Wednesday, March 11, 2009

ဆိတ်သားခြောက်ငါးပိချက်



လိုအပ်သောအရာ

ဆိတ်သားခြောက်
ခရမ်းချဉ်သီး ၃ လုံး
ငရုတ်သီးစိမ်း
ငါးပိစိမ်း


ချက်နည်း

ခရမ်းချဉ်သီးပါ ရေဆေးပြီး ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ဆီထည့်ပါ။ ဆီကျက်လာရင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးကိုထည့်ပါ။ ခရမ်းချဉ်သီးများ ကြေသွားအောင်အထိချက်ပေးပါ။ ခရမ်းချဉ်သီးများ ဆီပြန်လာရင် အရောင်တင်မှုန့်နည်းနည်း၊ ငါးပိစိမ်း၊ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ ဆိတ်သားခြောက်ထည့်ပါ။ ရေနွေးထည့် ပြီးနူးနေအောင်တည်ထားပါလေ။ ဆီပြန်လာခါနည်း ငရုတ်သီးစိမ်းများထည့်ပါ။ ဆီပြန်ပြီး အနံများ မွှေးကြိုင်လာလိမ့်မယ်။ ကဲ အဲဒီတော့ ဆိတ်သားခြောက်ငါးပိချက်ရပြီပေါ့။ မြည်းကြည့်သွားပါအုံးနော်။

1 comment:

PhoungPhoung said...

thanks for sharing...