Wednesday, February 4, 2009

အမေ့အိမ်နဲ့ မေမေ့အိမ်မှ ပို့လိုက်သော စားစရာများ

အစားအသောက် မီးလိုတောက်သော ဒီလင်မယားအတွက် စားစရာများ




ရီမွန်ပဲကြော်


မီးကုန် ယမ်းကုန် ပဲရေပွကြော် :D


တောင်ကြီးပဲကြော်


လက်ဖက်မျိုးစုံ


မုန့်ဟင်းခါးခြောက်ထုပ်


ငှက်ပျောအူခြောက်၊ ဆန်လှော်မုန့်၊ အကြော်မုန့်


ပုဇွန်ခြောက်


ငါးရံခြောက် နဲ့ အမဲခြောက်


ဆိတ်သားကျွတ်ကြော်


ဆိတ်သားခြောက်မျှင်


ဆီတိုပူး


ငါးပိထောင်း


ငရုတ်သီးကြော်ထောင်း နဲ့ ရွှေအပ်ငရုတ်သီးထောင့်ကြော်


ကချင်ပြည်နယ်မှ ငါးပေါက်သီးဆံ (နောက်အခွင့်အရေးကြုံမှ ငါးပေါက်သီးကိုဓာတ်ပုံရိုက်ပြီးတင်ပေးပါအုံးမည်။ အိမ်က ကိုယ်တော်တောင် အဲဒါဘာကြီးလဲတဲ့။ အဲဒါကို သူကလဲ မသိ။ တယောက်တည်း စားရချည်သေးရဲ့ :P)
လက်ဖက်နဲ့တွဲစား၊ ငရုတ်သီးနဲ့ထောင်းစား အလွန်ကောင်းအိ။ မြေပဲဆံထက်လဲ ပိုပြီးအဆီများတယ်။


ကချင်ပြည်နယ်မှ မက်လင်ခြောက်(မုန့်ညင်းချဉ်ရည်ဟင်း ချက်စားရင် ထည့်စားလို့ကောင်းပါတယ်)


ပါပလာခြောက်

နားနားပြီး စားပါမယ်။ ဗိုက်ရိုက်ပြီး စားပါမယ်။

1 comment:

khaingzm said...

ငါးပေါက်သီးဆံ စားဖူးတယ်.. မန်းလေးကနေ မြစ်ကြီးနားသွားတုန်းက ရထားဘူတာ တစ်ခုမှာရောင်းတာ.. ယိုထိုးထားတာလေး စားလို့အရမ်ကောင်းတယ်.. :)