Thursday, March 12, 2009

ငါးပေါက်သီးဆံထောင်း



ငါးပေါက်သီးဆံထောင်း ဆီဆမ်း



ငါးပေါက်သီးဆံကို အနီးကပ်ရိုက်ထားပေးတယ်။



ကဲ ငရုတ်ဆုံနဲ့ နားနားထောင်း

လိုအပ်သောအရာ

ငါးပေါက်သီးဆံ
ငရုတ်သီးစိမ်း ၇ တောင့်
ကြက်သွန်ဖြူ ၃ တက်
ဆား၊ အချိုမှုန့်
ဆီ

ထောင်းပုံထောင်းနည်း

ငရုတ်သီးကို အညှာခြွေပြီး ရေးဆေး၊ ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပါ။ ငရုတ်ဆုံထဲသို့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်ပြီး စတင် ထောင်းပါလေ။ ငရုတ်သီးနဲ့ကြက်သွန်များ ညှက်သွားရင်တော့ ငါးပေါက်သီးဆံကို ထည့်ပြီးထောင်းပါလေ။ ကဲ ညှက်ရင်တော့ ရပါပြီရှင်။ ပြီးအပေါ်ကနေ ဆီစိမ်းလေး ဆမ်းလိုက်ပါ။ ဒါမျိုးက စားရခဲတယ်နော်။ ကြုံတောင့် ကြုံခဲမို့လို့ မြည့်ကြည့်သွားအုံးနော်။

3 comments:

Anonymous said...

ငါးပေါက်သီးဆိုတာ ဘယ်အဆန်ကိုပြောတာလဲ ပုံထဲကြည့်ရတာတော့ သီဟိုဠ်စေ့နဲ့တူတယ်။
ဘာသီးလဲ ပြောပြပါလား။

မိုးကောင်းသူ said...

ညလေးရေ..... ငါးပေါက်သီးဆံက ငါးပေါက်သီးက ရတာပါ။ ငါးပေါက်သီးကဂေါ်လီလုံးသာသာလောက်ရှိမယ်။ ငါးပေါက်သီးလို့ခေါ်ရတဲ့ အကြောင်းအရင်းကတော့ သူ့အသီးမှာ အပေါက်ငါးပေါက်ပါလို့ထင်တာပဲ။ အစ်မအထင်ကိုပြောတာနော်။ သူ့အပေါက်လေးတွေက ကြီးစဉ်ငယ်လိုက်လေးတွေ။ အစ်မတို့ငယ်ငယ်တုံးကတော့ အဲဒီ ငါးပေါက်သီးကို ဒုတ်နဲ့ထိုးစား၊ ကော်စားတယ်။ မဟုတ်ရင် တံမန်တလင်းပေါ်မှာ ခေါက်ခေါက်ပြီး စားကြတယ်။ နောက်တခါကြုံကြိုက်ခဲ့ရင် ငါးပေါက်သီးကို အစ်မ ဓာတ်ပုံရိုက်ပြီးတင်ပေးပါအုံးမယ်နော်။ သီဟိုဠ်စေ့ အရသာနဲ့လဲတူဘူး။ သူကစားလိုက်ရင် အဆီတွေပါတယ်။ အဆီများတယ်ပြောရမယ်။ အစ်မရှင်းပြမှ ရှုပ်သွားပြီလား ညလေးရေ။

Anonymous said...

မရှုပ်ပါဘူး အစ်မ၊ မှတ်ထားရတာပေါ့။ အဲ့ဒီအဆန်က ဘယ်နယ်က ထွက်တာလဲဟင်?