Tuesday, March 17, 2009

ခရမ်းသီးမီးဖုတ်သုပ်



နယ်ပြီးပုံ



မနယ်ခင်ပုံ

လိုအပ်သောအရာ

ခရမ်းသီး ၁ လုံး(နှစ်ယောက်စာဆိုတော့ အနေတော် တလုံးဆိုရပါပြီ)
ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
မြေပဲဆံထောင်း
ဗမာနံနံ

သုပ်ပုံ

ခရမ်းသီးကို မီးသွေးခဲမီး နည်းနည်းနဲ့ ဖြည်းဖြည်းချင်း အိနေအောင်ထိဖုတ်ပေးပါ။ ကျွန်မကတော့ မီးသွေးမမီးဖိုလဲမရှိ၊ မိုက်ခရိုဝေ့လဲမရှိ ဆိုတော့ ထမင်းပေါင်းအိုးရဲ့ပေါင်းအိုးအန်နဲ့ ပေါင်းလိုက်ပါတယ်။ ပေါင်းချောင်လို့ခေါ်လားမသိ။ ခရမ်းသီးကို ဓားလေးနဲ့မွန်းထားပြီး အိနေအောင်ပေါင်းထားပါလေ။ အလွယ်တကူနည်းပါ။ ရေနဲ့ပြုတ်လိုက်ရင် အရသာတွေထွက်သွားမှာစိုးလို့ပါ။ ဖုတ်ပြီးသုပ်စားတော့ပိုပြီး အနံမွှေးပါတယ်။ မရှိတော့လဲ ရှိတာနဲ့ ဖြစ်သလိုလုပ်စားရတာပေါ့။ ခရမ်းသီးအိလာပြီဆိုရင်တော့ အခွံနွှာပေးပါ။ ပြီး ဆီကျက်ဝါ၀ါ၊ ဆား၊ အချိုမှုန့်တို့နဲ့ နာနာခေါက်ပေးပါ။ ခရမ်းသီးချေအောင်ထိခေါက်ပေးပါလေ။ ပြီး သုပ်စားမယ့်ပန်းကန်ထဲသို့ ခရမ်းသီးထည့်၊ ပါးပါးလှီးထားသော ကြက်သွန်နီထည့်၊ မြေပဲဆံထောင်းထည့်၊ နံနံပင်ထည့်ပြီး နယ်စားပါ။ ထမင်းလဲမြိန်စေမယ့် အလွယ်တကူလုပ်စားလို့ရတဲ့ဟင်းပါ။ ကဲ ခရမ်းသီးမီးဖုတ်သုပ်... အဲ ဟုတ်ဘူးမှားလို့ ခရမ်းသီးပေါင်းသုပ် စားသွားပါအုံးနော်။

3 comments:

Nya Lay said...

Gas မီးဖိုနဲ့ ဖုတ်လို့မရဘူးလား အစ်မ

စားဖူးတယ် အရမ်းကောင်းတယ် နှမ်းဆီလေး ဆမ်းလိုက်ရင် ပိုမွှေးပေါ့။ :)

မိုးကောင်းသူ said...

ကြောက်လို့ ညလေးရေ။ တော်နေမီးတွေထတောက်နေမှဖြင့်။ အစ်မက သတ္တိရှိဘူးနော်။ ညလေးပြောသလို နှမ်းဆီနဲ့ဆို ပိုမွှေးမှာ။ အစ်မမှာ နှမ်းဆီရှိဘူး။

နွေးနေခြည် said...

မြေပဲဆံထည့်ရမှန်းခုမှသိတယ်..
မှတ်ထားရမယ်