
http://yiyao.souezu.cn/yiyaoziyuan/UploadFiles_4684/200712/2007122839591.jpg
ဒီကနေပုံယူထားပါတယ်။
စောကောခေါ်လား စောင်းကောခေါ်လားတော့ ကျွန်မလဲ အသေအချာမသိပါ။ ဒီနာမည်နဲ့ Amomum or Tsaoko ဆိုပြီး အင်တာနက်မှာပုံရှာကြည့်လိုက်တယ။် တချို့လဲ တရုတ်မဆလာလို့လဲခေါ်တတ်သေးတယ်။
စောကောသီး အသုံးဝင်ပုံများ
ဝက်သားချက်၊ ၀က်သားပေါင်း၊ ကြက်သားပေါင်းတွေထဲ ထည့်စားလို့ကောင်းတယ်။ အထူးသဖြင့် တရုတ်ချက်ဟင်းတွေမှာထည့်ရင်ပိုကောင်းတယ်ထင်တာပဲ။ ပြီးတော့ ရှမ်းခေါက်ဆွဲ၊ တိုပူးနွေး၊ တိုပူးသုပ် စောကောဆီချက်မွှေးလေးပါရင် ပိုကောင်းတယ်။ ကျွန်မကတော့ ၀က်သားချက်ရင် စောကောမှုန့်အမြဲတမ်းထည့်တတ်ပါတယ်။ ငါးဟင်းတွေချက်ရင် ဆနွင်းထည့်သလိုပေါ့။
စောကောဆီကျက်ချက်နည်း
စောကောသီးကို လှော်ပြီးထောင်းထားပါ။ တချို့လဲ လှော်ပြီး အလုံးကွဲရုံပဲထောင်းတတ်တယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။ ဆီကျက်ချက်မယ့်အိုးတည်။ ဆီလိုသလောက်ထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်ဖြူကို အရောင်နီလာအောင်ထိကြော်ပေးပါ။ ပြီးရင် လှော်ထောင်းထားသော စောကောကိုထည့်ပါ။ မွှေးကြိုင်သော စောကော ဆီကျက်ရပါပြီ။ (ဆီကျက်ထဲ နှမ်းလှော်ထည့်လဲ ရပါတယ်)
1 comment:
It is black cardamom.
Post a Comment