ဆီများ နည်းနည်းများသွားလားလေ။ စားသွားအုံးနော်။
ဒီကဘူးသီးလေးတွေက ၀ယ်ရတာ အဆင်ပြေတယ်။ သေးသေးနဲ့နုနုလေးတွေ။ အသေးဆုံးအလုံးကိုရွေးဝယ်ခဲ့တယ်။
လိုအပ်သောအရာ
ကြက်သား (ကျွန်မကတော့ အရိုးနဲ့ပိုကြိုက်လို့ ဒီနေ့အရိုးများများနဲ့ချက်လိုက်တယ်။)
ဘူးသီး
ကြက်သွန်ဖြူ ၅ တက်
ချက်ပုံ
ကြက်သားကို အတုံးသေးသေးတုံးပြီး ရေဆေး ဆား၊ အချိုမှုန့်၊ ဆနွင်းထည့်ပြီး နယ်ထားပေးပါ။ ကြက်သွန်ဖြူကို ဓားနဲ့ရိုက်ပြားပါ။ ထောင်းချင်လဲထောင်း၊ ထုချင်လဲ ထုနိုင်ပါတယ်။ ဘူးသီးကိုလဲ အခွံနွှာ ရေဆေးပြီး တုံးထားပါ။ ဘူးမှာ နုတ်နုတ်၊ ဖရုံမှာတုတ်တုတ်ဆိုလို့ ကျွန်မကတော့ ဘူးသီးကို သေးသေးလေးတုံးထားပါတယ်ရှင်။ ချက်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် ကြက်သွန်ဖြူကိုထည့်ပါ။ ခဏ အိအောင်ကြော်လိုက်ပါ။ ပြီးရင် နယ်ထားသော ကြက်သားကိုထည့်ြ့ပီး ၅ မိနစ်လောက် လုံးထားပေးပါ။ ပြီး တုံးထားသော ဘူးသီးကိုထည့်ပါ။ အရည်သောက် အဖတ်ဆိုမို့လို့ ရေများများထည့်ပြီး ကြက်သားနဲ့ဘူးသီး နူးနေအောင်တည်ထားပါလေ။ (ဆား၊ အချို့ကတော့ လိုမှထည့်တော့နော်)။ ကြက်သားနဲ့ဘူးသီး နူးအိပြီး ဆူပွက်လာရင်တော့ စားသုံးလို့ရပါပြီရှင်။ ဒီမှာက ကြက်သားကလဲ ဈေးပေါ၊ ဘူးသီးလေးတွေကလဲ နနုလေးမို့ အလွယ်တကူ ချက်စားလို့ရတဲ့ဟင်းပါနော်။ ကြိုက်သလောက်စားသွားကြပါအုံးနော်။
1 comment:
ဘူးမှာ နုတ်နုတ်၊ ဖရုံမှာတုတ်တုတ်ဆိုတာ အရင်ကမသိဘူး။
ဘူးသီးဆိုရင် တုံးချင်သလိုတုံးလိုက်တာ။ မမိုးကောင်းပြောသလို
ဘူးသီးကို ခပ်သေးသေးတုံးပြီးချက်တာ အရင်ကထက်အများကြီးစားကောင်းတယ်။ ကျေးဇူးပဲသိလား။
Post a Comment