်းနည်းနဲ့ အိုးကပ်နေအောင်ချက်ထားတာပါ။)

No comments: