Friday, March 27, 2009

ဝက်သားနဲ့မျှစ်ပြုတ်အချိုချက်

လာပြီ လာပြီ ဟိုနေ့ကကျန်တဲ့ မျှစ်ပြုတ် ၂ ချောင်း။ ဒီနေ့တော့ မျှစ်ဆန်လှော်ဟင်းရည် မချက်တော့ဘဲ ၀က်သားလေးနဲ့ရောချက်လိုက်ပါတယ်။ ငါးပိထောင်းသံပရာညှစ်လေးနဲ့စားရင်တော့ကောင်းမှကောင်းပဲ။ ဒီမိုးကောင်းသူတော့ တခါလာ ငါးပိထောင်း တခါလာငါးပိထောင်း ကုန်လဲကုန်နိုင်ဘူးနော်။ ဒီတခါ အိမ်ကပါးလိုက်တဲ့ ငါးပိထောင်းကလဲများလို့ပါ။ အိမ်ငါးပိထောင်းလေးစားချင်တဲ့သူများ လိပ်စာအတိအကျသာပေးလိုက်ပါ အရောက်ပို့ပေးပါ့မယ်နော်။ ဒါပေမယ့် စာတိုက်ကနေငါးပိပို့လျှင်လက်မခံမှာစိုးလို့ ပို့တော့ပါဘူးလေနော့်။ ခုတမျိုး တော်ကြာတမျိုးလို့မပြောနဲ့အုံးနော်။
ဟဲဟဲ ...................



ဒီနေ့တော့ ၀က်သားနဲ့မျှစ်ပြုတ်အချိုချက်လေးစားသွားပါအုံးလား။


လိုအပ်သောအရာ

ဝက်သား
မျှစ်
ကြက်သွန်နီ ၁ လုံးထောင်း
ကြက်သွန်ဖြူ ၃ တက်ထောင်း
ပင်စိမ်း


ချက်ပုံ

ဝက်သားကို ဆား၊ အချိုမှုန့်၊ ဆနွင်းထည့်ပြီး နယ်ထားပါ။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်၊ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးဝက်သားထည့်ပြီး ခဏလုံးထားပါ။ ပြီးရင်ပမျှစ်ပြုတ်ထည့် ရေထည့်ပြီးနူးအောင်တည်ထားပါ။ ဆီပြန်လာခါနီး ပင်စိမ်းရွက်လေးအုပ်ပေးပါ။ သုံးဆောင်သွားပါအုံးလား။

2 comments:

WWKM said...

တစ်ပန်းကန်လုံးယူပြီး ပြေးပြီ..း)

puluque said...

အားပါး စားချင်တာတွေကြီးပဲ နောက်နေ့တွေ လဲ လာစားအုံိးမယ်။ အဲ ဟင်းချက်နည်းတွေလာယူအုံးမယ်ဗျ