Tuesday, March 10, 2009

ချဉ်ပေါင်နဲ့မျှစ်ကြော်



ဟောဒီက ချဉ်ပေါင်ကြော် စပ်စပ်လေး

လိုအပ်သောအရာ

ချဉ်ပေါင်
မျှစ်/မျှစ်ပြုတ်
ပုဇွန်
ငါးပိစိမ်း
ငရုတ်သီးစိမ်း
ကြက်သွန်နီ ၂ လုံး၊ ကြက်သွန်ဖြူ ၅ တက်
ခရမ်းချဉ်သီး ၁ လုံး

ကြော်ပုံကြော်နည်း

ချဉ်ပေါင်ကို အရိုးတွေမပါအောင် အရွက်ကြီးပဲပြုတ်ထားပါ။ အရိုးတွေပါရင်ရှုပ်လို့။ အရိုးလေးတွေပါထည့်ချက်လဲ ရပါတယ်။ ပြီးရေဆေးထားပါ။ မျှစ်ကိုလဲရေဆေးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးကိုလဲ ရေဆေး ပြီး ပါးပါးလှီးထားပါ။ ကြော်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီ နဂိုထက်နည်းနည်းပိုထည့်လိုက်တယ်။ (မဟုတ်ရင် ချဉ်ပေါင်ရွက်က အိုးကပ်လွန်းလို့ပါ။) ဆီကျက်လာရင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပါ။ နည်းနည်းအိလာအောင်ထိကြော်ပါ။ ပြီး ပါးပါးလှီးထားသော ခရမ်းချဉ်သီးထည့်ပါ။ အရောင်တင်မှုန့်အနည်း ငယ် ထည့်ပါ။ ပုဇွန်ကိုထည့် ၃ မိနစ်လောက်ထားပါ။ ပြီးချဉ်ပေါင်ရွက်ကိုထည့်ပါ။ ငံပြာရည၊် အချိုမှုန့်၊ ငါးပိ နည်းနည်း ထည့်ပါ။ ချဉ်ပေါင်ရွက်အိလာအောင်ထိမွှေပေးပါ။ ပြီး မျှစ်ပြုတ်ကိုထည့်ပါ။ ရေပါနွေးအနည်းငယ်ထည့်ပြီး တည်ထားပေးပါ။ ဆီပြန်လာခါနီး ငရုတ်သီးစိမ်းတောင့် မိမိလိုသလောက်ထည့်ပါ။ ဆီပြန်လာအောင်တည်ထားပါလေ။ အနံများလဲမွှေးကြိုင်လာပါပြီ။ အသင့်စားသုံးနိုင်သော ချဉ်ပေါင်နဲ့မျှစ်ကြော်ရပါပြီ။ ကဲ ချဉ်ပေါင်ကြော် ပူပူလေး..........ဟုတ်ပါဘူး ချဉ်ပေါင်ကြော် စပ်စပ်လေး။ အားမနာပါနဲ့ သုံးဆောင်သွားပါအုံးနော်။ သွားရည်ကျနေတာမြင်လို့။ :D

No comments: