Friday, March 6, 2009

မုန်လာဥချဉ်ပြုံးဟင်းရည်



မည်းမည်းအဖတ်တွေက မက်လင်ခြောက်ဖတ်ပါ။ မထုတ်ထားဘူး။ ဒီအတိုင်းပဲ အိုးထဲကနေ ခူးခပ်ပလိုက်တယ်။ နံနံပင် အုပ်မယ်လို့ ရေခဲသေတ္တာထဲရှာတာ မရှိတော့ဘူး။ ကုန်သွားပါပြီကွယ်။ နံနံပင်ကုန်နေလို့ မထည့်လိုက်တော့ဘူး။ သွားဝယ်ရမှာလဲ ပျင်းနေလို့။ :)


လိုအပ်သောအရာ

ပုဇွန်စိတ် (အမှန်က ပုဇွန်စိတ်လေးတွေနဲ့ချက်ရင်ပိုကောင်းတယ်။ ဒီမှာက မရှိလို့ ရှိတာနဲ့ချက်လိုက်တယ်။)
မုန်လာဥဖြူ
ငါးပိ
ခရမ်းချဉ်သီး ၁ လုံး
မက်လင်ခြောက် ၄ ဖတ်ဆိုအနေတော်ပါပဲ (တခွက်စာကို ရည်ညွန်းပြီးပြောတာပါ။ ချဉ်ချဉ်ကြိုက်ရင်တော့ ပိုထည့်ပါ။)
ဗမာနံနံ

ချက်နည်း

မုန်လာဥဖြူကို မိမိကြိုက်တဲ့ပုံစံလှီးပြီး ရေဆေးထားပါ။ တချို့က အရှည်လိုက်၊ အ၀ိုင်းလိုက်၊ ဒေါင်လိုက်၊ အလျားလိုက် လှီးကြတယ်။ ဟဲဟဲ ကြိုက်သလိုလှီးပါလေ။ ပြီးချဉ်ဟင်းချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်၊ ဆီကျက်လာရင် ခရမ်းချဉ်သီးတလုံးကို ပါးပါးလှီးထည့်၊ အရောင်တင်မှုန့်အနည်းငယ်ထည့်ပြီးဆီသတ်လိုက်တယ်။ ပြီး လှီးထားတဲ့ မုန်လာဥဖြူကိုထည့်၊ ပုဇွန်ထည့်၊ ငါးပိစိမ်းဆားနည်းနည်းထည့်၊ ဆားထည့်၊ အချိုမှုန့်ထည့်ထားပြီး ခဏလောက်လုံးထား ပါ။ ပြီး ရေနွေးထည့်ပါ။ ဆူလာရင် မက်လင်ခြောက်(သို့) မည်ကျည်းမှည့်အနှစ်ထည့်ပြီး ဆူနေအောင်တည်ထားပါလေ။ နာနာတည်လေ(ကြာကြာတည်လေ) ကောင်းလေပါပဲ။ စားခါးနီး နံနံပင်အုပ်ပြီး စားပါလေ။

No comments: