Friday, March 13, 2009

ကြက်ဥချဉ်ဟင်း



လိုအပ်သောအရာ

ကြက်ဥ (အမှန်က ဘဲဥချဉ်ဟင်းဆိုပိုကောင်းတယ်။ ဒီမှာက ဘဲဥ၀ယ်လို့ရဘူး။ ဘဲဥနဲ့တူတဲ့ ဖြူဖြူတွေပဲဝယ်ခဲ့တယ်။)
အာလူး ၂ လုံး
ကုလားပဲ(သို့)ပဲဝါလေး
ကြက်သွန်နီ ၁ လုံး
ကြက်သွန်ဖြူ ၃ တက်
ခရမ်းချဉ်သီး ၁ လုံး
မန်ကျည်းမှည့် အနှစ်
ချက်ပုံ

ကြက်ဥနဲ့အာလူးကို ၂၀ မိနစ် ရောပြုတ်ပြီး အခွံခွာထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့် ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နီလာအောင် ဆီသတ်ပါ။ ပြီး ခရမ်းချဉ်သီးထည့်ပါ။ အရောင်တင်အနီ၊ ဆနွင်းနည်းနည်းထည့်ပါ။ ကုလားပဲ(သို့)ပဲဝါလေးကို ထည့်ပြီး နူးနေအောင်တည်ထားပါ။ ပဲနူးလာရင် ပြုတ်ထားသော ကြက်ဥနဲ့အာလူးကိုထည့်၊ မန်ကျည်းမှည့် အနှစ်ကို ရေဖျော်ပြီးထည့်(မိမိလိုအပ်သော အချဉ်ကြိုက်တဲ့အပေါ်မူတည်ပြီး ထည့်ပါ)၊ မဆာလာနည်းနည်း ထည့်ပြီး ဆူပွက်လာအောင်တည်ထားပါလေ။ ဆူပွက်လာရင်တော့ ကြက်ဥချဉ်ဟင်းရပါပြီရှင်။ ကဲ ဒါလေးကြိုက်လဲ စားသွားပါအုံးနော်။

No comments: