နယ်ပြီးပုံ စပ်မှစပ် သုံးဆောင်သွားပါအုံးနော်။
မနယ်ခင်ပုံ
လိုအပ်သောအရာ
သရက်သီးစိမ်း တလုံး
ကြက်သွန်နီ ၁ လုံး
ငရုတ်သီးစိမ်း ၃တောင့်
ငါးပိကင်/ငါးပိဖုတ်
ပုဇွန်ခြောက်ထောင်း
သရက်သီးသုပ်ပုံ
သရက်သီးကို ခြစ်ထားပါ။ မဟုတ်လဲ ပါးပါးလှီးထားပါ။ ကြက်သွန်နီနဲ့ငရုတ်သီးစိမ်းကိုလဲ ပါးပါးလှီးထားပါ။ သုပ်မယ့်ပန်းကန်ထဲသို့ ခြစ်ထားသောသရက်သီး၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်းကိုထည့်၊ ငါးပိထည့်၊ ပုဇွန်ခြောက်ထောင်းထည့်၊ ဆား၊ အချို နည်းနည်းထည့်ပြီးနယ်ပေးပါ။ စပ်စပ်လေးစာချင်တယ်ဆိုရင်တော့ ငရုတ်သီးစိမ်းပိုထည့်ပါ။ သရက်သီးချဉ်ချဉ်စပ်စပ်လေး စားသွားပါအုံးနော်။
No comments:
Post a Comment