Sunday, March 29, 2009

မုန့်ညှင်းချဉ်သုပ်(သို့) ဗမာမုန့်ညှင်းချဉ်


မုန့်ညှင်းချဉ်သုပ်လေး စားသွားပါအုံးလား (ဂျင်း၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆီစိမ်း၊ အချိုမှုန့်ထည့်ပြီးသုပ်စားပါတယ်ရှင်)


၂ ရက်ကြာသောအခါ


နယ်ပြီး ဗူးနဲ့ ဒီလိုထည့်ထားတယ်။


လိုအပ်သောအရာ

မုန့်ညှင်းစိမ်း
ထမင်း လက်တဆုပ်
ဆား



မုန့်ညှင်းချဉ်တည်ပုံ

မုန့်ညှင်းစိမ်းကို ရေဆေးပြီး အနေတော်အပိုင်းလှီးဖြတ်ပါ။ ပြီးရင် မုန့်ညှင်းကိုရေစစ်ထားပါ။ နယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းပါ။ ထမင်းနဲ့ဆားရောသွားအောင်နယ်ပေးပါ။ ပြီးရင် မုန့်ညှင်းကို
ထည့်ပြီးနယ်ပေးပါ။ တချို့ကတော့ ဂျင်းစိမ်းလေးကိုပါးပါးလှီးပြီးထည့်တည်တတ်ကြပါတယ်။ ကျွန်မကတော့ သုပ်စားတဲ့အခါမှသာ ထည့်တာကိုပိုကြိုက်လို့ပါ။ အယ်.........နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။ ရာသီဥတုပူရင်တော့ ၂ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၃ ရက်၊ ၄ ရက်လောက်ထားပေးပါ။ အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။ စားချင်တဲ့အခါထုတ်စားနိုင်ပါပြီ။ သုပ်စား၊ အသားနဲ့ကြော်စားလို့ရပါတယ်။ ကဲ မုန့်ညှင်းချဉ်လုပ်နည်း မလွယ်ဘူးလားလေ။


ပဲတီချဉ်လုပ်နည်း၊ မုန်လာဥအချဉ်လုပ်နည်းကလဲ ဒီနည်းအတိုင်းပါပဲနော်................


(အထူးသတိ။ ။ တချို့သူတွေရဲ့လက်တွေက လက်ပူတယ်၊ လက်အေးတယ် ဆိုပြီးရှိတတ်ကြတယ်လို့အိမ်ကအမေတို့က ပြောတယ်။ လက်ပူတဲ့သူများဒီတိုင်းတည်ရင် အချဉ်တွေက ပုပ်သွားတတ်ပါတယ်။ လက်ပူတဲ့သူများဆိုရင်တော့ အချဉ်တည်ကြရင် လက်အိတ်လေးစွတ်ပြီးတည်ပေးပါ။ ကျွန်မရဲ့လက်ကလည်း လက်ပူလား၊ လက်အေးလားလို့ မသိလို့ ပထမဆုံးအကြိမ်တည်တုံးက လက်အိတ်စွတ်ပြီးတည်ပါတယ်။ နောက်တကြိမ်မှာတော့လက်အိတ်မစွတ်ဘဲ တည်ကြည့်ပါတယ်။ အဟီး ကံကောင်းတယ်ပြောရမယ် နှစ်ခါစလုံး အချဉ်ဖြစ်ပါတယ်။ ကျွန်မလို အချဉ်ကြိုက်သူများ လုပ်စားနိုင်ပါစေ။)

7 comments:

khin oo may said...

ကောင်းတယ်။

MrDBA said...

အကျိုးနဲ ... ဒီလဲရောက်တာဘဲလား အရီးကွန်။ ကျွန်တော့်မှာ တိမ်မြှုတ်ထားတဲ့ ဘလော့စပေါ့က လိပ်စာတစ်ခုရှိတယ် ရှာနိုင်မလား။ ခွိခွိ။

အရင်ကဟာတွေ ကုန်အောင် ချက်စားလိုက်ဦးမယ် အဲလေ ဖတ်လိုက်ဦးမယ်နော့

WWKM said...

မမလဲအဲလိုမုန့်ညင်းချဉ်တည်ထားတာလေ..မေမေတို့လာတုန်းက..အခုကုန်သွားလို့ ထပ်လုပ်ထားသေးတယ်. အရမ်းကြိုက် :D

nyimuyar said...

ဒီနေ့ဘာဟင်းလဲ လာစားမလို့ နေ့တိုင်းချက်နိုင်တာ တော်လိုက်တာ အချဉ်တည်နည်းပေးလို့ ကျေးဇူး။

ညီမူရာ့သက်ထား။

နွေးနေခြည် said...

တည်စားချင်တယ်။ အရမ်းကြာကြာထားရင် အရမ်းချဉ်သွားလားဟင်?

နိုင်းနိုင်းစနေ said...

မိုးကောင်းသူရေ....
ကချင်ဟင်းလေး လုပ်ပါအုန်း...
ကချင်ဟင်းတွေကို စိတ်ဝင်စားနေတာကြာပြီ
တွေ့လည်းမတွေ့ဖူးဘူး.. စားလဲမစားဖူးဘူး
ခုမှပဲ စားဖိုမှူးနဲ့ တွေ့တော့တယ်...း)

မိုးကောင်းသူ said...

>>>မမ kom
သွားရည်ကျအောင်လုပ်မိပြီ။ ဟီး

>>>အကိုကြီး ဒီဘီအေ
အားလုံး ချက်စားသွား.......အဲလေ အားလုံးဖတ်ပါရှင်။

>>>မမ၀ါ
ဒါကုန်ရင် မမ၀ါဆီလာစားမယ်။

>>>ညီမူရာ့သက်ထား
အားနေတာလဲပါလို့ပါ။

>>>ညီမ နွေးနေခြည်
အချဉ်ရရင် ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ ဒါဆိုပိုပြီး မချဉ်တော့ပါဘူး။

>>>မမနိုင်းနိုင်း
ကချင်ဟင်းဟုတ်မဟုတ်တော့မသိဘူး။ ရှိသမျှအစွမ်းအကုန်ထုတ်ပြီးချက်ထားတာပါရှင်။