ဒီနေ့နေ့လည်စာကိုတော့ မြန်မြန်ဆန်ဆန်အလွယ်တကူစားလို့ရတာဟာလုပ်လိုက်တယ်။ အဲဒါကတော့ ပဲရည်ကြီးထမင်းသုပ်ပါ။ ပုံရည်ကြီးကြိုက်တဲ့သူများဆို ဒီလိုလေးသုပ်စားလဲကောင်းပါတယ်။
မဲမဲတုံးတုံးပေမယ့် စားလို့တော့ကောင်းသား။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရသေးတယ်။ ဟဲဟဲ
ကြက်ဥကိုတစ်ယောက်တလုံးစီကြော်လိုက်တယ်။ ပြီးငါးရံခြောက်ကိုဆီဆမ်းလိုက်တယ်။ (ငါးရံခြောက်က သူငယ်ချင်းပေးတဲ့လက်ဆောင်ပါ။) ပြီးတော့ ရေနွေးကြမ်းနဲ့ မျောချလိုက်တယ်။ အယ်.......ရေနွေးကြမ်းခွက်ကော ဘယ်ရောက်နေတုံးလေ။ တကယ်ပါ ရေနွေးကြမ်းပါပါတယ်။ ဟဲဟဲ
လိုအပ်သောအရာ
ပုံရည်ကြီး အသေး ၂ ထုပ် (နှစ်ယောက်စာမို့လို့ ၂ ထုပ်လို့ပြောတာပါ။ ပိုထည့်ချင်လဲ ထည့်နော်)
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ပုံရည်ကြီးထမင်းသုပ်နည်း
ပုံရည်ကြီးကို ပထမဦးဆုံး ဆား၊ အချိုမှုန့်၊ ဆီတို့နဲ့ အရင်နယ်လိုက်ပါဦးလေ။ ပြီးတော့မှ ကိုယ်စားနိုင်သလောက်ထမင်းထည့်ပြီးနယ်ပေးပါ။ (ကြက်သွန်နီလေးပါ ထည့်ချင်လဲ ပါးပါးလှီးပြီးထည့်နိုင်ပါ တယ်။ ကဲ အလွယ်တကူသုပ်စားလို့ရတဲ့ ထမင်းသုပ်လေးပေါ့။ သုံးဆောင်သွားပါအုံးနော်။
Egg and cheese tortilla
-
ဂျူဂျူ လုပ်ကျွေးတာ စားလို့ကောင်းသား၊ သူလုပ်တာကြည့်တာ လုပ်ရတာလဲ
ပျော်စရာကြီး။ ပထမဆုံး ကြက်ဥ ၂ လုံးကို ဆား၊ ငရုပ်ကောင်းနဲ့ ရော ခေါက်ပြီး
မီးအေးအေးနဲ့ ဒယ်အိုး...
4 years ago
2 comments:
Seem good! I wanna eat.
>>>Thyda
စားသွားပါရှင်
Post a Comment